“Twilight ” ဇာတ်ကားထဲကမင်္ဂလာပွဲပုံစံအတိုင်း မင်္ဂလာဆောင်ခဲ့ကြတဲ့ Taeyang နဲ့ Min Hyo Rin

Big Bang အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Taeyang နဲ့မင်းသမီးအဆိုတော် Min Hyo Rin တို့ဟာ ဖေဖော်ဝါရီ ၃ရက်နေ့က Gyeonggi  ပြည်နယ်၊Paradise City Hotelမှာ မင်္ဂလာပွဲကျင်းပခဲ့ကြပါတယ်။

မင်္ဂလာပွဲကို အဖွဲ့ဝင်သူငယ်ချင်းတွေဖြစ်ကြတဲ့ G-Dragon ၊ T.O.P ၊Kang Daesung ၊ Seungri ၊ 2NE1 အဖွဲ့ဝင်တွေဖြစ်တဲ့ CL နဲ့Sandara Park ၊Psy ၊Blackpink အဖွဲ့ဝင်တွေဖြစ်တဲ့ Ji Soo ၊ Rose ၊Lisa နဲ့ Jennie ၊မင်းသမီး Eugene ၊ Epik High အဖွဲ့ဝင် Mithra ၊Tablo ၊Winner အဖွဲ့ဝင် Mino ၊Seunghoon ၊Lee Hi နဲ့ တခြားနာမည်ကျော် အနုပညာရှင်များစွာကတက်ရောက်ခဲ့တယ်လို့သိရပါတယ်။CL နဲ့ Seungri တို့ ကလည်း သူတို့စုံတွဲနဲ့ဧည့်သည်တွေအတွက် ဂုဏ်ပြုသီချင်းတွေဖျော်ဖြေသီဆိုပေးခဲ့ကြပါတယ်။

ထူးခြားတဲ့မင်္ဂလာပွဲအပြင်အဆင်ကတော့ ၂၀၁၁ကထွက်ရှိခဲ့တဲ့ “Twilight Saga: Breaking Dawn” ဇာတ်ကားထဲကBella Swan နဲ့ Edward Cullenတို့မင်္ဂလာဆောင်ခဲ့တဲ့ပုံစံအတိုင်း ပြင်ဆင်ထားတာပဲဖြစ်ပါတယ်။Big Bangရဲ့  YGအင်တာတိန်းမန့်ကမင်္ဂလာပွဲပုံရိပ်တွေနဲ့ ဗီဒီယိုတွေကို အင်စတာဂရမ်မှာပြန်ပြီးရှယ်ထားခဲ့တာကိုမြင်တွေ့ရပါတယ်။ ပရိသတ်တွေလည်းမြင်တွေ့ရအောင် သူတို့ရဲ့ မင်္ဂလာပွဲပုံရိပ်လေးတွေပြန်ပြီးမျှဝေလိုက်ပါတယ်။

462 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.