ပင်လယ်သေထဲမှာပစ္စည်းတွေ၊အ၀တ်အစားတွေစိမ်ပြီး တမူထူးခြားတဲ့ဆားပွင့်ရုပ်ထုအဖြစ်ပြောင်းလဲခဲ့တဲ့ အစ္စရေးအနုပညာရှင်

အစ္စရေးအနုပညာရှင်တစ်ယောက်ဖြစ်တဲ့ Sigalit Landau ဟာ သူမရဲ့ ပစ္စည်းတွေ၊ အနုပညာ လက်ရာပစ္စည်းတွေကို ပင်လယ်သေထဲမှာမြှုပ်နှံခဲ့ပြီး တမူထူးခြားစေခဲ့ပါတယ်။သူမရဲ့ ပြိုင်ဘက် ကင်းတဲ့အနုပညာဖန်တီးမှုကြောင့်ပဲ ကမ္ဘာတစ်ဝန်းလုံးကလူတွေရဲ့ ချီးကျူးမှုကိုရရှိခဲ့တာဖြစ်ပါတယ်။ ပင်လယ်သေထဲမှာပစ္စည်းတွေကိုအကြာကြီးစိမ်ထားလိုက်ရာကနေ ဘယ်လိုပုံစံတွေ ပြောင်းလဲဖြစ်ပေါ်လာလဲဆိုတာလေ့လာကြည့်ရအောင်။

ပထမဆုံးသူမက ဖိနပ်တစ်ရံကို ပင်လယ်သေမှာစိမ်ခဲ့ပါတယ်။အချိန်တွေအကြာကြီး စိမ်ထားပြီးတဲ့နောက်ပြန်ဖော်ကြည့်တဲ့အချိန်မှာဖိနပ်တစ်ရံလုံးဟာ ဆားပွင့်တွေနဲ့ထူထပ်ပြည့်နှက် နေပြီး အရင်ပုံစံနဲ့မတူပဲတမူထူးခြားနေခဲ့ပါတယ်။သူမက အဲ့ဒီပုံကိုအွန်လိုင်းမှာတင်ခဲ့ရာကနေ အင်တာနက်သုံးစွဲသူတွေကြားမှာအာရုံစူးစိုက်ခံရသူတစ်ဦးဖြစ်လာခဲ့ပါတယ်။

နောက်ထပ်လည်းသူမက ဂါဝန်တွေ၊တယောတွေ၊စက်ဘီး၊ရှူးဖိနစ်၊ငါးဖမ်းပိုက်၊ဖရဲသီးကိုတောင် ပင်လယ်သေထဲမှာအကြာကြီးစိမ်ထားခဲ့ပြီး ဓာတ်ပုံရိုက်တင်ခဲ့တယ်လို့သိရပါတယ်။သူမဟာ ဆားပွင့်ရုပ်ထုတွေကိုဖန်တီးဖို့ ၁၅နှစ်နီးပါးအလုပ်လုပ်ခဲ့တာပဲဖြစ်ပါတယ်။

သူမရဲ့ နောက်ဆုံးဆားပွင့်ရုပ်ထုက Salt Bride လို့ခေါ်တဲ့အမည်းရောင်ဂါဝန်တစ်ထည်ပါ။ ၁၉ရာစုဖက်ရှင်စတိုင်ဖြစ်ပြီး ပင်လယ်သေရဲ့အောက်ခြေမှာ ၃လနီးပါးစိမ်ထားခဲ့ပါတယ်။ ၃လပြည့်လို့ထုတ်ယူကြည့်တဲ့အခါမှာ ဂါဝန်က ပေါင် ၁၅၀ကျော်အလေးချိန်ရှိပြီးသူမကအဲ့ဒီဂါဝန်ကို ဓာတ်ပုံရိုက်တင်ခဲ့ပါတယ်။ ပုံထဲမှာမြင်ရတဲ့အတိုင်းအမည်းရောင်ဂါဝန်ကနေ ဆားပွင့် တွေပြည့် နေတဲ့အဖြူရောင်စနိုးဝှိုက်ဂါဝန်လိုပြောင်းလဲသွားတာဖြစ်ပါတယ်။ဂါဝန်ရဲ့ အလေးချိန်ကြောင့် ပင်လယ်ရေမျက်နှာပြင်ထက်ကိုသယ်ဖို့တောင်လူတော်တော်သုံးလိုက်ရတယ်လို့သိရပါတယ်။ သူမဖန်တီးထားတဲ့ဆားပွင့်ရုပ်ထုလက်ရာတွေကိုကြည့်လိုက်ပါဦး။

921 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.