Slipknot ရဲ့album အသစ်ကို အာရုံစိုက်ဖို့အတွက် Jim Root တစ်ယောက်၂၀၁၄ နယ်လှည့်ဖျော်ဖြေပွဲက နှုတ်ထွက်ခဲ့တယ်လို့ Stone Sour ကထုတ်ဖေါ်

slipknot.jpg

Slipknot နဲ့ Stone Sour အဖွဲ့တွေရဲ့ guitar သမား Jim Root တစ်ယောက် Stone Sour ရဲ့ဆောင်းရာသီနယ်လှည့်ဖျော်ဖြေပွဲမှာဖျော်ဖြေမှာမဟုတ်ကြောင်း Stone Sour ကကြေညာပါတယ်။ အကြောင်းပြချက်ကတော့ Root တစ်ယောက် Slipknot ရဲ့နောက် album အသစ်အတွက် အချိန်ပေးပြီးသီချင်းရေးဖို့ရည်ရွယ်ထားတာကြောင့်လို့ဆိုပါတယ်။

Slipknot ဟာသူတိုရဲ့ ပဉ္စမကြိမ်မြောက် ပုဒ်ရေပြည့် album ကိုဖန်တီးဖို့စလုပ်နေပါပြီ။ ၂၀၀၈ ခုနှစ်ကထုတ်ခဲ့တဲ့ ‘All Hope Is Gone” album ထွက်ပြီးကတည်းက ပရိတ်သတ်တွေက album အသစ်ကိုမျှော်လင့်နေခဲ့တာပါ။ Jim Root တစ်ယောက် Pop Evil, Stolen Babies တို့နဲ့အတူနယ်လှည့်ဖျော်ဖြေမယ့် Stone Stour ရဲ့နယ်လှည့်ဖျော်ဖြေပွဲနဲ့လွဲချော်မှာဖြစ်ပေမယ့် Jim Root ရဲ့ဖန်တီးမှုပါရမီဟာ Slipknot ရဲ့နောက် album ထဲကို အနှောင့်အယှက်ကင်းကင်းနဲ့ရောက်နိုင်မှာဖြစ်ပါတယ်။

Stone Sour ဟာသူတို့ရဲ့ Facebook မှာ “မကြာမီဖြစ်လာမယ့် Slipknot ရဲ့ album ကြောင့် Jim Root ဟာ Stone Sour နဲ့ဒီဆောင်းရာသီမှာ နယ်လှည့်ဖျော်ဖြေမှာမဟုတ်ပါဘူး။ ပါဝင်ပါတ်သတ်တဲ့သူတွေအားလုံး ဒီဆုံးဖြတ်ချက်ကိုကျေနပ်ကြပါတယ်။ ပြီးတော့ကျွန်တော်တို့အကုန်လုံးရဲ့မိတ်ဆွေ Christian Martucci က guitar သမားနေရာမှာအစားဝင်မှာဖြစ်ပါတယ်။ ဒါဟာခက်ခဲ့တဲ့ ဆုံးဖြတ်ချက်ပါ။ ဒါပေမယ့် ပရိတ်သတ်တွေက နောက်ထပ် Stone Stour နယ်လှည့်ဖျော်ဖြေပွဲတစ်ပွဲကို အလိုရှိတာကတစ်ကြောင်း Jim Root ကလည်း Slipknot ရဲ့သီချင်းရေးတဲ့အခန်းကဏ္ဍမှာ တာဝန်တွေရှိတာကတစ်ကြောင်း ဒါဟာ အားလုံးအတွက်ဖြစ်သင့်တဲ့ အကောင်းဆုံး ဆုံးဖြတ်ချက်လို့ ခံစားမိပါတယ်” လို့ဖေါ်ပြခဲ့ပါတယ်။

Stone Sour ဟာ သူတို့ရဲ့ဆောင်းရာသီနယ်လှည့်ဖျော်ဖြေပွဲကို ဇန်န၀ါရီ ၁၄ရက်နေ့၊ Florida ပြည်နယ် Lake Buena Vista ကနေစတင်မှာဖြစ်ပါတယ်။

Ref:loudwire

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.