Drama ဇာတ်ကားအသစ်မှာ အတူတွေ့မြင်ရမယ့် Suzy နဲ့ Nam Joo Hyuk

“While You Were Sleeping” ဇာတ်ကားနဲ့ပရိသတ်အားပေးမှုတွေအများကြီး ထပ်ပြီးရရှိခဲ့တဲ့မင်းသမီးအဆိုတော် Suzy နဲ့ မိန်းကလေးပရိသတ်တွေရဲ့အသည်းစွဲ မင်းသားတစ်လက်ဖြစ်တဲ့ Nam Joo Hyuk ကို အသစ်ထွက်ရှိမယ့်ရုပ်ရှင်ဒရာမာအသစ်မှာ အတူတူတွေ့မြင်ရနိုင်တယ်လို့သိရပါတယ်။

MBC Television ကုမ္ပဏီက သူတို့ရဲ့ ဒရာမာရုပ်ရှင်ကားသစ် “Come Here and Hug Me” ဇာတ်ကားအတွက် Suzy နဲ့ Nam Joo Hyuk ကိုခေါင်းဆောင်ပါဝင်ရိုက်ကူးဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။သူတို့နှစ်ယောက်ကလည်း ဇာတ်ကားမှာသရုပ်ဆောင် တာနဲ့ပတ်သက်ပြီးဆွေးနွေးနေပြီလို့ ကုမ္ပဏီက အတည်ပြုပြောကြားခဲ့ပါတယ်။

Come Hug Me ဇာတ်ကားဇာတ်ညွန်းအတွက် Nara’s Rain ဒရာမာဇာတ်ညွန်းရေးသူ Lee Ah Ram ကပဲ ရေးသားခဲ့တာဖြစ်ပြီး Night Light ၊The King’s Daughter ၊ Soo Baek Hyang ရုပ်ရှင်ကားတွေရိုက်ကူးခဲ့သူ Choi Joon Bae က ရိုက်ကူးမှာဖြစ်ပါတယ်။

ဒီဒရာမာဇာတ်ကားဟာ ၂၀၁၇၊နိုဝင်ဘာလမှာပြီးဆုံးသွားတဲ့ While You Were Sleeping ဇာတ်ကားပြီးရင် Suzy ရဲ့ ၂၀၁၈အတွက်ပထမဆုံးဇာတ်ကားဖြစ်သလို မင်းသား Nam Joo Hyuk အတွက်လည်း The Bride of Habaek အပြီး ပထမဆုံး ဇာတ်ကားလည်း ဖြစ်တယ်လို့သိရပါတယ်။

ဇာတ်ကားမှာ Nam Joo Hyuk က စုံထောက်တစ်ယောက်အဖြစ်သရုပ်ဆောင်ရမှာဖြစ်ပြီး Suzyကတော့ သူမရဲ့အမေလို မင်းသမီးတစ်ယောက်ဖြစ်လာဖို့ကြိုးစားနေတဲ့မိန်းကလေးအဖြစ် သရုပ်ဆောင်ရမှာဖြစ်ပါတယ်။တက်ကြွပြီးပျော်ပျောပ်ရွှင်ရွှင်နေတတ်တဲ့လူငယ်လေးတွေအဖြစ် သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်။ဒါပေမဲ့ လူသတ်မှုတစ်ခုဖြစ်ပြီးတဲ့နောက် သူတို့ရဲ့ ဘ၀တွေကို စိုးရိမ်ထိတ်လန့်မှု၊ကြောက်လန့်မှုခံစားချက်တွေဝင်လာခဲ့ပါတယ်။အဲ့ဒီနောက်ဘာတွေဆက်ဖြစ်ကြ မလဲဆိုတာကိုတော့…စောင့်မျှော်အားပေးကြပါဦး။

Source:Koreaboo

427 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.