သူမ သင့်ကိုချစ်နေလားဆိုတာသိဖို့ ဒီအချက်လေးတွေစမ်းကြည့်ရအောင်

မိန်းကလေးတွေက နားလည်ရခက်တယ်ဟုတ်!သူတို့မှာ အတွေးတွေအများကြီးလည်းရှိသလို တစ်ခါတစ်လေ အကြောင်းပြချက်မရှိပဲစိတ်ဆိုးချင်စိတ်ဆိုးနေတတ်ပါတယ်။ ဒီလိုနားလည်ရခက်တဲ့ မိန်းကလေးတွေဆိုပေမဲ့ သူတို့သင့်ကို သဘောကျနှစ်သက်နေတယ်ဆိုတာ ဒီလိုအချက်လေးတွေကနေ တစ်ဆင့်စမ်းကြည့်သိရှိနိုင်ပါတယ်။

၁။သင့်ရဲ့ ဖုန်းမြည်သံကြားကြားချင်းပထမတစ်ချက်မှာသူမဖုန်းကိုင်တာလား ဒါမှမဟုတ် ဒုတိယဖုန်းမြည်သံမှာဖုန်းကိုင်လေ့ရှိလား?

*Yes

*No

၂။သူမနဲ့အပြင်သွားတဲ့အခါ နောက်တစ်ခေါက်ထပ်တွေ့ဖို့ သူမ မေးလား?ဥပမာ ငါတို့ဒီကော်ဖီဆိုင်ကိုနောက်တစ်ခေါက်ထပ်လာရအောင်ဆိုတာမျိုးပေါ့။

*Yes

*No

၃။သင် တခြားမိန်းကလေးတွေနဲ့စကားပြောတဲ့အခါ သူမပုံစံကသ၀န်တိုတဲ့ပုံစံပေါက်နေလား? အဲ့လိုအချိန်ကျရင် စကားနဲ့မပြောရင်တောင်သူမရဲ့ မျက်နှာသုန်မှုန်နေတာကိုမြင်တွေ့ရလား?

*Yes

*No

၎။သင့်အကြောင်းကို သူမရဲ့သူငယ်ချင်းတွေကိုမကြာခဏပြောပြလေ့ရှိတယ်ဆိုတဲ့ အကြောင်းကိုကြားရလား?သူမရဲ့ သူငယ်ချင်းတွေ၊သင့်သူငယ်ချင်းတွေဆီကနေ ပြန်ကြားတာမျိုးပေါ့။

*Yes

*No

၅။သင်နဲ့အတူရှိနေတဲ့အချိန် သူမမျက်နှာမှာအချိန်တိုင်းအပြုံးတွေဖြစ်နေလား?

*Yes

*No

၆။သူမရဲ့ မိသားစုတွေ၊သူငယ်ချင်းတွေနဲ့ သင်နဲ့ကိုရင်းနှီးစေချင်တဲ့စိတ်ရှိလား? သူငယ်ချင်းတွေ၊မိသားစုတွေနဲ့နောက်ကျရင်မိတ်ဆက်ပေးမယ်လို့ပြောတာမျိုးပေါ့။

*Yes

*No

၇။သင်စိတ်ညစ်နေတဲ့အချိန်မှာ အပြေးရောက်လာပြီးအားပေးနှစ်သိမ့်ဖူးလား?

*Yes

*No

သင့်ရဲ့ အဖြေရလဒ်တွေက  Yes လား ?Noလား ?

Yes ဆိုရင်တော့

သူမသင့်အပေါ်ကို သဘောကျနှစ်သက်နေတယ်ဆိုတာသေချာပါတယ်။အဲ့ဒါကြောင့် သင်ဖုန်းဆက်တဲ့အချိန်မှာ မစောင့်ရအောင်၊သူမကလည်းသင်နဲ့ဖုန်းပြောချင်တဲ့အတွက် ဖုန်းကိုမြန်မြန်ကိုင်တာပါ။ အပြင်ကိုနှစ်ယောက်အတူသွားတဲ့အခါမှာလည်း သင်နဲ့အတူရှိနေတာ ပျော်ရွှင်လို့ နောက်တစ်ခေါက်လည်းထပ်ပြီးတွေ့ဖို့ပြောတာပါ။ဘယ်မိန်းကလေးကမှ သူတို့သဘောမကျတဲ့လူကိုထပ်ပြီးမတွေ့ချင်သလို တစ်ချိန်လုံးလည်းပြုံးမနေနိုင်ပါဘူး။အဲ့လိုပါပဲ ကိုယ်သဘောကျတဲ့လူမို့လို့၊အရေးပါတဲ့လူမို့လို့သာ မိသားစုတွေ၊သူငယ်ချင်းတွေနဲ့ မိတ်ဆက်ရင်းနှီးစေချင်တာ။နောက်တစ်ချက်ကတော့ မိန်းကလေးတွေရဲ့ သ၀န်တိုစိတ်ပါပဲ။ ကိုယ်မကြိုက်တဲ့လူကတော့ ဘယ်သူကပဲကပ်ကပ်၊ဘယ်သူကပဲကြိုက်ကြိုက်စိတ်ထဲကိုမရှိတာပါ။ ကိုယ်သဘောကျတဲ့လူမို့လို့သာ သူတခြားမိန်းကလေးတွေနဲ့စကားပြောရင် အလိုမကျတဲ့မျက်နှာမျိုး၊ခနဲ့တဲ့တဲ့စကားတွေဆိုတာမျိုးလုပ်လေ့ရှိကြတာ။

နောက်ဆုံးတစ်ချက်ဖြစ်တဲ့နှစ်သိမ့်ပေးတာကတော့ မိန်းကလေးတွေကသူတို့ချစ်တဲ့သူတွေ နာကျင်ဝမ်းနည်းမှာကိုမမြင်ချင်ကြပါဘူး။ယောက်ျားလေးတွေထက် မိန်းကလေးတွေကပိုပြီး သူတို့ချစ်တဲ့သူအပေါ်ကို ဂရုတစိုက်ရှိတတ်ကြတာပါ။

သင့်ရဲ့ အဖြေရလဒ်က No ဆိုရင်တော့…

စိတ်မကောင်းပါဘူး။သူမက သင့်အပေါ်မှာသူငယ်ချင်းတစ်ယောက်လိုပဲသဘောထားတာပါ။

 

1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

4 thoughts on “သူမ သင့်ကိုချစ်နေလားဆိုတာသိဖို့ ဒီအချက်လေးတွေစမ်းကြည့်ရအောင်

  1. Samsung ဖုန့်း
    မန်​မာစာ Font မမှန်​ဘူး ဘယ်​လိုလုပ်​ရမလဲ 🙂 🙂 🙂

  2. သူ(ယောင်္ကျားလေး)က ကိုယ့်ကို ချစ်နေလားဆိုတာကိုဘယ်အချက်တွေနဲ့ သိနိုင်မလဲ ကျေးဇူးပြုပြီးပြေားပေးပါရှင့်

    1. ဖတ်​လို့လွယ်​​အောင်​တင်​​ပေးပါလား
      ဖတ်​ချင်​​ပေမဲ့ ဖတ်​လို့ရဝူး😪

  3. ယောက်ကျာင်္လေကကိုယ်ကိုချစ်နေလာဆိုတာကိုဘယ်အချက်တွေ့နဲ့သိနှိင်မလဲပြောပေးပါရှင့်

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.