သင်သတိမထားမိတဲ့ဒီ၅ချက်က သင့်ရဲ့ အသားအရည်ကိုပိုပြီးပျက်စီးစေတာ…

အလှမကြိုက်တဲ့မိန်းကလေးရယ်လို့လည်းမရှိပါဘူး။မိန်းကလေးတိုင်းက လှချင်ကြပါတယ်။ အဲ့ဒါကြောင့်လည်းကိုယ့်ရဲ့ပင်ကိုယ်အလှအပထက် ပိုပြီးလှပအောင် မိတ်ကပ်ပစ္စည်းတွေ သုံးကြတယ်၊အလှအပအတွက်ငွေကုန်ကြေးကျခံကြပါတယ်။ဒါပေမဲ့ သတိမထားမိပဲ မှားယွင်းလုပ်နေကြတဲ့အချက်လေးတွေလည်းရှိပါတယ်။အဲ့ဒီအချက်တွေကပဲ သင့်ရဲ့လှပမှုကိုဖျက်ဆီးနေတာပါ။

၁။မျက်နှာပေါင်းတင်ကပ်ခွာတွေကို အကြာကြီးထားခြင်း

မျက်နှာအသားအရည်စိုပြည်အောင်ဆိုပြီးပေါင်းတင်ကပ်ခွာတွေကပ်ကြပါတယ်။ ပေါင်းတင်ကပ်ခွာတွေမှာလည်း မျက်နှာပေါ်မှာ ၁၅မိနစ်ပဲကပ်ပေးပါလို့ရေးထားပါလျက်နဲ့ ဖတ်လည်းဖတ်ပါလျက်နဲ့ နာရီဝက်လောက်ထားလိုက်တာ၊ကြာလေပိုကောင်းလေဆိုပြီး ၁နာရီလောက်ထားတာတွေတောင်ရှိတတ်ပါတယ်။တစ်ချို့ဆိုရင်တစ်ညလုံးကပ်အိပ်တာမျိုး။

တကယ်တော့ အဲ့လိုမလုပ်သင့်ပါဘူး။မျက်နှာအသားအရည်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူ တစ်ယောက်ဖြစ်တဲ့ Sharon McGlinchey ဆိုသူက “မျက်နှာကပ်ခွာတွေစတင်ခြောက်သွေ့ပြီး တင်းရင်းလာတဲ့အချိန်မှာ ကပ်ခွာကိုဖြုတ်ပြီးမျက်နှာသစ်ပေးရပါမယ်တဲ့။ဒါဆိုရင် မျက်နှာမှာစိမ့်မ၀င်ပဲဖြစ်နေမှာလား၊မထိရောက်ဘူးလားဆိုပြီးမေးခွန်းတွေရှိလာနိုင်ပါတယ်။ဒါပေမဲ့ မျက်နှာကပ်ခွာတွေကို ၁၅မိနစ်ထက်ပိုပြီးကပ်မယ်ဆိုရင် သင့်ရဲ့ အသားအရည်က ပိုပြီးခြောက်သွေ့လာပြီး ထိခိုက်လွယ်တဲ့အသားအရည်ဖြစ်သွားနိုင်ပါတယ်”လို့ပြောပြခဲ့ပါတယ်။

၂။မျက်နှာချေးချွတ်လွန်းတာ

သင့်မှာဝက်ခြံတွေရှိနေတယ်ဆိုရင်အမြန်ဆုံးပျောက်ချင်မှာအမှန်ပါပဲ။အဲ့ဒါကြောင့်ဝက်ခြံပျောက် ကင်းတယ်ဆိုတဲ့မျက်နှာသစ်ဆေးတွေ၊မျက်နှာချေးချွတ်ကရင်မ်တွေသုံးမိပါလိမ့်မယ်။ လိုအပ်တာထက်ပိုပြီး မျက်နှာကိုချေးချွတ်သန့်စင်ပေးနေမိပါလိမ့်မယ်။ အဲ့ဒါမှ ၀က်ခြံတွေမြန်မြန်ပျောက်မှာဆိုပြီးအတွေးတွေနဲ့ပေါ့။ဒါပေမဲ့ အဲ့လိုအတွေးတွေကို မောင်းထုတ်လိုက်ပါ။ဝက်ခြံဆိုတာသင့်ရဲ့မျက်နှာအသားအရည်အတွင်းပိုင်းက သဘာဝအဆီကြောင့်ဖြစ်လာတာပါ။တကယ်လို့မျက်နှာကိုအရမ်းချေးချွတ်သန့်စင်မယ် ဆိုရင်သဘာဝအဆီတွေတောင်မရှိတော့ပဲ မျက်နှာမှာအရေးအကြောင်းတွေတောင် မြန်မြန်ဖြစ်လာစေပါတယ်တဲ့။ ပုံမှန်ထက်လွန်ကဲရင် ဘယ်အရာမှမကောင်းနိုင်ပါဘူး။

