မြန်မာတွေအခေါ်တော့ရွှေငှက်ပျောသီး လို့အမည်တွင်တဲ့ အနီရောင်ငှက်ပျောသီး ဟာ ပုံမှန်ငှက်ပျောသီး အ၀ါတွေထက်ပိုပြီး ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အစားစာတစ်မျိုးဖြစ်ပါတယ်။ရွှေငှက်ပျော(အနီရောင်ငှက်ပျောသီး) ကနေ ဘယ်လိုအကျိုးကျေးဇူးတွေကို ရရှိနိုင်သလဲ ဆိုတာကြည့်ကြည့်ရအောင်…
(၁) ရောဂါတွေကိုတိုက်ထုတ်ပေးနိုင်ပါတယ်
ငှက်ပျောသီး အနီရောင်မှာ Beta-carotene နဲ့ vitaminC တို့ကြွယ်ဝစွာပါဝင်ပါတယ်။ ဒီနှစ်မျိုးစလုံးဟာ တစ်နေ့တာခန္ဓာကိုယ်ရဲ့ ၁၆%လောက်လိုအပ်တဲ့ဓာတ်တွေဖြစ်ပါတယ်။Antioxidants ရဲ့စွမ်းအင်ကြောင့် ခန္ဓာကိုယ်ခုခံစွမ်းအားကို မြှင့်တင်ပေးတာကြောင့် အအေးမိခြင်း ၊ နှာမွန်ခြင်းစတဲ့ရောဂါ တွေကို ကာကွယ်ပေးနိုင်ပါတယ်။
(၂) အချိုဓာတ်ရရှိမှုလုံလောက်
ငှက်ပျောသီး အနီရောင်ကို နေ့စဉ်မနက်တိုင်း တစ်နေ့တစ်လုံးစားပေးဖို့သင့်တော်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အနီရောင်ငှက်ပျောသီးမှာ သကြားဓာတ် (၃)မျိုးဖြစ်တဲ့ fructose, sucrose and glucose တို့ပါဝင်တာကြောင့်ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အချိုဓာတ်ကို အလုံအလောက်ပေးနိုင်တဲ့အပြင် အစာကြေအားကို ကောင်းစေခြင်းကြောင့်ဖြစ်ပါတယ်။
(၃) နှလုံးကျန်းမာရေးအတွက်ကောင်းမွန်
အနီရောင်ငှက်ပျောသီး မှာ ပိုတက်ဆီယမ်ဓာတ်လည်းကြွယ်ဝစွာပါဝင်ပါတယ်။ ဒါကြောင့် မလိုအပ်တဲ့ အငန်ဓာတ်တွေကို လျော့ချပေးနိုင်တဲ့အပြင် သွေးပေါင်ချိန်တိုးခြင်းကိုလည်းထိရောက်စွာကာကွယ်ပေးနိုင်တာကြောင့် သွေးဆောင့်တိုးပြီး နှလုံးရပ်သွားမျိုး၊ စတဲ့နှလုံးနဲ့ပတ်သတ်တဲ့ရောဂါတွေအတွက်ထိရောက်တဲ့ဆေးတစ်မျိုးဖြစ်ပါတယ်။
(၄) ဆေးလိပ်ဖြတ်ခြင်းကိုကူညီနိုင်
Potassium နဲ့ magnesium တွေပါဝင်တာကြောင့် nicotine ဓာတ်ကို တောင်းတလိုစိတ်နည်းအောင်ဖြေဖျောက်ပေးနိုင်တာကြောင့်ဆေးလိပ်မြန်မြန် ဖြတ်ချင်တဲ့သူတွေအတွက် အသင့်တော်ဆုံးနဲ့ အထိရောက်ဆုံး ဆေးတစ်ခုဆိုလည်း မမှားပါဘူး ။
(၅) ကယ်လိုရီနည်းတယ်
တခြား ငှက်ပျောသီးတွေဟာ တစ်လုံးမှာ ကယ်လိုရီပေါင်း ၉၀ လောက်ပါရှိပါတယ်။ ဒါပေမဲ့ အနီရောင်ငှက်ပျောသီးကတော့ကယ်လိုရီ အနည်းငယ်သာပါဝင်တာကြောင့်ခန္ဓာကိုယ် အလေးချိန်ကို ထိန်းသိမ်းတဲ့သူတွေ အတွက် အဆင်ပြေစေပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာဖြစ်ပါတယ်။
ငှက်ပျောသီး အနီရောင်ကို အများခဏစားစားပေးပြီး သူ့ဆီက ရရှိတဲ့ကျန်းမာရေးသုခတွေကိုကောင်းမွန်စွားရရှိခံစားနိုင်ကြပါစေလို့ဆုတောင်းရင်း…..
အနီရောင်ငှက်ပျောသီးကပေးသောကျန်းမာခြင်းသုခ

Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။