ညအိပ်ရာဝင်ခါနီးဒီအချက်တွေကိုလုပ်ပေးရုံနဲ့ အရွယ်တင်နုပျိုစေနိုင်

မျက်နှာမှာအရေးအကြောင်းတွေ အရွယ်မတိုင်ခင်ဖြစ်လာမှာကို မိန်းကလေးတိုင်းလိုလို ကြောက်ကြပါတယ်။နေ့တိုင်းမိတ်ကပ်ပစ္စည်းတွေသုံးစွဲနေတဲ့အတွက် မျက်နှာမှာ အရေးအကြောင်း တွေဖြစ်လာဖို့က မိတ်ကပ်ပစ္စည်းမသုံးစွဲတဲ့သူထက် ရာခိုင်နှုန်းပိုများပါတယ်။ဒါဆို အရွယ်မတိုင်ခင်အရေးအကြောင်းတွေမဖြစ်အောင် ကာကွယ်နိုင်မယ့်နည်းလမ်းမရှိဘူးလားလို့ တွေးမိပါလိမ့်မယ်။

အရွယ်မတိုင်ခင်အရေးအကြောင်းတွေဖြစ်ပေါ်တာကိုကာကွယ်နိုင်မယ့်နည်းလမ်းတွေ ရှိပါတယ်။အသက်အရွယ်အရ အရေးအကြောင်းကတော့ တဖြည်းဖြည်းဖြစ်လာမှာပါပဲ။ ဒါကိုရှောင်လွှဲလို့မရပါဘူး။ဒါပေမဲ့ ညအိပ်ရာဝင်ခါနီးဒီလိုအချက်တွေကိုပုံမှန်လုပ်ပေးမယ် ဆိုရင်တော့ စောစောစီးစီးမျက်နှာအရေးအကြောင်းတွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါလိမ့်မယ်။

၁။နူးညံ့စွာအိပ်စက်ပါ

ဒါကတော့ ရိုးရိုးအိပ်ရာခင်းတွေထက် ပိုးသားနဲ့လုပ်ထားတဲ့အိပ်ရာခင်း၊ပိုးသားခေါင်းအုံးစွပ်တွေကို သုံးခိုင်းတာပါ။နူးညံ့တဲ့ပိုးသားက ရိုးရိုးအိပ်ရာခင်း၊ခေါင်းအုံးစွပ်တွေသုံးတာထက်ပိုပြီး အရေးအကြောင်းဖြစ်နိုင်စွမ်းနည်းပါးပါတယ်။ချည်သား၊ပိတ်သားတွေထက် ပိုးသားကသက်တောင့် သက်သာလည်းရှိပြီး မျက်နှာမှာအရေးအကြောင်းတွေမဖြစ်စေပါဘူး။ အိပ်ပျော်တဲ့အခါမှာမျက်နှာကို ဟိုလှည့်ဒီလှည့်လုပ်ရင်းခေါင်းအုံးစွပ်နဲ့ထိမိပွတ်မိတတ်ပါတယ်။ပိုးသားခေါင်းအုံးစွပ်ကတော့သင့်မျက်နှာထိမိပွတ်မိလည်းချောမွတ်စေလို့ အရေးအကြောင်းကိုကာကွယ်ပေးနိုင်ပါတယ်။

၂။ဗီတာမင်သောက်ပါ

ဗီတာမင်ဓာတ်က ကျန်းမာရေးအတွက်ကောင်းမွန်တယ်ဆိုတာ အားလုံးသိပြီးသားပါ။ ဒါပေမဲ့ဗီတာမင်တွေက အရွယ်တင်နုပျိုစေတယ်ဆိုတာကိုတော့သတိထားမိချင်မှထားမိပါလိမ့်မယ်။ ဗီတာမင်ဘီ၊ဗီတာမင်စီတွေက ခန္ဓာကိုယ်အတွက်လိုအပ်တဲ့လုပ်ဆောင်မှုတွေကို ကူညီအားဖြည့်ပေးနေတဲ့အရာတွေပါ။ ညအိပ်ရာဝင်ခါနီးသောက်သုံးပေးမယ်ဆိုရင် ခန္ဓာကိုယ်တွင်းဇီဝဖြစ်စဉ်ကိုလည်းတိုးတက်ကောင်းမွန်စေပြီးစိတ်ဖိစီးမှုကိုလျှော့ချပေးနိုင်ပါတယ်။ဇီဝဖြစ်စဉ်တိုးတက်ကောင်းမွန်လာလေ ကိုယ်အလေးချိန်ကိုလည်းထိန်းပြီးသားဖြစ်သွားစေပါတယ်။ ညပုံမှန်ဗီတာမင်ဘီ၊ဗီတာမင်စီသောက်သေးပေးတာက ပျက်စီးနေတဲ့အသားအရည်ကို လည်းပြန်လည်ပြုပြင်ပေးပြီး ငယ်ရွယ်နုပျိုတဲ့အသားအရည်ကိုပိုင်ဆိုင်စေပါတယ်။

