ချစ်တိုင်းလည်း မညားဆိုတာကိုလက်ခံနိုင်ဖို့

တစ်ယောက်နဲ့တစ်ယောက်မေတ္တာစစ်နဲ့ချစ်ခဲ့ကြပြီး လက်တွဲနေတဲ့သူတွေဟာ ကိုယ်လက်ရှိလက်တွဲနေတဲ့သူကိုပဲကိုယ့်တစ်ဘ၀လုံး ကိုယ့်တစ်သတ်လုံး လက်တွဲဖော်အနေနဲ့ပိုင်ဆိုင်ချင်ကြတာ မလွဲဧကန်ပါ။ ဒါပင်မဲ့ ကံအကြောင်းမလှပဲအမျိုးမျိုးသော အကြောင်းအရင်းတွေ ရှောင်လွဲလို့မရတဲ့ကိစ္စတွေကြောင့် ချစ်ပင်မဲ့လည်း မညားခဲ့ကြတာမျိုး၊ ညားတိုင်းလည်းမမြဲကြတာမျိုးဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်လူတစ်ယောက်ပေါ်ဘယ်လောက်ပဲချစ်ချစ် ကံအကြောင်းမပါလို့ချစ်တိုင်းမညားဖြစ်ခဲ့ရင်တောင်လက်ခံနိုင်ဖို့ဘယ်လိုကြိုးစားသင့်သလဲဆိုတာ…
(၁) စိတ်ရင်းနဲ့ချစ်ပါ စိတ်နှစ်ပြီးမချစ်ပါနဲ့
တစ်စုံတစ်ယောက်ကိုချစ်တဲ့အခါ စိတ်ရင်းမှန်နဲ့ချစ်လို့ရပါတယ်။ ဒါပင်မဲ့စိတ်ကို သူ့တစ်ယောက်ကိုမှမရရင် မဖြစ်ပါဘူးဆိုတဲ့တစ်ဖက်စောင်းနင်း အချစ်မျိုးနဲ့စိတ်နစ်ပြီး မချစ်ပါနဲ့။တကယ်လို့သူနဲ့မယူဖြစ်ခဲ့သည်ရှိသော် သိပ်ကို စိတ်ပင်ပန်းခံစားရမှာ မလို့စိတ်ရင်းမှန်နဲ့တော့ချစ်ပါ စိတ်ကို တစ်ဖက်စွန်းရောက်တဲ့ထိနှစ်ပြီးတော့မချစ်မိပါစေနဲ့။
(၂) အချစ်နယ်မကျွံပါစေနဲ့
တစ်ချို့ချစ်သူရည်းစားစုံတွဲတွေဟာ တစ်ယောက်ပေါ်တစ်ယောက်ထားတဲ့ အချစ်တွေလွန်ကဲကာ စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်ပဲ လွန်ကြူးတာမျိုး၊ တူတူနေမိတာမျိုးဖြစ်တက်ကြပါတယ်။
ဒီလိုနေတဲ့ အချိန်မှာ ဒီလူဟာ တစ်ချိန်ကိုယ်ပိုင်ဆိုင်ရမဲ့သူပဲဆိုတဲ့အတွေးနဲ့တစ်ယောက်ပေါ်တစ်ယောက် အချစ်နယ်ကျွံခဲ့ကြပေမဲ့ တကယ်လို့တစ်ယောက်နဲ့တစ်ယောက်ကံမပါလို့မယူခဲ့ကြရင် မိန်းကလေးဘက်ကပဲဖြစ်ဖြစ် ယောက်ျားလေးဖြစ်သူဘက်ကပဲဖြစ်ဖြစ် သိက္ခာကျသွားပါပြီ။ ကဲ ကိုယ့်ကိုယ်ပဲချစ်တယ်ကိုယ်နဲ့ပဲယူမယ် မိဘတွေလည်းသိပြီးသားမလို့နေတယ်ဆိုပါစို့၊ မတော်လို့ကောင်လေးဖြစ်သူသေဆုံးသွားခဲ့ရင် နစ်နာပြီးကျန်ရစ်ခဲ့သူမှာမိန်းကလေးပါ။ ဒါကြောင့်ကိုယ်ဘယ်လောက်ချစ်တဲ့သူနဲ့ပဲဖြစ်ဖြစ်လကမထက်ပြီးချိန်အထိ အချစ်နယ်မကျွံပါနဲ့။
