(ငိုပုံငိုနည်းအမျိုးမျိုး…) သင်ရော ဘယ်လိုပုံစံနဲ့ ငိုလဲ?

ငိုကြွေးခြင်းဟာ စိတ်ထဲကပြင်းထန်တဲ့ခံစားချက်တွေကို ဖွင့်ထုတ်လိုက်ခြင်းတစ်မျိုးပါပဲ။ ဘယ်လောက်ပဲမြိုသိပ်ထားပါစေ.. ငိုမချလိုက်ရင် အသက်ရှုတောင်ရပ်သွားမလားပဲ..? စိတ်ထဲရှိသမျှ ငိုပစ်လိုက်တာက နောက်ကျိနေတဲ့ ခံစားချက်တွေကို သက်သာစေပြီး တင်းကြပ်နေတာတွေအကုန်ပြေလျော့စေတယ်။ ငိုပုံငိုနည်း အစားစားရှိတယ်.. သင်ရော ဘယ်လိုငိုကြွေးလဲ.. အောက်မှာကြည့်လိုက်ပါဦး..!

အကျယ်ကြီးအော်ငိုသူ


ကလေးလေးတွေလို အအော်ကြီးအော်ငိုရတာကို သင်ကြိုက်လား? ကလေးလို အော်ငိုလိုက်တော့ ရင်ထဲပေါ့သွားသလိုခံစားရလား ? ငိုတာက မျက်ရည်အများကြီးမထွက်ဘူး။ အသံကြီးက အကျယ်ကြီးလေ။ သင်ဟာ ကျယ်လောင်စွာအော်ငိုတတ်သူဆို ရိုးသားသူတစ်ယောက်ဖြစ်ပါတယ်။
ခံစားရတာတွေကို မမြိုသိပ်ထားတတ်ဘူး။ ဖွင့်ချပစ်လိုက်မှ နေသာထိုင်သာရှိတယ်။ ပြောစရာရှိလည်း စိတ်ထဲရှိသလို ပြောတယ်။ သင်ဟာရိုးသားသူမို့ အကျင့်မကောင်းတဲ့သူတွေနဲ့တွေ့တဲ့အခါ အရမ်းစိတ်ထိခိုက်လွယ်ပြီး အော်ငိုတတ်သူဖြစ်ပါတယ်။

တရှုပ်ရှုပ်ငိုတတ်သူ


ပြောရင်း ငို ၊ ငိုရင်းပြောလေးတွေ ။ ကိုယ်စိတ်မကောင်းတဲ့အကြောင်းကို ပြောပြာပြီး ငိုတာပါ။ ငိုလို့မပြီးတော့ဘူး.. တရှုပ်ရှုပ်အသံက ကြားနေရတုန်း။ ဒီလူငိုတတ်သူတွေဟာ တစ်ခုခုမကျေနပ်ရင် ပြောလို့မဆုံးတော့ဘူး။ ဖြေရှင်းနည်းကို မစဉ်းစားဘူး။ အနားမှာရှိတဲ့ လူတွေကို ကိုယ့်ရဲ့မကျေနပ်တဲ့စကားတွေနဲ့ အနှောင့်ယှက်ပေးတတ်တယ်။ ဒီလိုအပြုမူဟာ ကောင်းတဲ့အမူအကျင့်တော့မဟုတ်ဘူး။ မကျေနပ်ပြောတတ်တဲ့ အကျင့်ကိုတတ်နိုင်သလောက်ပြင်ပါ။

ဖြည်းဖြည်းချင်း ရှိုက်ငို


တစိမ့်စိမ့်တွေးပြီး ရှိုက်ငိုတတ်တဲ့လူတွေဟာ ခံစားချက်ကို သိုဝှက်လွန်းကြတယ်။ စိတ်ထဲကဖြစ်နေတဲ့ခံစားချက်ကို မျက်နှာကမဖုံးဖိနိုင်ပါဘူး။ ဒါဟာသဘာဝတရားမို့ ဘယ်လောက်ပဲထိန်းချုပ်ထားပါစေ… မျက်ရည်ကတော့ကျတာပဲ။ တစ်ခုရှိတာက ဒီလိုလူတွေဟာ အသေးဖွဲ့လေးတွေအတွက်တော့ မျက်ရည်မကျတတ်ဘူး။ ချစ်ရတဲ့လူတစ်ယောက်က သူ့ကိုနာကျင်အောင်လုပ်မှသာ စိတ်ထဲမကောင်းလွန်းလို့ မျက်ရည်ကျတာလောက်ပဲရှိပါတယ်။

အသံတိတ်ငိုသူ


မျက်ရည်တွေကတော့ ပါးပေါ်ထိတသွင်သွင် စီးကျလာပေမယ့် ပါးစပ်ကငိုနေတဲ့အသံ တစ်ချက်တောင်မထွက်ဘူး။ ဒီလူတွေဟာ စိတ်ခံစားချက်ကို မြိုသိပ်ထားနိုင်ဆုံးပါပဲ။ သူတို့က သီးသန့်ဆန်တယ်။ စိတ်ခံစားချက်ကို အရမ်းထိန်းချုပ်တယ်။ အသည်းကွဲနေသည်တိုင် ဘာမှမဖြစ်သလို နေပြနိုင်တယ်။ ရင်ထဲမှာတော့မီးမြိုက်နေသလိုပေါ့။ စိတ်ဓာတ်သန်မာတယ်လို့လည်းပြောကြတယ်။
အသံတိတ်ငိုနေပေမယ့် ငိုသံပဲ့တင်တွေက တိတ်ဆိတ်မှုထက်တောင် ပိုကျယ်လောင်နေတတ်တယ်။ ဒီလူတွေဟာ နွေးထွေးတဲ့ နှလုံးသားတစ်စုံကို ပိုင်ဆိုင်ထားသူတွေပါ။

ဟန်ဆောင်ငိုကြွေးသူ


မျက်ရည်လည်း တကယ်ထွက်စရာကိစ္စမရှိပဲ ဟန်လုပ်ငိုကြွေးသူတွေ သင်မြင်ဖူးလား? တစ်ယောက်ယောက်ရဲ့ဂရုစိုက်မှုကို လိုချင်လို့ ငိုနေတာလည်းဖြစ်နိုင်ပါတယ်။ ဒီလိုလူတွေဟာ သူများကို ကြိုးကိုင်ခြယ်လှယ်တဲ့နေရာမှာ တော်ကြတယ်။ မျက်ရည်အားကိုးနဲ့ သူများစိတ်ကိုပျော့ညံ့အောင်လုပ်သူတွေပေါ့ ။ ဒီလိုလူတွေဟာ ယုံကြည်ထိုက်တဲ့လူတွေတော့ မဟုတ်ဘူး။ လူတွေကို
အသနားခံတဲ့နေရာမှာတော့ နံပါတ်တစ်တွေပေါ့ ။ သတိထား ရှောင်ကြဉ်နိုင်ပါစေ!

239 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.