စိတ်ဓာတ်ကျနေတဲ့မိဘတွေကို မပြုမူသင့်သောအရာများ

မိသားစုတစ်စုမှာ တစ်ခု မကသောပြဿနာပေါင်းသောင်းခြောက်ထောင်ရှိစမြဲ့ပါ။ လူတိုင်းဟာ ကိုယ့်မှာမိသားစု အပူတစ်ခုရှိတဲ့ အခါကိုယ့်လောက်ပင်ပန်းတာကိုယ်ပဲရှိတယ်လို့တွေးတက်ကြပါတယ်။ တကယ်တော့မိသားစုတိုင်း လူတိုင်းမှာသူ့ပြဿနာ သူ့အခက်ခဲနဲ့ရှိနေတက်ကြပါတယ်။ ဒီလိုပြဿနာတွေကြောင့်ကိုယ့်အိမ်ကမိသားစု (သို့) ကိုယ့်မိဘနှစ်ပါးစိတ်ဓာတ်ကျတဲ့အခါ စိတ်ဆင်းရဲနေရတဲ့အခါ ကိုယ့်ဘက်က ဘယ်လိုစကားတွေကို ရှောင်ရှားသင့်ပြီး မိဘတွေရဲ့စိတ်ကို ပြန်လည်တက်ကြွလာအောင်ဘယ်လိုကြိုးစားပေးကြမလဲ…
(၁) စိတ်ညစ်လိုက်တာ ဆိုတဲ့စကားကို မပြောမိပါစေနဲ့
စိတ်ဓာတ်ကျနေတဲ့ ကိုယ့်မိဘနှစ်ပါးရှေ့မှာ လက်ရှိဖြစ်ပျက်နေတဲ့ပြဿနာတွေအတွက်စိတ်ညစ်ကြောင်း အကြိမ်ကြိမ် ပြောဆိုခြင်းမပြုပါနဲ့။ မိဘဆိုတာသားသမီး မျက်နှာကို အမြဲလိုလို ဖတ်နေတဲ့သူတွေပါ။ ကိုယ့်ရဲ့စိတ်ဆင်းရဲတယ်ဆိုတဲ့စကားကြောင့်ကိုယ့်မိဘတွေဟာ သူတို့ရဲ့ရှုံး နိမ့်မှုအပေါ် အပြစ်တင်နေတက်ကြပြီး ပိုပြီး အားယုတ်စေတက်ပါတယ်။ ဒါကြောင့် ကိုယ့်စိတ်ထဲမှာညစ်နေတယ်ဆိုရင်တောင် စိတ်ညစ်တယ်ဆိုတဲ့စကားကို စိတ်၊ဓာတ်ကျနေတဲ့မိဘနှစ်ပါးရှေ့မယ် မပြောမိပါစေနဲ့။
(၂) မဝေဖန်ပါနဲ့
မိဘတွေပြဿနာကြုံလာတဲ့အခါ ဝေဖန်တာမျိုး သူတို့အပေါ်အပြစ်တင်တာမျိုး မပြောမိပါစေနဲ့။ သူတို့အမှားကို တစ်ခြားသူတွေ ဝေဖန်ရှုံ့ချတဲ့အခါ ခံနိုင်ရည်ရှိပေမဲ့ ကိုယ်ချစ်ရတဲ့သားသမီးတွေဆီက အပြစ်စကားတွေကြားတဲ့အခါ ဝေဖန်မှုတွေခံရတဲ့အခါ ပိုပြီး စိတ်ဓာတ်ကြတက်ကြပါတယ်။ ဒါကြောင့် သူတို့ရဲ့ပြဿနာကို နှစ်သိမ့်ပေးပြီး မဝေဖန်မိအောင်သတိထားပါ။
(၃) မနှိုင်းယှဉ်ပါနဲ့
ကိုယ့်မိဘတွေရှေ့မှာ တစ်ခြား ပျော်ရွှင်နေရတဲ့မိသားစု အကြောင်းကို နှိုင်းယှဉ်မပြောမိပါစေနဲ့ ။ မိဘဆိုတာသားသမီးကို အကောင်းဆုံး တွေသာပေးချင်သူတွေပါ။ ဒါကြောင့် ကိုယ့်ရဲ့စိတ်ဓာတ်ကျနေတဲ့မိဘရှေ့မှာ တစ်ခြားသူငယ်ချင်းအိမ်က ဘယ်လို ဘယ်ဝါဆိုပြီး ပြောဆိုတာမျိုး မလုပ်မိပါစေနဲ့။
(၄) မငိုကြွေးပါနဲ့
လုံးဝမငိုကြွေးပါနဲ့။ သားသမီးမျက်ရည်ဟာ မိဘဖြစ်သူအတွက်တော့ မြင်ရတာနဲ့တင်ပူလောင်လွန်းပါတယ်။ ဒါကြောင့်မိဘတွေစိတ်ဓာတ်ကျတဲ့အခါ ကိုယ်ကမားမားမတ်မတ် ရပ်တည်ပြီး ကာကွယ်ဖြေရှင်းဖို့ပဲစိတ်ထဲထားပါ။ ငိုကြွေးငြီးတွားပြီး စိတ်ပျက်လက်ပျက်ပုံစံမျိုးကို မပြမိပါစေနဲ့။
(၅) တွန်းအားမပေးပါနဲ့
မိဘတွေဖြစ်တေဲ့ပြဿနာကို သိထားပြီးတဲ့အချိန်ကစပြီးသူတို့ကို ဖြေရှင်းဖို့အချိန်ပေးပါ။ မြန်မြန်ဖြေရှင်းတော့လေ ၊ နည်းလမ်းမတွေ့သေးဘူးလားဆိုတာမျိုးတွေ အမြဲမေးရင်း စိတ်ကို ဖိအားပေးစေတဲ့ အရာမျိုးတွေ ကို ထပ်ခါထပ်ခါမပြောပါနဲ့။ သားသမီးတွေဆီက တွန်းအားအရမ်ပေးတဲ့အခါစိတ်ရှုပ်ပြီး ကိုယ်တိုင် ဘာလုပ်ရမှန်းမသိပဲတွေဝေပြီးစိတ်တွေပို ရှုပ်တက်ကြပါတယ်။
စိတ်ဓာတ်ကျနေတဲ့မိဘတွေကို မပြောသင့်တဲ့စကားတွေသတိထားရှောင်ရင်း စိတ်ဓာတ်တွေတက်ကြွပြီး ပိုမိုကျန်းမာတဲ့မိဘနှစ်ပါးဖြစ်အောင်စောင့်ရှောက်ပေးနိုင်ကြပါစေလို့ဆုတောင်းရင်း…

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.