၃။ရေချိုးပါ

တစ်နေကုန်အလုပ်ကပင်ပန်းလို့နားချင်တဲ့အချိန်မှာရေအေးအေးလေးချိုးလိုက်ရရင် လန်းဆန်းတက်ကြွသွားစေပါတယ်။ရေချိုးတာက ကြွက်သားတွေကိုအနားပေးရာရောက်သလို စိတ်ကိုလည်းကြည်လင်စေပါတယ်။စိတ်ဖိစီးမှုကိုတောင်လျှော့ချပေးနိုင်ပါတယ်။အိပ်ရာမ၀င်ခင်မှာ မိတ်ကပ်တွေသေချာသန့်စင်ပြီး ရေချိုးပေးမယ်ဆိုရင် ညဘက်လည်းကောင်းကောင်း အိပ်ပျော်စေပါတယ်တဲ့။ မနက်ခင်းမှာပါပေါ့ပါးလန်းဆန်းစွာနိုးထချင်တယ်ဆိုရင် အိပ်ရာမ၀င်ခင် မှာရေခပ်နွေးနွေးလေးနဲ့ချိုးပေးပါတဲ့။အဲ့ဒါဆိုရင်မနက်မှာပိုမိုလန်းဆန်းစွာနိုးလာပြီး အရွယ်တင်နုပျိုစေပါတယ်။

၎။ပက်လက်လှန်အိပ်ပါ

အရေးအကြောင်းဖြစ်တာကိုအကောင်းဆုံးကာကွယ်နိုင်တဲ့နည်းလမ်းကတော့ ပက်လက်လှန်အိပ်တာပါ။ရိုးရှင်းပေမဲ့ ထိရောက်ပါတယ်။နောက်ကျောပေးပြီးအိပ်တာက မျက်နှာအရေပြားကို ပုံမှန်အတိုင်းထိန်းသိမ်းထားပြီးအရေးအကြောင်းတွေ ၊အတွန့်တွေမဖြစ်စေဘူးလို့သိရပါတယ်။ ဘေးကိုစောင်းအိပ်မယ်ဆိုရင် အသားအရည်ကို ပိုမိုပျက်စီးစေပြီး အရေးအကြောင်းတွေပိုဖြစ်စေတယ်လို့ကျွမ်းကျင်သူတွေရဲ့ လေ့လာချက်အရသိရပါတယ်။

၅။မီးပိတ်ပြီးအိပ်ပါ

ညအိပ်ရာမ၀င်ခင်မှာ မီးပိတ်ဖို့မမေ့ပါနဲ့။မီးပိတ်ပြီးအမှောင်ထဲမှာအိပ်တာက စိတ်ပျံ့လွင့်တာတွေ မဖြစ်အောင်ကူညီပေးနိုင်ပြီးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါတယ်။မျက်လုံးမှာတစ်ခုခုဖုံးကာပြီးအိပ်တာကလည်း နှစ်ခြိုက်စွာအိပ်ပျော်စေနိုင်ပြီး နူးညံ့တဲ့အိပ်ရာခင်း၊ခေါင်းအုံးစွပ်တွေနဲ့ အိပ်စက်မယ်ဆိုရင် မျက်လုံးအရေးအကြောင်းတွေဖြစ်တာကိုလည်း ကာကွယ်ပေးနိုင်ပြီး အသားအရည်ပျက်စီးတာကိုကာကွယ်ပေးနိုင်ပါတယ်။

ညအိပ်ရာဝင်ခါနီးဒီလိုအချက်လေးတွေသတိထားပြီးလုပ်ပေးမယ်ဆိုရင် မိတ်ကပ်ကြောင့် အသားအရည်ပျက်စီးတာတွေကို ကာကွယ်ပေးနိုင်ပြီးအရွယ်တင်နုပျိုစေပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.