Madison Square Garden တွင်ကျင်းပခဲ့တဲ့ ပြီးခဲ့သော Grammys ဆုပေးပွဲမှာ အမိုက်စားတင်ဆက်မှုတွေနဲ့ ဖျော်ဖြေသွားတဲ့ Rihanna တစ်ယောက် DJ Khaled ၊ Bryson Tiller တို့နဲ့အတူ ပရိသတ်တွေရဲ့အသည်းနှလုံးကို ဖမ်းစားသွားနိုင်ပြန်ပြီ။
သူမရဲ့ဖျော်ဖြေမှုဟာ အရမ်းကိုထင်ရှားပြီး ပရိသတ်တွေရဲ့အာရုံကိုဆွဲဆောင်နိုင်ခဲ့တာလည်း နောက်တစ်ချက်ရှိနေပါတယ်။ Rihanna ရဲ့ဝတ်စားဆင်ယင်ပုံနဲ့ ကင်မရာရိုက်ချက်တွေကြောင့် တစ်ခုသတိထားမိစရာပေါ်လာတယ်။ Rihanna ဟာ အရင်လိုမဟုတ်တော့ပဲ ပြည့်လည်းပြည့်လာသလို ပရိသတ်တစ်ယောက်က ” Rihanna ကိုယ်ဝန်ရှိနေတ ကျိန်းသေတယ် ” လို့ တွစ်တာမှာ တင်ထားခဲ့တယ်။
အဲ့ဒီကနေစပြီးတော့ လူတွေတစ်ယောက်ချင်း သတိထားကြည့်မိရာကနေ ပြောင်းလဲသွားတဲ့ Rihanna ကိုယ်ဝန်ရနေပြီလားဆိုတာကို အတိလင်းသိချင်နေကြပါတယ်။ ဒါပေမယ် သူတို့ဆီမှာလည်း မဟုတ်မခံ ဇက်ဇက်ကြဲ Rihanna အမာခံပရိသတ်တွေက သေချာမသိပဲနဲ့ လျှောက်မပြောနဲ့ .. သက်သေရှိလားဆိုပြီး ရန်တွေ့ကြတာတွေလည်း တစ်ပုံကြီးပါပဲ။ သူမမှာ ကိုယ်ဝန်ရှိ ၊ မရှိ အနုပညာကိုပဲ အားပေးလို့မရဘူးလားလို့ ပြန်ပြောကြတယ်။
ဖျော်ဖြေပွဲအစမှာတော့ သူမကို အကသမားတွေနဲ့ အလည်မှုာ သိပ်မမြင်အောင်ကာကွယ်ထားပေမယ့် ကင်မရာသမားတွေကလည်း သူမကိုဓာတ်ပုံကို သေချာကိုလိုက်ရိုက်တတ်ကြတယ်။ Rihanna နဲ့ပတ်သတ်ပြီး ဒီလိုကောလဟာလတွေထွက်တာ ပထမဆုံးအကြိမ်မဟုတ်တော့ပါဘူး။ ပြီးခဲ့တဲ့နှစ် မေလလောက်ကလည်း ဖောင်းပွနေတဲ့ဝတ်စုံကိုဝတ်ထားလို့ ကိုယ်ဝန်ရှိနေပြီလားဆိုပြီးတော့လည်း မေးခွန်းထုတ်ကြသေးတယ်။
Rihanna ဟာ အောင်မြင်တဲ့အဆိုတော်တစ်ယောက်ဖြစ်တာကြောင့် သူမအနေနဲ့ ပရိသတ်တွေရဲ့ အမြင်မှာ အမြဲလှနေအောင်နေဖို့ အာရုံမစိုက်နိုင်တော့ဘဲသူမချစ်တဲ့အရာတွေပေါ်မှာပဲ အချိန်ပေးတော့မယ်ထင်ပါရဲ့လို့ တစ်ချို့ ကလည်းဆိုကြပြန်တယ်။ Hollywood Lifeမှာ ဒီသတင်းကို Chris Brownကကြားတော့ စိတ်မကောင်းလည်းဖြစ်၊ ဒေါသလည်းထွက်ခဲ့ရတယ်တဲ့။ Rihanna ကို
Grammys ပွဲမှာ ကိုယ်ဝန်ကြီးနဲ့ သီချင်းလာဆိုတော့လို့လည်းကြားရော သူအသည်းတွေကွဲနေတယ်လို့သိရတယ်။ RiRi ကို သူအခုထိလွမ်းနေတုန်းပါတဲ့လေ။