၃။ကွန်ဆီလာမှားယွင်းသုံးစွဲတာ

မျက်ကွင်းညိုတာ၊မျက်လုံးအောက်ကိုကွန်ဆီလာလိမ်းဖို့လိုအပ်တာစသဖြင့် အကြောင်းအမျိုးမျိုးကြောင့်မိတ်ကပ်မလိမ်းခင်မှာကွန်ဆီလာလိမ်းလေ့ရှိကြပါတယ်။ ဒါပေမဲ့တစ်ခုသတိထားဖို့လိုတာက ကွန်ဆီလာကမျက်နှာ၊မျက်လုံးကိုပိုပြီးတောက်အောင် အားဖြည့်ပေးတာပါ။ သင့်ရဲ့မျက်ကွင်းညိုတာကိုဖုံးဖိဖို့အတွက်ဆိုရင်တော့ အသုံးမ၀င်ပါဘူး။ မျက်ကွင်းညိုတာပျောက်အောင် များများလိမ်းနေမိတယ်ဆိုရင်တော့ပိုပြီးတောင် မျက်ကွင်းညိုနေပုံပေါက်နေမှာအမှန်ပါပဲ။အဲ့ဒါကြောင့်ကွန်ဆီလာဝယ်ရင်လည်း အသားအရည်နဲ့လိုက်ဖက်တဲ့ကွန်ဆီလာရွေးချယ်ဝယ်ဖို့အရေးကြီးပါတယ်။

၎။Dry ရှန်ပူကို ဦးရေပြားနဲ့အနီးကပ်ဖျန်းတာ

ခေါင်းလျှော်ဖို့အချိန်မရှိတဲ့အခါ၊လန်းလန်းဆန်းဆန်းပုံပေါက်ချင်တဲ့အခါ Dry ရှန်ပူတွေသုံးကြပါတယ်။သုံးတဲ့အခါမှာလည်း သတိထားဖို့လိုပါတယ်။ဦးရေပြားနဲ့ အရမ်းကပ်ပြီးဖျန်းတာက သင့်ကိုပိုပြီးမသန့်ရှင်းမမွှေးပျံ့စေပါဘူး။ဦးရေပြားနဲ့ခပ်ဝေးဝေးကနေ သာဖျန်းပေးဖို့လိုပါတယ်။တကယ်လို့ဦးရေပြားနဲ့ကပ်ပြီးဖျန်းတဲ့အခါ ဆံပင်တွေ ပိုပြီးခြောက်သွေ့လာမယ် ၊ဗောက်တွေထလာမယ်၊ဆံပင်တွေပျက်စီးလာနိုင်ပါတယ် တဲ့။အနည်းဆုံး ၁၀လက်မအကွာလောက်ကဖျန်းပေးပါ။

၅။မျက်လုံးအောက်ခံကရင်မ်ကို မျက်အိတ်ဖောင်းတာပျောက်ဖို့သုံးတာ

အလှပြင်ပစ္စည်းရောင်းတဲ့သူပြောသမျှကိုမယုံကြည်သင့်ပါဘူး။မျက်လုံးအောက်ခံကရင်မ်တွေက မျက်အိတ်ဖောင်းတာကိုပျောက်တယ်ဆိုပြီး ပြောလေ့ရှိကြပါတယ်။ဒါပေမဲ့ မဟုတ်ပါဘူး။ ပိုပြီးတော့တောင်မျက်အိတ်ကိုဖောင်းလာစေပါတယ်တဲ့။ဘာလို့လဲဆိုရင် မျက်လုံးအောက်ခံ ကရင်မ်တွေမှာရေဓာတ်ဖြည့်ပစ္စည်းတွေပါဝင်တာကြောင့်မျက်လုံးအောက်က မျက်အိတ်ဖောင်းတာ ကိုပိုပြီးတိုးလာစေတာပါ။မျက်အိတ်ဖောင်းတာပျောက်ချင်ရင် သဘာဝနည်းတွေအတိုင်း သခွားသီးပါးပါးကပ်တာ ၊လက်ဖက်ခြောက်အိတ်လေးတွေကပ်တာ၊အအေးခံအ၀တ်လေးတွေ ကပ်တာလုပ်ပေးသင့်ပါတယ်။အအေးဓာတ်ကသင့်ရဲ့သွေးကြောတွေကိုကျုံ့စေပြီး ဖောင်းတာ ကိုလျှော့ချပေးပါတယ်။ရေများများသောက်တာ၊အသီးအရွက်များများစားပေးတာကလည်းမျက်လုံးအောက်ခံကရင်မ်သုံးတာထက်ပိုပြီးထိရောက်စေပါတယ်လို့ သက်ဆိုင်ရာကျွမ်းကျင်သူတွေရဲ့ လေ့လာချက်အရသိရပါတယ်။

Source:Lovetoknow

623 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.