ကိုယ်တိုင်တောင်မသိတဲ့ အထက်စီးဆန်မှုပြဿနာ…

အထက်စီးဆန်တယ်ဆိုတာ ပိုက်ဆံရှိတဲ့လူတွေမှာပဲ ဖြစ်တတ်တာမဟုတ်ဘူး။ သာမာန်အခြေအနေသာရှိတဲ့ လူတစ်ယောက်မှာလည်း ဖြစ်တတ်ပါတယ်။ လူတစ်ယောက်မှာ တစ်ခုခု မက်မောလောက်စရာ ပိုင်ဆိုင်ထားပြီဆိုရင် ဖြစ်တတ်တဲ့ သဘောတွေပေါ့။ မွေးတည်းက ရွှေဇွန်းကိုက်ပြီး မွေးလာသူတွေအနေနဲ့ အထက်စီးဆန်၊ မာနကြီးတာ လက်ခံလို့ရတယ်။ တစ်ချို့ ကြတော့ အောက်ခြေမှ ဘဝစခဲ့ရတော့ သေအောင်ရုန်းကန်ရတယ်။ ကြီးပွားလာတယ်..ဒါပေမယ့် ကိုယ်ဘယ်အခြေအနေကစခဲ့တယ်ဆိုတာကို မေ့ပစ်လို့မဖြစ်ဘူး။ ဘဝမေ့တဲ့သူက အကြပ်တည်းဖြစ်နေသူတစ်ယောက်ကို ဘယ်လိုမှ ကိုယ်ချင်းစာပေးနိုင်မှာမဟုတ်ဘူး။

 

လူတစ်ယောက်ရဲ့အပြုမူ၊ အကျင့်စရိုက်တွေက ဖြတ်သန်းရတဲ့ ပတ်ဝန်းကျင်နဲ့လည်းဆိုင်တယ်ဆိုပေမယ့် မွေးတည်းကပါလာတဲ့ ဗီဇဆိုတာရှိပါသေးတယ်။ ပတ်ဝန်းကျင် ဘယ်လောက်ကောင်းကောင်း ဗီဇရှိနေရင် ပြင်ရခက်တယ်။ တစ်ချို့ က စိတ်ထားကောင်းသလိနဲ့ ယှဉ်ပြိုင်နေချင်တဲ့အကျင့်က ပြဿနာပါ။

ဥပမာ သူငယ်ချင်းတစ်ယောက်က သူကြိုက်တဲ့ အဆိုတော်တစ်ယောက် အကြောင်းကိုပြောမယ်။ သူကြိုက်တဲ့အဆိုတော်က သင့်အကြိုက်မဟုတ်တဲ့အခါ ” ဟင်း.. ဘာတွေများထူးခြားနေလို့လဲ ချောလည်းမချောပဲနဲ့” စိတ်ထဲရှိတဲ့အတိုင်း ပွင့်ပွင့်လင်းလင်းပြောလိုက်တယ်။ အဲ့သူငယ်ချင်းက တောကြိုက်..၊ ငါ့လောက်တောင် ခေတ်မမှီဘူးလို့ တွေးကောင်းတွေးမိလိမ့်မယ်။ လူတွေမှာ တစ်ယောက်နဲ့တစ်ယောက်အကြိုက်ချင်း ဘယ်တူပါ့မလဲ !! (အကြိုက်ချင်းမတူတာတောင် စနိုက်ကျော်တွေ၊ ခြံခုန်ဇာတ်တွေက များနေတာ..အကြိုက်ချင်းသာ တူလိုက်ရင်တော့ ပွဲကောင်းလိုက်မယ့်ဖြစ်ခြင်း :3 ) ပြောပြတာပါ။ ဒါကြောင့် ကိုယ့်စိတ်နဲ့ သူများကိုလိုက်ယှဉ်လို့မရဘူး။

နောက်တစ်ခုကတော့ စကားပြောတဲ့နေရာမှာ အထက်စီးဆန်နေခြင်းဖြစ်ပါတယ်။” ငါကဘယ်လို ဘာဖြစ်တယ်.. ၊ သူ့အခြေအနေနဲ့ ငါ့ကို… ၊ စိတ်ပျက်တယ်.. အဲ့လိုဟာတွေနဲ့ ပတ်သတ်ရတာ.. ” blah blah blah … ပြောမှန်းမသိ ပြောမိနေတဲ့ အဓိကအမှားတွေပေါ့။ အရာရာမှာ ကိုယ်မှန်တယ်လို့ပဲထင်နေမိတယ်။ သင်ဟာ ကိစ္စရပ်တိုင်းမှာ မှန်မနေနိုင်ပါဘူး။ သင်မှားဖူးသလို သူများတွေလည်း
မှားဖူးတယ်။ ” သူတို့ ငါ့လောက်ဘာသိနိုင်မှာလဲ… ငါ့လောက်တောင် နားလည်လို့လား.. ” ဒီလိုတွေ မတွေးပါနဲ့.. သူတို့မသိရင်၊ နားမလည်ရင် သိသွားအောင်ပြောပြလိုက်ပါ.. ကုသိုလ်ရပါတယ်။ နေရာတကာမှာ.. ” ငါ ” စွဲများလွန်းရင် မကောင်းဘူး။

နောက်ဆုံး အချက်ကတော့ မျက်လုံးပါ။ စိတ်ထဲမှာ ဘယ်လောက်ဖြစ်နေတယ်ဆိုတာ မျက်နှာမှာအကုန်ပေါ်တယ်။ မျက်နှာရဲ့အဓိကပွိုင့်က မျက်လုံးပဲ ။ တစ်ယောက်နဲ့ တစ်ယောက်စကားပြောတဲ့အခါလည်း မျက်လုံးပဲကြည့်ပြောရတာဆိုတော့ သင့်မျက်လုံးအမူရာတွေက လူတစ်ယောက်အပေါ် ခက်ထန်သွားရင် ပေါင်းသင်းဆက်ဆံရေးမှာ သိပ်အဆင်ပြေမှာမဟုတ်ဘူး။ အထီးမကျန်ချင်ဘူးဆိုရင် ဒီအပြုမူတွေကို ပြင်ပါ။ သင်ဟာ ပညာတတ်၊ ပိုက်ဆံရှိ ၊ ဂုဏ်သရေရှိ မိသားစုက လာတယ်ပဲဖြစ်စေဦးတော့.. လူလူချင်း ခွဲခြားဆက်ဆံစရာမလိုပါဘူး။လူတိုင်းမှာ တလေးတစား ဆက်ဆံခံခွင့်ရှိပြီးသားပါ။ 🙂

729 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.