အဓိပ္ပာယ်ကိုယ်စီရှိကြတဲ့ နှင်းဆီပန်းလေးတွေ…

နှင်းဆီပန်းဆိုတာ မိန်းကလေးတိုင်းနှစ်သက်ကြပါတယ်။လှပသလို ဆူးလည်းများတယ်။လှပပေမဲ့ အကာအကွယ်အတားအဆီးတွေများတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့မိန်းကလေးတွေကိုတင်စားခေါ်ဝေါ် လေ့ရှိပါတယ်။အဲ့ဒီလိုနှင်းဆီပန်းရဲ့ အရောင်တွေကလည်းကိုယ်စီအဓိပ္ပာယ်တွေရှိကြပါတယ်တဲ့။ အဲ့ဒါကြောင့် ဗဟုသုတအနေနဲ့ ပြောပြပေးချင်ပါတယ်။

၁။အနီရောင်နှင်းဆီပန်း

အနီရောင်နှင်းဆီပန်းရဲ့ အဓိပ္ပာယ်ကတော့ ချစ်ခြင်းမေတ္တာ၊လှပမှု၊လေးစားမှုပါတဲ့။ဒီနှင်းဆီပန်းနဲ့ သင်ချစ်နေတဲ့မိန်းကလေးကိုချစ်ခွင့်ပန်တဲ့အခါ ၊လက်ဆောင်ပေးချင်တဲ့အခါ ပေးလို့ရပါတယ်။ နှင်းဆီပန်းရဲ့အဓိပ္ပာယ်ကိုလည်းဖွင့်ပြောရင်းပေါ့။

၂။ပန်းရောင်တောက်တောက်နှင်းဆီပန်း

ပန်းရောင်တောက်တောက်နှင်းဆီပန်းရဲ့ အဓိပ္ပာယ်ကတော့ ဂုဏ်ကျက်သရေရှိခြင်း၊ တင့်တယ်ခြင်းဆိုတဲ့အဓိပ္ပာယ်ပါတဲ့။သူငယ်ချင်း၊မိတ်ဆွေတွေကို ဒီလိုအဓိပ္ပာယ်နဲ့လက်ဆောင်ပေးပို့လို့ရပါတယ်။

၃။မက်မန်းရောင်နှင်းဆီပန်း

အနီရောင်လည်းမကျ၊ပန်းရောင်လည်းမကျတဲ့မက်မန်းရောင်နှင်းဆီပန်းကတော့ ရိုးသားပွင့်လင်းဖော်ရွေပြီး နှိမ့်ချတတ်တယ်ဆိုတဲ့အဓိပ္ပာယ်ပါ။

၎။လိမ္မော်ရောင်နှင်းဆီပန်း

လိမ္မော်ရောင်နှင်းဆီပန်းကတော့ အလွန်တရာစွဲမက်ဖွယ်ကောင်းတယ်ဆိုတဲ့အဓိပ္ပာယ်ပါတဲ့။ ကိုယ်သဘောကျရတဲ့မိန်းကလေးက ရူးရူးမူးမူးစွဲလမ်းရလောက်အောင်စိတ်ဝင်စား စွဲမက်ဖွယ်ရာကောင်းနေတဲ့အခါ ဒီလိုပန်းလေးနဲ့ဖော်ပြချီးကျူးလို့ရပါတယ်။

၅။Salmon နှင်းဆီ

လိမ္မော်ရောင်ထက်ပန်းရောင်ပိုကျပြီး မက်မန်းရောင်ထက်ပိုရင့်တဲ့ Salmon နှင်းဆီပန်းကတော့ လိုချင်တပ်မက်တဲ့စိတ်ဆန္ဒရှိပြီး စိတ်လှုပ်ရှားမှုကိုနှိုးဆော်ပေးတယ်ဆိုတဲ့အဓိပ္ပာယ်လို့သိရပါတယ်။

၆။အ၀ါရောင်နှင်းဆီပန်း

ဒီအ၀ါရောင်နှင်းဆီပန်းကတော့ တစ်စုံတစ်ယောက်ကိုလက်ဆောင်ပေးမယ်ဆိုရင် သိပ်တော့အဆင်မပြေဘူးထင်ပါတယ်။ဘာလို့လဲဆိုရင် ဒီအ၀ါရောင်နှင်းဆီပန်း တွေကယုံကြည်မှုမရှိဘူးဆိုတဲ့အဓိပ္ပာယ်သက်ရောက်ပါတယ်တဲ့။

၇။အဖြူရောင်နှင်းဆီပန်း

အဖြူရောင်နှင်းဆီပန်းကရှားလည်းရှားပါးပြီး သူ့ရ့ဲအဓိပ္ပာယ်ကတော့ အချစ်ကိုတစ်ခါမှ မတွေ့ကြုံဖူးသေးတဲ့ နှလုံးသားတစ်ခုဆိုတဲ့အဓိပ္ပာယ်သက်ရောက်ပါတယ်တဲ့။ဖြူစင်သန့်ရှင်းတဲ့ အချစ်လို့ဆိုလိုချင်တာပါ။

၉။နို့နှစ်ရောင်နှင်းဆီပန်း

နို့နှစ်ရောင်နှင်းဆီပန်းကတော့ မြတ်နိုးဖွယ်ရာကောင်းပြီးကြင်နာကူညီတတ်တယ် ဆိုတဲ့အဓိပ္ပာယ်ရှိတယ်လို့သိရပါတယ်။

၁၀။ခရမ်းရောင်နှင်းဆီပန်း

ခရမ်းရောင်နှင်းဆီပန်းရဲ့ အဓိပ္ပာယ်ကတော့ တစ်ခုခုကိုစိတ်ဝင်စားနစ်မျောရင်း မှော်နဲ့ပြုစားခံရတယ် ဆိုတဲ့အဓိပ္ပာယ်ပါပဲ။ဥပမာတောင်တန်းတွေရဲ့အလှမှာစီးမျောနစ်ဝင်သွားတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပါပဲ။

၁၁။ပန်းရောင်ရင့်ရင့်နှင်းဆီ

ပန်းရောင်ရင့်ရင့်နှင်းဆီတွေကတော့ ဂုဏ်ကျက်သရေတင့်တယ်ခြင်းဆိုတာထက် ကျေးဇူးသိတတ်မှု၊လေးစားတန်ဖိုးထားမှုဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်။

 

 

 

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.