နမ်းပုံနမ်းနည်းနဲ့သက်ဆိုင်တဲ့ သူတို့အဓိပ္ပာယ်လေးတွေ…

အနမ်းအမျိုးစားပေါင်း ၁ဝဝကျော်ရှိရာကနေ တစ်ခုချင်းစီမှာ သူတို့အဓိပ္ပာယ်နဲ့ သူတို့ရှိနေတယ်ဆိုတာ သင်သိပါသလား..။ ဒါကြောင့် နှုတ်ခမ်းတွေဟာ လူတစ်ယောက်ရဲ့အကျင့်စရိုက်ကို အများကြီးဖော်ပြနိုင်ပြီး ဒီအပြုအမူတွေဟာ သူတို့ဆက်ဆံရေးနဲ့ ဆက်စပ်နေပြန်တယ်။ အဲ့ဒါတွေအကုန်လုံးကို Sheril Kirshenbaum ရေးထားတဲ့ The Science of Kissing ထဲမှာ ရှင်းပြထားပါ
တယ်။ ဒီမှာတော့ လူအများကြီး ခေတ်စားတဲ့အနမ်းပုံစံတွေနဲ့ သက်ဆိုင်တဲ့ အဓိပ္ပာယ်လေးတွေကိုပဲ ဖော်ပြပေးသွားပါမယ်။

ပြင်သစ် အနမ်း


ဒီအနမ်းပုံစံက စုံတွဲတွေကြားမှာ ရေပန်းအစားဆုံးဖြစ်ပါတယ်။ ချစ်စိတ်ပြင်းပြမှုကို ဖော်ပြတယ်။ ဒီလိုအနမ်းမျိုးက တစ်ယောက်နဲ့တစ်ယောက်ကြား ဆက်နွယ်မှုမှာ ဘာလျှို့ ဝှက်ချက်မှ မရှိဘူးလို့ဖော်ပြနေတယ်။ တစ်ယောက်နဲ့တစ်ယောက်ချစ်လို့မဝနိုင်တဲ့ အနမ်းမျိုးပေါ့။ ကျွမ်းကျင်ပညာရှင်တွေကတော့ ဒီလိုအနမ်းမျိုးက ဘယ်သူမဆို လွယ်လွယ်သင်ယူတတ်မြောင်နိုင်တယ်လို့ ဆိုထားပါတယ်။

မြန်မြန်ဆန်ဆန် အနမ်း


ဒါကလည်း ခုနကပြောပြသွားတဲ့ ပြင်သစ်အနမ်းနဲ့ ပုံစံတူပါတယ်။ လူကြားထဲနမ်းတဲ့အခါ ဒီလိုအနမ်းကို ကျင့်သုံးကြတယ်။ နှုတ်ခမ်းချင်း ထိရုံလောက်ပါပဲ။ ဒီလိုအနမ်းမျိုးဟာ အချိန်အတန်ကြာတွဲလာတဲ့ စုံတွဲတွေမှာတွေ့ရပါတယ်။

ပါးပြင် အနမ်း


အနောက်တိုင်းမှာတော့ ပါးပြင်ကို နမ်းရှုံခြင်းက ပုံမှန်အားဖြင့် ” Hi ” လို့နှုတ်ဆက်တဲ့ သဘောပါပဲ။ လက်ဆွဲနှုတ်ဆက်တဲ့နေရာမှာ အစားထိုးလိုက်တာပေါ့။ ဒီလိုပါးပြင်သို့ နမ်းရှုံ့ ခြင်းက စုံတွဲတွေကြားမှာ အချိန်အနည်းငယ်ကြာတတ်ပါတယ်။ သူဘယ်လောက်ချစ်တယ်ဆိုတာကို ပါးပြင်သို့ နမ်းရှုံခြင်းဖြင့် သင့်ကိုသတိပေးတာပါ။

လေလှိုင်း အနမ်း


ရုပ်ရှင်တွေထဲမှာ ခဏခဏတွေ့ဖူးမှာပေါ့။ ဒီအနမ်းဟာ စိတ်အားပြင်းပြမှုကိုဖော်ပြပြီး အဝေးမှာရှိနေလည်း ချစ်သူကို စုံမက်ခင်တွယ်နေတုန်းပါပဲဆိုတာ ပြတာပါ။ ဒီအနမ်းက တစ်ဖက်သားကို မြူဆွယ်တဲ့နေရာမှာလည်းသုံးပါတယ်။

“Lock” အနမ်း


အရမ်းအလုပ်များတဲ့ စုံတွဲတွေ.. အချိန်ကလည်းမရှိဘူး။ အာဘွားမပေးလို့ကလည်း မနေနိုင်ဘူး။ ဒီတော့ လူချင်းနည်းနည်းခွာပြီး လှမ်းနမ်းရုံသာ နမ်းတယ်။

Angel’s kiss


ချစ်သူက သူ့ကောင်မလေးရဲ့မျက်ခွံနားကို နမ်းရှုံခြင်းက သူဘယ်လောက် ဂရုစိုက်ကြောင်းပြသနေတာပါ။ စိတ်ခံစားချက်တွေကို မဖုံးကွယ်ဘဲ ဖော်ပြနေတာပါ။ တစ်ယောက်အပေါ် တစ်ယောက်လည်း ယုံကြည်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။

The nose kiss


နှာခေါင်းကို နမ်းခြင်း (သို့) ဖွဖွလေး ကိုက်ခြင်းသည် ချစ်သူရဲ့အာရုံကို ပြုံးပြုံးလေးနဲ့ ဆွဲဆောင်ခြင်းဖြစ်ပါတယ်။ ပြီးတော့ ဒီနည်းက စကားလုံးတွေမသုံးပဲတောင်းပန်နည်းတစ်မျိုးပါပဲ။ နာကျင်စေမိခဲ့တဲ့ ခံစားချက်တွေအားလုံးကိုပြေပျောက်စေတယ်။

နဖူးသို့ နမ်းခြင်း


ဒါကို “Mother’s kiss” လို့လည်း ခေါ်ကြတယ်။ ဂရုစိုက်၊ ကြင်နာ၊ ချစ်စိတ်ပြင်းပြမှုကိုဖော်ပြနေပါတယ်။

1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.