ရေနွေးလေးနဲ့ရေချိုးရအောင်

ရေနွေး ရေပူနဲ့ရေချိုးခြင်းဟာ ကျန်းမာရေးအတွက် အလွန်ကောင်းမွန်တဲ့ရေချိုခြင်းတစ်မျိုးပါ။ လူတော်တော်များများဟာ အချိန်မပေးနိုင်တာရယ်၊ အိမ်တော်တော်များများ မှာရေအေးပဲရှိတက်ကြတာများတာကြောင့် ရေနွေးနဲ့ချိုးခဲပါတယ်။ ကိုယ့်အတွက် အချိန်ပေးရမှာ မခက်ခဲဘူး ဆိုရင် ရေနွေးလေးနဲ့ရေချိုးတက်တဲ့ အကျင့်လေးကို တိုက်တွန်းချင်ပါတယ်။ ဆိုတော့ရေနွေး နွေးနွေးလေးနဲ့ရေချိုးခြင်းကြောင့်ဘယ်လို အကျိုးကျေးဇူးတွေရရှိနိုင်သလဲ…
(၁) နှလုံးကျန်းမာရေးအတွက်သင့်တော်
ရေနွေးလေးနဲ့ရေချိုးခြင်းဟာ သွေးလည်ပတ်မှုနှုန်းကို မြန်စေတာကြောင့်ခန္ဓာကိုယ် ပိုမိုကောင်းမွန်စွာလည်ပတ်ပေးနိုင်ပါတယ်။ ဒါ့အပြင် သွေးကြောမျှင်လေးတွေကိုကောင်းမွန်စွာလည်ပတ်စေတာကြောင့်သွေးဆောင့်တိုးတာမျိုးတွေဖြစ်မလာစေနိုင်ပါဘူး။ ဒါကြောင့်နှလုံးနဲ့သွေးတိုး ရောဂါသမားတွေအတွက်သင့်တော်တဲ့ရေချိုးနည်းတစ်နည်းဖြစ်ပါတယ်။
(၂) ဦးနှောက်နဲ့အာရုံကြောကိုလန်းဆန်းစေတယ်
ရေနွေးပူနဲ့ရေချိုးခြင်းဟာလူရဲ့ ဦးနှောက်နဲ့ အာရုံကြောစနစ်ကို လှုံဆော်ပေးနိုင်ပြီး ပိုမိုလန်းဆန်းတက်ကြွစေပါတယ်။ ဦးနှောက်ရဲ့လှုပ်ရှားမှုဟာ ရေနွေးနဲ့ရေချိုးပြီးချိန်မှာအရင် ကထက်ပိုမို နိုးကြွလာပြီး စိတ်ကိုကြည်လင်အေးမြစေတာကြောင့်ရေနွေးနဲ့ချိုးခြင်းဟာ အာရုံကြောကိုပိုမို ပွင့်လန်းစေပါတယ်။
(၃) အရေပြားကျန်းမာရေးကောင်းမွန်စေတယ်
ရေပူလေးနဲ့ချိုးတာကြောင့် ခန္ဓာကိုယ်ပေါ်မှာရှိတဲ့မွေးညှင်းပေါက်လေးတွေဟာ ပွင့်ထွက်လာပြီး အရေပြားပေါ်ရှိ batteria ပိုးမွှားတွေကို ရေပူရဲ့အစွမ်းနဲ့ချေမှုန်းပေးနိုင်တာကြောင့် ရေနွေးနဲ့ချိုးခြင်းဟာ အရေပြားကျန်းမာရေူးအတွက် အရေးပါတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။
(၄) ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးတယ်
ရေနွေးပူနဲ့ချိုးခြင်းဟာ ရေအေးနဲ့ချိုးခြင်းထက် ခန္ဓာကိုယ်အပူချိန်ကို ပိုမို ကောင်းအောင်ထိန်းညှိပေးနိုင်ပါတယ်။ အထူးသဖြင့်အခုလို အေးမြတဲ့ရာသီဥတုမျိုးမှာ ရေအေးအေးကြီးကို ၀ုန်းကနဲ့ချိုးလိုက်တာမျိုးထက် ရေနွေးပူပူလေးကိုခန္ဓာကိုယ်အနှံဖြည်းဖြည်းလေး နှံ့အောင်လောင်းချိုးပေးခြင်းဖြင့် ကိုယ်ခန္ဓာ အပူချိန်ကို ပိုမိုကောင်မွန်အောင်ထိန်းညှိပေးနိုင်ပါတယ်။
(၅) အညောင်းညာပြေစေတယ်
သိပ်ကို မှန်တဲ့ အချက်ပါ။ မနက်မလုပ်မသွားခင်ရေနွေးလေးနဲ့ချိုးသွားရင်ဖြင့်တစ်နေ့လုံးလန်းဆန်းပေါ့ပါးစေပြီး ညဘက် အပြင်ကပြန်ရောက်ချိန်မှာ ချိုးတဲ့အခါ တစ်နေ့လုံးပင်ပန်း ညောင်းညာနေသမျှဟာ ယူပစ်သလို ပျောက်သွားတဲ့ ခံစားချက်မျိုးကို ခံစားရမှာပါ။ ရေနွေးလေးနဲ့ချိုးခြင်းဟာ ကိုယ်ခန္ဓာအကြော အရိုးတွေရဲ့ကိုက်ခဲညောင်းညာမှုကိုသက်သာစေတဲ့နည်းတစ်နည်းလည်းဖြစ်ပါတယ်။
ရေနွေးပူလေးနဲ့ရေချိုးရင်းကျန်းမာသုခများစွာကို ခံစားနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်….

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.