စာဖတ်သူတို့ရော သဘာလွန်ဖြစ်ရပ်တွေကို ကြုံဖူးလား? ကိုယ်နေထိုင်တဲ့ နေရာဝန်းကျင်မှာပဲ တစ်ခုခုရှိနေသလို ခံစားချက်မျိုးတွေဖြစ်ဖူးလား ?နေရင်းထိုင်ရင်း ထူးထူးဆန်းဆန်း ကြက်သီးထလာတာတွေ၊ ဘာဖြစ်မှန်းမသိအမည်ဖော်မရတာမျိုးတွေပေါ့။ တစ်ယောက်ယောက်က သူတို့ထူးခြားတာတစ်ခုခုတွေ့လိုက်တယ်လို့ သင့်ကိုလာပြောတာမျိုးကို ကြုံဖူးလား? သူတို့လိမ်ပြီးပြောနေတာမဟုတ်ပါဘူး။
ဝိဥာဉ် တစ္ဆေတွေကို ကြုံတွေ့ဖူးတဲ့သူအနည်းကျဉ်းလောက်ပဲ ရှိပါတယ်။ ဒါပေမယ့် သူတို့အနေနဲ့ အခြားသူကို ထုတ်ပြောဖို့ခဲယဉ်းပါတယ်။ တစ်ယောက်တည်းပဲ ရင်ထဲမှာသိမ်းထားလိုက်ကြတယ်။ တော်တော်များများက သရဲမြင်တယ်လို့ပြောရင် မယုံကြည်တဲ့ မျက်လုံးတွေနဲ့ကြည့်လို့ပါပဲ။ လက်ဆုပ်လက်ကိုင်မပြနိုင်တာကြောင့် ကိုယ်ဖြစ်တာကို ကိုယ့်ဘာသာပဲ ခက်ခက်ခဲခဲနဲ့ လက်ခံလိုက်ကြတယ်။
လူတိုင်း သရဲဆိုတဲ့အသံကြားတာနဲ့ ကြောက်လန့်တတ်ကြတယ်။ အမှောင်ထုကြီးကပဲ လိုက်လာသလို၊ တစ်နေရာရာကပဲ ဝုန်းခနဲထွက်လာမလို တွေးပြီးကြောက်တတ်ကြတယ်။ သရဲကားအများစုကလည်း ဖြစ်ရပ်မှန်တွေကို အခြေခံပြီး ရိုက်ထားတာတွေများပါတယ်။ ဘုရားဟောတရားမှာဆို
ဒီမကျွတ်လွတ် ဝိတ်ဥာဉ်တွေဟာ သနားဖို့ကောင်းပါတယ်။ သူတို့မှာ အနေဆင်းရဲ၊ ၊အစားဆင်းရဲနဲ့..။ ဒါကြောင့် သေဆုံးပြီးသွားရင် သူတို့ဘယ်နေရာမှာ ခိုကပ်နေရပါတယ်.. ဘယ်လိုဆာလောင်နေပါတယ်ဆိုတာကို မိသားစုဝင် (သို့) နီးစပ်သူတစ်ယောက်ယောက်ကို အိပ်မက်တွေပေးကြတယ်။ မဟုတ်ရင်လည်း လိပ်ပြာငယ်သူတစ်ယောက်ယောက်ကို ဝင်ပူးပြီး သူတို့ဘယ်လိုနေထိုင်ရတယ်ဆိုတာကို ဝမ်းနည်းစွာနဲ့ ပြောပြကြတယ်။ တစ်ခါတစ်လေ ဗီဒီယိုတွေတက်လာတာမြင်ဖူးမှာပါ။
ခုခေတ်မှာတော့ သိပ်မရှိတော့ပေမယ့် ဟိုးအရင်ခေတ်တုန်းဆို သဘာလွန်ဖြစ်ရပ်တွေအများကြီးရှိပါတယ်။ စွမ်းအား ၊ တန်ခိုးတွေလည်းပိုင်ဆိုင်တယ်။ သူတို့စိတ်တစ်ချက် ညို့ တာနဲ့ မကောင်းတာဖြစ်စေချင်ရင် မကောင်းတာဖြစ်တယ်။ တစ်ချို့ အဖြစ်ပျက်တွေဟာ အရမ်းထူးဆန်းလွန်းလို့ အဖြေရှာမရတာတွေရှိတယ်။ ဘုရား၊ တရား များများလုပ်ရင်တော့ ကံနိမ့်နေတာတွေ၊ ကံခေနေတာ တွေအကုန်ကင်းဝေးသွားပါလိမ့်မယ်။ အမြဲတမ်း စားသတိ၊ သွားသတိ ၊ လာသတိရှိကြပါစေ!