အန္တရာယ်တစ်စုံတစ်ခုတွေ့လာခဲ့ရင် ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်ဖို့သိထားသင့်တဲ့အချက်များ

အခုတလောမှာ မြင်ရကြားရသမျှက အပြင်ကိုတောင်ရဲရဲမထွက်ဝံ့သလောက်ပါပဲ။ အမျိုးသမီးတွေ၊မိန်းကလေးငယ်လေးတွေအတွက်တော့ ပိုပြီးအန္တရာယ်ကြီးနေပါတယ်။ ဒါပေမဲ့အပြင်မထွက်လို့လည်းမရ၊နေ့တိုင်းရုံးသွားရုံးပြန်လုပ်နေရလို့ ကိုယ့်ကိုရန်ပြုလာတဲ့အခါမှာ ပြန်ပြီးတုံ့ပြန်ကာကွယ်နိုင်ဖို့ဒီလိုနည်းလမ်းလေးတွေသိထားဖို့လိုပါတယ်။တိုက်ကွမ်ဒို၊ဂျူဒိုတွေ မတတ်ထားရင်တောင် ဒီနည်းလမ်းတွေကိုသေချာမှတ်ထားမယ်ဆိုရင် ဘာမှမလုပ်နိုင်တာထက် စာရင်တော်ပါသေးတယ်။ဒါဆို ကိုယ့်ကိုအန္တရာယ်ပေးလာနိုင်တဲ့လူနဲ့တွေ့ရင်ဘယ်လို နည်းလမ်းတွေနဲ့တုံ့ပြန်ကာကွယ်ရမလဲကြည့်လိုက်ရအောင်။

၁။လူတစ်ယောက်ရဲ့ အဓိကနာကျင်ထိခိုက်မှုဖြစ်နိုင်ဆုံးနေရာ…

သင့်ကိုအန္တရာယ်ပေးနိုင်တဲ့သူက ဘယ်လောက်ပဲခွန်အားကြီးကြီး အဓိက သူ့ကိုထိခိုက် နာကျင်စေနိုင်တဲ့နေရာအကွက်အကွင်းတွေသိထားမယ်ဆိုရင် ပြန်ပြီးတိုက်ခိုက်လို့ ရပါတယ်။ ဒါဆိုရင်အဓိကနာကျင်စေမယ့်နေရာတွေကဘာတွေလဲ?မျက်လုံး၊နှာခေါင်း၊လည်ချောင်း၊ရင်ဘတ်၊ဒူးနဲ့ပေါင်ခြံတို့ပဲဖြစ်ပါတယ်။အန္တရာယ်နဲ့ကြုံတဲ့အခါ အဲ့ဒီနေရာတစ်ခုခုကိုသေချာမိမိရရတိုက်ခိုက်ပါ။

၂။အရိုးရှင်းဆုံးနဲ့သက်ရောက်မှုအရှိဆုံးနည်းလမ်း

ဘယ်လိုရန်ပြုသူပဲဖြစ်ဖြစ် သင့်ကိုအန္တရာယ်ပေးတော့မယ်၊သင်ကလည်းရှောင်ဖို့ မလွတ်တော့ဘူးဆိုရင် ကြောက်စိတ်ကိုမောင်းထုတ်ပြီးရဲရဲရင်ဆိုင်ဖို့လိုပါတယ်။သူက သင့်ကိုလှမ်းကိုင်ဖို့ကြိုးစားလိုက်ပြီဆိုရင် သူ့ရဲ့ လက်ကိုဆွဲယူပြီး ပုံထဲမှာပြထားတဲ့အတိုင်း လက်ချောင်းနှစ်ချောင်းစီကိုဆွဲပြီးဆန့်လိုက်ပါ။အဲ့ဒါက သူ့အတွက်တော်တော်လေး နာကျင်စေနိုင်ပါတယ်။နောက်တစ်ခုကသူ့လက်ကိုမဆွဲနိုင်ဘူးဆိုရင် သူ့ရဲ့လည်ပင်းရိုးကို လက်သီးနဲ့ထိုးတာဖြစ်စေ၊ပုံထဲမှာပြထားသလို လက်ချောင်းနဲ့အားပြင်းပြင်းထိုးလိုက်တာဖြစ်စေ လုပ်လိုက်ပါ။အဲ့ဒါကသူ့ရဲ့အသက်ရှုလမ်းကြောင်းကိုထိခိုက်စေပြီးသင့်အတွက်ထွက်ပြေးဖို့ အခွင့်အရေးရနိုင်တဲ့အချိန်ပါပဲ။