(၃) မိတ်ဆွေကောင်းလို့သတ်မှတ်ပါ
ကိုယ်တစ်ချိန်ကသိပ်ချစ်ခဲ့ရသူ တစ်ယောက် ဒါပေမဲ့အခုချိန်မှာ သူလည်းသူ့ အသိုင်းဝိုင်းနဲ့ သူ့မိသားစုနဲ့သူ ကိုယ်လည်းကိုယ့်ဘ၀နဲ့ကို နှစ်ဦးနှစ်ဘက်စလုံးကိုယ်တိုင်ရွေးချယ်ခဲ့တဲ့လမ်းကြောင်းပေါ်လျှောက်နေခဲ့စဉ် မတော်လို့ပြန်တွေ့ခဲ့ရင် နာကျင်စရာ အတိတ်လို့သဘောမထားပဲ ကိုယ့်အပေါ် အချစ်တွေပေးခဲ့သူတစ်ယောက် ကိုယ့်နဲ့ပျော်ရွှင်စရာအချိန်လေးတေါဖန်တီးပေးခဲ့သူတစ်ယောက်အဖြစ် သတ်မှတ်သတိရပြီး ခေါ်ပြော နှုတ်ဆက်နိုင်ပါစေ။
(၄) လက်ရှိလူအပေါ် ပုံချစ်လိုက်ပါ
ချစ်တိုင်းလည်း မညားခဲ့လို့ ချစ်တဲ့သူကို ဆုံးရှုံးခဲ့ရပြီး ကံပါလာတဲ့သူတစ်ယောက်နဲ့ ဘ၀ခရီးကို လျှောက်လှမ်းနေတဲ့အချိန်မှာ လက်ရှိလက်တွဲဖော်ကို စစ်မှန်တွေချစ်ခြင်းတွေသစ္စာတရားတွေ ပုံအောပေးရမယ်ဆိုတာမျိုး မမေ့ပါနဲ့ ။ တစ်စုံတစ်ယောက်ကို တမ်းတလွမ်းဆွတ်နေတာမျိုးဟာ လက်ရှိဘေးနားရှိသူကို ထိခိုက်နစ်နာစေပါတယ်။ ချစ်တိုင်းမညားခဲ့ပင်မဲ့ ညားတဲ့သူကိုချစ်တက်အောင်ကြိုးစားကြည့်ပါ။
(၅) ကိုယ်ရွေးချယ်တဲ့အရာမှန်ကန်ကြောင်းကိုယ့်ကိုယ်ကိုယ်အမြဲဆုံးမပါ
ကိုယ်ဘာလို့ချစ်ရသူကို လက်လွှတ်အဆုံးရှုံးခံခဲ့လဲဆိုတာကို ပြန်ပြန်တွေးပေးပါ။ တစ်ချိန်တုန်းကကိုယ်လက်လွတ်ဆုံးရှုံးခံခဲ့တဲ့ အချစ်တစ်ခုကြောင့်လက်ရှိမှာ လူဘယ်နှစ်ယောက်စိတ်ချမ်းသာနေ
ရလဲ ။ ဘယ်လိုအဆင်ပြေနေကြလဲဆိုတာတွေးရင်းပီတိယူပါ။
ချစ်တဲ့သူတိုင်းပေါင်းရပြီး ပေါင်းရသူတိုင်းချစ်ကြပါစေလို့ဆုတောင်းရင်း…

3K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.