မိန်းကလေးအများစုဟာ ရော့ခ်ဆန်တဲ့ဖက်ရှင်မျိုး၊ ပန့်ခ်ဆန်တဲ့ဖက်ရှင်မျိုးဆိုရင် Avril Lavigne ရဲ့ ဒီဇိုင်းမျိုးကိုပဲ ပြေးမြင်ယောင်တတ်ကြပါတယ်။ တကယ်တော့ ရော့ခ်ဘက်ရောက်တဲ့ ဖက်ရှင်မျိုးကို ဖန်တီးအတွက် မျက်လုံးအမည်းတွေဆိုး၊ Boot ဖိနပ်တွေစီး၊ All Star Converse တွေ စီး၊ အမည်းတွေ အပေါ် အောက်ဝတ်ထားဖို့ချည်း လိုအပ်တာ မဟုတ်ပါဘူး။ ခုပြောင်းလဲလာတဲ့ ဖက်ရှင်ဒီဇိုင်းတွေကို အမှီသဟဲပြုပြီး ကိုယ့်မှာရှိနေတဲ့ ရော့ခ်ဆန်ဆန်ဒီဇိုင်းတွေကို ဘယ်လိုပေါင်းစပ်ဖော်ထုတ်ပြမလဲဆိုတာကသာ အရေးကြီး တာပါ။ ကဲ ဘယ်လို ဖက်ရှင်ဒီဇိုင်းမျိုးလေးတွေက ကိုယ့်ကိုချစ်စရာလည်းကောင်း ရော့ခ်ဆန်ပြီး အထာကျစေမလဲ ခုကြည့်လိုက်ကြရအောင်။
၁။ ရော့ခ်ဆန်တာဆိုလို့ AC/DC တီရှပ်လေးတစ်ထည်ပဲရှိလား။ ဒါလည်း အိုကေတာပဲ။ စကတ်အတိုလေးနဲ့ တွဲဖက်ဝတ်လိုက်ပြီး အပေါ်က ဂျင်းဂျက်ကတ် ဒါမှမဟုတ် ပုံမှာပြထားသလို ကုတ်အကျီလေးတစ်ထည် ထပ်ဝတ်လိုက်တာနဲ့ အလုပ်ဖြစ်ပြီလို့သာ မှတ်လိုက်တော့။
၂။ Rolling Stone တီရှပ်ဒီဇိုင်းတွေက ကြာနေပြီဆိုပေမယ့် ခုလို ဖိနပ်က အရောင်နဲ့ စတစ်ကာ အရောင် ပြန်လိုက်အောင် တွဲဝတ်လိုက်တော့ တကယ့်အမိုက်စားပါပဲ။
၃။နံပါတ်ကြီးကြီးပါတဲ့ တီရှပ်တွေကလည်း သင့်ကို လူတိုင်းငေးကြည့်စေဖို့ အထောက်အကူ ပြုနိုင်တယ်ဆိုတာ မမေ့ပါနဲ့။
၎။ရင်ဘတ်မှာ စတစ်ကာ အမိုက်စားပါတဲ့ တီရှပ် အနက်ရောင်တစ်ထည်ကို စကတ်တိုလေးနဲ့ တွဲဝတ်ပြီး မိန်းမဆန်တဲ့ Boot ဒီဇိုင်းအသစ်တွေနဲ့ တွဲစီးပါ။ ဒီ့ထက်မိုက်ချင်ရင်တော့ rivet တွေတပ်ထားတဲ့ ဂျက်ကတ်တစ်ထည်သာ အမြန်ဆုံးရှာလိုက်ပါတော့။
၅။ ပန့်ခ်ဖက်ရှင်တွေပဲ ၀တ်ချင်နေပါတယ်ဆိုတဲ့ ပျိုမေတွေအတွက် Ramones တီရှပ်ကို လက်ပြတ်မရရင် ခုလို လက်ကို ဖြတ်လိုက်ပြီး ရှပ်အကျီအကွက်လက်ရှည်နဲ့ တွဲဝတ်ကြည့်လိုက်ပါ။ နေ့ခင်းဘက်ရောက်လာလို့ ပူလာတဲ့အချိန် ခုလို ခါးမှာစည်းလိုက်တာကလည်း စတိုင်တစ်ခုဆိုတာ မမေ့ပါနဲ့။
ကဲ ဒီပုံလေးတွေကြည့်ပြီး ကိုယ့်ဆီမှာရှိတဲ့ တီရှပ်အမိုက်စားလေးတွေနဲ့ အမိုက်စား ဖက်ရှင်ရအောင် ဖန်တီးကြည့်လိုက်ပါလို့။