မိတ်ကပ်မပါပဲလည်း ရှိရင်းစွဲအသက်ထက်ငယ်ရွယ်နုပျိုပုံပေါက်အောင်

အသက်ကြီိးမလာဖို့ကိုရွေးချယ်ခွင့်မရှိပါဘူး။ ဒါပေမယ့် ရုပ်မရင့်လာဖို့ကိုတော့ ကိုယ်တို့တွေရွေးချယ်လို့ရဦးမယ်ထင်ပါတယ်။ ငယ်ချင်တာက လူတော်တော်များများရဲ့ အန္တိမရည်မှန်းချက်ကြီးတစ်ခုပါပဲ။ အပူအပင်ကင်းတဲ့ကလေးလေးဘဝကို တစ်ခါပြန်ပြီးရချင်သေးတယ်ဆိုတဲ့သီချင်းတောင်ရှိသေးမဟုတ်လား။  ကလေးဘဝကိုပြန်မရနိုင်တော့ပေမယ့် ခုဖြစ်နေတဲ့ဘဝမှာ မှန်ကန်စွာနေထိုင်ရင်တော့ တအားကြီးအိုမင်းရင့်ရော်မလာအောင် တားဆီးကောင်းတားဆီိးနိုင်မှာပါ။ အိုမင်းရင့်ရော်ခြင်းကိုတားဆီးတယ်ဆိုတာက သဘာဝလွန်နည်းလမ်းတွေကိုမဆိုလိုပါဘူး။ဆေးတွေထိုး ခွဲစိတ်ပြုပြင်မှုတွေလုပ်နဲ့ ခွဲစိတ်ခန်းထဲကိုအကြိမ်ပေါင်းများစွာဝင်ပြီးမှ ငယ်ရွယ်နုပျိုနေတာကိုမည်သို့မျှပြောချင်စိတ်မရှိပါ။ အဲဒီလိုတွေလုပ်ဖို့ရာမတတ်နိုင်သူတွေဒါမှမဟုတ် သဘာဝနည်းနဲ့ နုပျိုလိုသူတွေအတွက် တစ်ဖက်တစ်လမ်းကအထောက်အကူပြုနိုင်မယ့်အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

အစားအသောက်ဆင်ခြင်ခြင်း

ကိုယ်တွေခန္ဓာကိုယ်ထဲကိုနေ့တဓူဝဝင်နေတဲ့အစားအသောက်တွေက ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်တွေမှာအများကြီးပါဝင်ပက်သက်မှုရှိနေပါတယ်။ အဆီပါတဲ့အစားအစာတွေ ဆေးမဖြစ်ပဲဘေးဖြစ်စေတဲ့အစာတွေစားခြင်းဖြင့် အလွယ်တကူအိုမင်းရင့်ရော်မှုကို လက်ယပ်ခေါ်နေသလိုဖြစ်မှာအမှန်ပါပဲ။ သစ်သီိးသစ်ဖုတွေကဲ့သို့သော အသားအရည်ကိုကြည်လင်တောက်ပစေတဲ့အစားအစာတွေကိုစားမယ်ဆိုရင်တော့ အိုမင်းရင့်ရော်မှုကိုအတိုင်းအတာတစ်ခုအထိထိန်းထားနိုင်ပါလိမ့်မယ်။

 

အားကစားတစ်ခုခုလိုက်စားခြင်း

ဘောလုံးကန်တာ၊ဘတ်တံရိုက်တာ၊ဘော်လီဘောကစားတာ၊အပြေးလေ့ကျင့်တာ၊မြင်းစီးတာ၊စကိတ်စီးတာ စသဖြင့်အားကစားအမျိုးမျိုးထဲမှာ တစ်ခုခုကိုစိတ်ရောကိုယ်ပါလိုက်စားခြင်းဖြင့် ခန္ဓာကိုယ်က အမြဲတစေလှုပ်ရှားလေ့ကျင့်နေရတာကြောင့်အကျင့်ဖြစ်သွားပြီး ကြံ့ခိုင်သန်စွမ်းလာကာ အိုမင်းမှုနှောင့်နှေးစေပါတယ်။

 

တရားထိုင်ခြင်း

စိတ်သာရှင်စောဘုရားဟောဆိုတာကြားဖူးတယ်ဟုတ်။ နေ့စဉ်နေ့တိုင်း မိသားစုအရေး အချစ်ရေး၊စားဝတ်နေရေးတွေနဲ့ ပူလောင်မြိုက်နေရတဲ့စိတ်ကလေးကို တစ်နေ့မှာ ဆယ့်ငါးမိနစ်နာရီိဝက်လောက်တော့ တရားရေအေးတိုက်ကျွေးသင့်ပါတယ်။ တရားထိုင်ခြင်းဟာ ခန္ဓာကိုယ်ထဲက အပူဓာတ်တွေကို ငြှိမ်းသတ်ပေးတာကြောင့် စိတ်ကိုကြည်လင်စေပြီး ရုပ်သွင်ပြင်ကိုပါ နုပျိုလတ်ဆတ်စေပါတယ်။

 

အိပ်ချိန်မှန်အောင်ဂရုစိုက်ပါ

တစ်နေကုန်ပင်ပန်းနေရတဲ့ ဦးနှောက်ကလေးဟာ အိပ်နေတဲ့အချိန်မှာပဲအနားရတာပါ။ ဒါတောင်အပြည့်အဝအနားရတာမဟုတ်သေးပါဘူး။ ဒီတော့ အိပ်ချိန်နည်းပါးခြင်းဟာ ဦးနှောက်ကိုအလုပ်အလွန်အကျွံခိုင်းသလိုဖြစ်တာနဲ့အညီ လူကိုပါ စိတ်ဖိစီိးမှုတွေအလွယ်တကူဖြစ်စေပြီး ရင့်ရော်စေတတ်ပါတယ်။ အိပ်ရေးမဝရင် မျက်နှာမှာ အဖုတွေထွက်တတ်တာတော်တော်များများသတိထားမိကြပါလိမ့်မယ်။ ဒါကငယ်သေးလို့ပါ။ အသက်ကြီးလာရင်တော့ အဖုတွေအစားအရေးအကြောင်းတွေထွက်လာပါလိမ့်မယ်။ ဒါကြောင့်ဘယ်လောက်ပဲအလုပ်များများအိပ်ချိန်မှန်အောင်ဂရုစိုက်ပေးသင့်ပါတယ်။

 

ဘယ်လိုတွေပဲနုပျိုအောင်လုပ်လုပ် သင်ကအသက်ခြောက်ဆယ်ဆိုရင် ဆယ့်ခြောက်နှစ်သမီးအရွယ်ရုပ်မျိုးဘယ်တော့မှထွက်မှာမဟုတ်တာလည်း သတိပြုပါ။ ရောင့်ရဲတင်းတိမ်တတ်ခြင်းဟာလည်း နုပျိုခြင်းရဲ့ အဓိကသော့ချက်ပါပဲ။စိတ်ပျိုတော့ ကိုယ်နုတယ်မဟုတ်လား။

2K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.