၃။အရှေ့ကနေ ရန်ပြုတဲ့သူကပိတ်ထားမယ်ဆိုရင်…

ပုံထဲမှာပြထားသလို သင့်ကိုအရှေ့ကနေဖမ်းချုပ်ထားမယ်ဆိုရင်လွတ်မြောက်နိုင်တဲ့နည်းလမ်း ကတော့ ပထမဆုံးသင့်ရန်သူနဲ့လုံးဝကပ်မသွားမိစေဖို့ပုံထဲကလို လက်သီးဆုပ်ပြီးကာထားပါ။ပြီးရင် သင့်ရဲ့နဖူးနဲ့သူ့ရဲ့ နှာခေါင်းရိုးကိုတိုက်လိုက်ပါ။ နှစ်ယောက်လုံးနာကျင်နိုင်ပေမဲ့ ဘယ်လိုမှမတတ်နိုင်တဲ့အခါ လုပ်ရမှာပါပဲ။ဘယ်သူမဆို နှာခေါင်းတို့မျက်စိတို့ထိခိုက်သွားရင် ခဏတော့သတိလက်လွတ်ဖြစ်သွားတတ်ပါတယ်။အန္တရာယ်ကြုံနေတဲ့အချိန်မှာကြောက်နေရင် တော့အဆင်မပြေနိုင်တာကိုသတိထားပါ။မကြောက်ပဲနဲ့ရဲရဲသာလုပ်ပါ။နောက်ဆုံးအနေနဲ့ သူနှာခေါင်းရိုးနာကျင်နေတဲ့အချိန်မှာတောင် အနောက်ကိုဆုတ်မသွားဘူးဆိုရင် သင့်ရဲ့ဒူးနဲ့သူ့ရဲ့ပေါင်ခြံကိုတိုက်ထုတ်လိုက်ပါ။ဒါဆိုရင်သင့်မှာထွက်ပြေးဖို့အချိန်အနည်းငယ် ရပါလိ့မ်မယ်။

၎။သင့်ကိုအန္တရာယ်ပြုဖို့ချဉ်းကပ်လာပြီဆိုရင်…

ရန်သူကသင့်အနားကိုတဖြည်းဖြည်းတိုးလာနေပြီဆိုရင် သင့်ရဲ့လက်ဖ၀ါးကိုကောင်းကောင်း အသုံးချလို့ရပါတယ်။ဘယ်ဘက်လက်မောင်းကိုဖြောင့်ဖြောင့်ထားပြီး ရန်သူရဲ့မေးစေ့ကို ရိုက်လိုက်ပါ။ ညာသန်ဆိုရင်လည်းညာဘက်လက်နဲ့မေးမေစ့ဖြစ်စေ ၊နှာခေါင်းဖြစ်စေ အားပြင်းပြင်းသာရိုက်လိုက်ပါ။ပုံထဲကလို အားတဲ့လက်တစ်ဖက်က သူ့ရဲ့လက်ကိုကာထား ဖို့မြန်ဆန်ဖို့တော့လိုပါတယ်။ပြီးရင်ဒူးနဲ့ပေါင်ခြံကိုတိုက်လိုက်ပါ။နာကျင်မှုကြောင့်သူရှေ့ဆက်တိုးနိုင်မှာမဟုတ်ပါဘူး။

၅။သင့်လက်ကိုဖမ်းချုပ်ထားတဲ့အခါ…

တကယ်လို့အန္တရာယ်ပေးတဲ့သူက သင့်လက်ကိုဖမ်းချုပ်ထားတဲ့အခါ သင့်ရဲ့လက်ကိုအနည်းငယ် သုံးပေးဖို့တော့လိုပါတယ်။သင့်ရဲ့လက်ကိုပုံထဲကလို အနည်းငယ်ကွေးလိုက်ပြီး ရန်ပြုသူရဲ့လက်ထဲကနေ တစ်ဖက်ကိုလှည့်ထွက်လိုက်ပါ။လက်မောင်းကိုကိုင်ထား တယ်ဆိုရင်သင့်လက်မောင်းကို တတ်နိုင်သလောက်ပြန်ဆွဲပြီး ဒီလိုနည်းလမ်းနဲ့လက်ကို ချုပ်ထားတာကိုလွတ်အောင်လုပ်လို့ရပါတယ်။ပုံထဲကအတိုင်းအပြင်မှာစမ်းလုပ်ကြည့်ပေးပါ။ အဲ့ဒါမှတကယ်အရေးကြုံတဲ့အခါ လက်ကအလိုလိုအကျင့်ပါပြီးလုပ်မိမှာပါ။

