ကောင်လေးတွေအကြိုက်မိန်းကလေးဆိုတာ

ပျိုမေတို့ရေ ယောက်ျားလေးလို့ပြောတာနဲ့သူတို့ဟာ ခန္ဓာကိုယ် Sexyကျတဲ့မိန်းကလေး၊ အရမ်းချောအရမ်းလှတဲ့ မိန်းကလေး တွေကိုပဲသဘောကျတက်တယ်လို့အထင်မလွဲလိုက်ပါနဲ့။ ယောက်ျားလေးတော်တော်များများ လေးစားတန်ဖိုးထားပြီး သဘောကျတက်တဲ့ကောင်မလေးမျိုးတွေလည်းရှိပါတယ်။ ဆိုတော့ကောင်လေးတော်တော်များများ ကဘယ်လိုကောင်မလေးမျိုးကို ရင်ခုန်သဘောကျတက်ကြသလဲ….
(၁) လိုက်လျောညီထွေစွာဝတ်စားတက်သူ
သူနေရာနဲ့သူသင့်တော်အောင် Smart ကျကျ ၀တ်စား တက်တဲ့ကောင်မလေးတွေကို ကောင်လေးတွေသဘောကျတက်ပါတယ်။ ကောင်မလေးတစ်ယောက်ဝတ်စားတဲ့အခါ ဒီအ၀တ်အစားနဲ့သူဘယ်လောက်လှနေသလဲ ဆိုတာမျိုးထက် သပ်သပ်ရပ်ရပ်ရှိတယ်ဆိုတာမျိုး ၊လိုက်ဖက်တယ်ဆိုတာမျိုးကို သတိထားကြည့်တက်ကြပါတယ်။
(၂) ကိုယ်သင်းရနံ့မွှေးပျံ့သူ
ယောက်ျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် ကိုယ်သင်းရနံ့ကောင်းတဲ့သူကိုသဘောကျတက်ကြတာသဘာဝပါ။ အထူးသဖြင့်ယောက်ျားလေးတစ်ယောက်ဟာ မိန်းကလေး တစ်ယောက်ရဲ့ ကိုယ်သင်းရနံ့ကို သင်းသင်းလေးနဲ့ရင်အေးတဲ့အနံ့မျိုးပိုသဘောကျတက်ကြပါတယ်။ စူးစူးရှရှ အနံ့ပြင်းပြင်း ရေမွှေးတွေထက် ခပ်သင်းသင်းလေးနဲ့ ရင်အေးစေတဲ့ ကိုယ်သင်းရနံ့ရှိတဲ့ မိန်းကလေးကို သဘောတွေ့တက်ကြပါတယ်။
(၃) ညဏ်ရည်နဲ့စိတ်ဓာတ်
ထက်မြတ်ပြီးသိပ်ကိုထူးချွန်လွန်းမှရယ်မဟုတ်ပါဘူး။ ဒါပင်မဲ့ဘယ်အရာမဆို သတိလေးနဲ့လုပ်တက်ပြီး စဉ်းစားဆင်ခြင်တက်တဲ့ မိန်းကလေး၊ အတွေးအခေါ်ပိုင်းတင်မကပဲ စိတ်ဓာတ်ပါ ရိုးသား ကြံ့ခိုင်တဲ့ မိန်းကလေးကိုကောင်လေးတွေက လေးစားပြီး သဘောကျတက်ပါတယ်။
(၄) မျက်နှာချိုသူ
မျက်နှာချိုတယ်ဆိုတာ မိန်းကလေးတွေရဲ့ချစ်စရာ ဆွဲဆောင်မှုတစ်ခုပါ။ သိပ်ပြီးတော့မလိုအပ်တဲ့နေရာတွေမှာတော့ မလကားနေပြုံးနေတာမျိုးကိုတော့သဘောမတွေ့တက်ကြပါဘူး။ ဒါပင်မဲ့စိတ်ရှုပ်ပြီး မဲ့ရွဲ့နေတဲ့ မျက်နှာထက် ဘာဖြစ်ဖြစ် ပြုံးချိုနေတဲ့ မျက်နှာလေးကို ပိုသဘောတွေ့တက်ကြပါတယ်။
(၅) မဝေဖန်တက်သူ
သူတစ်ပါးကို ဝေဖန် အပြစ်တင်တက်တဲ့ မိန်းကလေးမျိုးကို ယောက်ျားလေး တွေက သဘောမကျတက်ပါဘူး။ သူတစ်ပါးကောင်းကြောင်း မကောင်းကြောင်းကို အချိန်ကုန်ခံပြီး ပြောနေတက်တဲ့ကောင်မလေးမျိုးထက်ကိုယ့်အလုပ်ကိုယ်လုပ်ပြီး တိုးတက်ဖို့ကြိုးစားနေတဲ့ကောင်မလေးမျိုးကို ကောင်လေးတွေကပို အထင်ကြီးသဘောကျတက်ပါတယ်။
(၆) တစ်ပါးသူကိုကြင်နာတက်သူ
တိရစ္ဆာန်လေးတွေကို ပဲဖြစ်ဖြစ် အသက်ကြီး ရွယ်အိုတွေ ကလေးတွေကိုပဲဖြစ်ဖြစ် ချစ်တက် ကြင်နာတက်တဲ့သူမျိုးကို ကောင်လေးတွေကသဘောကျတက်ပါတယ်။
ကောင်လေးတိုင်းဟာ သဘောကျလောက်တဲ့မိန်းကလေးတွေရဲ့ပုံစံကို သိရှိစေရန် ရည်ရွယ်ပြီး ဖော်ပြပေးလိုက်ပါတယ်…..

2K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.