တနင်္လာနေ့အကြောင်း တစေ့တစောင်း

နေ့ရက် ၇ရက်ရှိတဲ့အထဲမှာ ထူးထူးခြားခြား စိတ်ဝင်စားဖို့ကောင်းနေတဲ့ တနင်္လာနေ့အကြောင်း ဗဟုသုတအနေနဲ့ပြောပြပေးချင်ပါတယ်။ဗြိတိန်သိပ္ပံပညာရှင်တွေက တနင်္လာနေ့နဲ့ပတ်သက်ပြီး အသေးစိတ်လေ့လာတွေ့ရှိချက်တွေကိုပြောပြထားတာပဲဖြစ်ပါတယ်။

၁။လူအများစုက တနင်္လာနေ့ မနက် ၁၁နာရီ ၁၆မိနစ်ထိတိုင်အောင် မပြုံးကြပါဘူး။တနင်္လာနေ့ဆိုရင် အနားယူတာတွေရပ်ပြီး အလုပ်တွေပြန်စလုပ်ရတဲ့နေ့ဖြစ်လို့စိတ်လက်မကြည်သာပါဘူးတဲ့။

၂။တနင်္လာနေ့ဆို ရုံးစတက်ရက်ဖြစ်တာကြောင့်လူတော်တော်များများက တနင်္လာနေ့ဆို မုန်းတီးကြပါတယ်။ပျင်းရိမုန်းတီးဖွယ်ရာတနင်္လာနေ့ကိုအကောင်းဆုံးဖြတ်သန်းဖို့နည်းလမ်းတွေကတော့ တီဗီကြည့်တာ၊အွန်လိုင်းရှော့ပင်းကြည့်တာ ၊ချောကလက်၊အလှပြင်ပစ္စည်းတွေ ၀ယ်တာ၊ခရီးထွက်ဖို့စီစဉ်တာတွေပဲဖြစ်ပါတယ်။

၃။ဝန်ထမ်း ၅၀ရာခိုင်နှုန်းက တနင်္လာနေ့ကို အမြဲအလုပ်နောက်ကျပါတယ်တဲ့။ပိတ်ရက်ပြီးလို့ ပြန်ပြီးအလုပ်လုပ်ရတော့မယ်ဆိုရင် မြန်မြန်ဆန်ဆန်မလုပ်ဖြစ်ပဲ အီလေးဆွဲနေတတ်တာက တစ်ကြောင်း၊နောက်ကျတဲ့အတွက် ကားလမ်းတွေကလည်းပိုပိတ်တာကတစ်ကြောင်း စတာတွေကြောင့်အလုပ်နောက်ကျရတာပါ။

၎။တနင်္လာနေ့အများစုမှာ အသက် ၄၅နှစ်ကနေ ၅၄နှစ်အထိအရွယ်တွေက စိတ်လက်မရွှင်ပျသလိုခံစားရပါတယ်တဲ့။အသက်အရွယ်ကြီးရင့်သူတွေကိုတောင် သက်ရောက်မှုရှိစေနိုင်တဲ့ တနင်္လာနေ့ပါ။

၅။လေ့လာချက်တွေအရ တနင်္လာနေ့ဟာ ကမ္ဘာပေါ်မှာကိုယ့်ကိုယ်ကိုယ်သတ်သေမှုအများဆုံးပါတဲ့။

၆။တနင်္လာနေ့မှာ နှလုံးရောဂါဖြစ်ပွားသူလူဦးရေက ၂၀ရာခိုင်နှုန်းထိတိုးလာလေ့ရှိပါတယ်။

၇။လေ့လာဆန်းစစ်ချက်တွေအရ တနင်္လာနေ့က ရက်သတ္တပတ်လုံးမှာ မိုးအနည်းဆုံးရွာတဲ့နေ့ဖြစ်ပါတယ်တဲ့။

၈။တနင်္လာနေ့မှာကားဝယ်တာအကောင်းဆုံးပါပဲတဲ့။ဘာလို့လဲဆိုရင် ကားပိုင်ရှင်တွေက ပိတ်ရက်တွေမှာ သူတို့ရဲ့ကားဈေးကိုမြှင့်တင်လေ့ရှိပြီး ကားတွေလည်း ပိုရောင်းရလေ့ရှိပါတယ်။တနင်္လာနေ့မှာတော့ ၀ယ်သူသူနည်းပါးတဲ့အတွက် ကားဈေးတွေကပုံမှန်လောက်ပဲရှိတယ်လို့သိရပါတယ်။ပြီးတော့ တစ်ခါတစ်လေ ဈေးလည်းလျှော့ပေးနိုင်ပါသေးတယ်တဲ့။

၉။တနင်္လာနေ့မှာ လူအများစုက တခြားရက်တွေထက် ၁၂မိနစ်ပိုပြီးညည်းတွားကြပါတယ်တဲ့။ ၂၀၁၁ကလေ့လာတွေ့ရှိချက်အရ တခြားရက်တွေမှာ ၂၂မိနစ်ညည်းတွားလေ့ရှိပြီးတနင်္လာနေ့မှာ တော့ ၃၄မိနစ်ညည်းတွားကြတယ်လို့သိရပါတယ်။

၁၀။တနင်္လာနေ့မှာ ရုံးဝန်ထမ်းတွေက စုစုပေါင်း ၃နာရီခွဲလောက်သာ အားကြိုးမာန်တက်အလုပ်လုပ်နိုင်ကြပါတယ်တဲ့။ပြီးတော့ တခြားရက်တွေထက် တနင်္လာနေ့မှာပျော်ရွှင်မှုနည်းပါးတယ်လို့တွေ့ရှိရပါတယ်။

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.