၆။အနောက်ကနေဖမ်းချုပ်ထားရင်…

ရန်ပြုသူက သင့်ကိုအနောက်ကနေဖမ်းချုပ်ထားရင်တော်ရုံဆို ဘာမှလုပ်လို့မရပါဘူး။ဒါပေမဲ့ ကာကွယ်နိုင်တဲ့နည်းလမ်းသိရင်တော့အဆင်ပြေပါတယ်။သင့်ကိုအနောက်ကနေဖမ်းချုပ်ထားတဲ့ အခါမှာ သင့်ရဲ့ဦးခေါင်းနဲ့သူ့ရဲ့ မျက်နှာကိုတိုက်လိုက်ပါ။ပြီးရင် ရှေ့ကိုကိုင်းလိုက်ပြီး သူ့ရဲ့ခြေထောက်တစ်ဖက်ကိုဖမ်းကိုင်လိုက်ပါ။ကိုင်ပြီးတာနဲ့တပြိုင်နက်  ခြေထောက်ကိုဆွဲနိုင်သလောက် ရှေ့ကိုဆွဲထည့်လိုက်ပါ။အဲ့ဒါဆို ရန်ပြုသူက သူ့ရဲ့ဟန်ချက်ကိုမထိန်းနိုင်ပဲလဲကျသွားပါလိမ့်မယ်။

၇။ဘေးကနေ ဖမ်းချုပ်ထားရင်…

တကယ်လို့ရန်ပြုသူကသင့်ကိုဘေးကနေဖမ်းချုပ်ထားတယ်ဆိုရင် သင့်ရဲ့တံတောင်နဲ့နှာခေါင်း ၊မေးရိုးကိုရိုက်လိုက်ပါ။သူအနည်းငယ်နောက်ဆုတ်သွားတဲ့အခါ ဗိုက်၊ရင်ဘတ်တစ်နေရာရာကို တံတောင်နဲ့ထိုးပါ။တံတောင်နဲ့ထိုးတာ၊ရိုက်တာက လူတစ်ယောက်အတွက် တော်တော်လေးကိုနာကျင်စေပါတယ်။

၈။နံရံမှာပိတ်မိနေရင်…

သင့်ရဲ့ရန်ပြုသူကိုမရှောင်နိုင်ပဲ နံရံမှာပိတ်မိနေတဲ့အခါ အဓိကနာကျင်ထိခိုက်နိုင်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုသတိရဖို့လိုပါတယ်။ပုံထဲကပြထားသလို သူ့ရဲ့ ပုံစံအနေ အထားကိုကြည့်ပြီး သင့်ရဲ့လက်သီး၊ခေါင်း၊လက်ချောင်းတွေနဲ့ ထိခိုက်နာကျင်စေနိုင်တဲ့ အစိတ်အပိုင်းတွေကိုတိုက်ခိုက်လိုက်ပါ။အကောင်းဆုံးအားအပြင်းဆုံးရိုက်ချက်တိုက်ချက်ကတော့သင့်ရဲ့ ခေါင်းနဲ့တိုက်လိုက်တာပါ။ရန်ပြုသူရဲ့ မေးရိုးကိုသင့်ရဲ့ နဖူးနဲ့တိုက်လိုက်တာက သူ့အတွက်တော်တော်လေးကိုအထိနာစေလို့သင့်အတွက်လွတ်မြောက်နိုင်မယ့်နည်းလမ်းကောင်းတစ်ခုပါပဲ။

ဒီနည်းလမ်း ၈ချက်ကိုသေချာမှတ်ထားပြီးအန္တရာယ်ကြုံတဲ့အခါမှာ သတိတရ အသုံးပြုဖို့မမေ့ပါနဲ့။ သတိပြုရမှာကတော့ ကြောက်လန့်စိတ်ပြင်းထန်မနေဖို့ပါ။ခေါင်းအေးအေးနဲ့ တိုက်ကွက်တွေ ကိုပြန်ပုံဖော်ပြီးလွတ်မြောက်အောင်လုပ်ပါ။သွေးပူပြီးစိတ်လှုပ်ရှားနေရင် အမှားအယွင်းတွေဖြစ်နိုင်ပါတယ်။

 

 

2K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.