အချစ်ဆုံးသူငယ်ချင်း Lee Hong Ki အတွက် ဂျင်ဆင်းကြက်ပေါင်းရည်ပို့ပေးခဲ့တဲ့ Park Shin Hye

နာမည်ကျော်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ Park Shin Hye ဟာ သူမရဲ့ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်တဲ့ Lee Hong Ki ဆီကို ဇန်န၀ါရီ ၃၀ရက်နေ့က ဂျင်ဆင်းကြက်ပေါင်းရည်ပို့ပေးခဲ့တယ်လို့သိရပါတယ်။ Lee Hong Ki ဟာ နာမည်ကျော်အဆိုတော်အဖွဲ့ဖြစ်တဲ့ Ftisland ရဲ့ အဖွဲ့ဝင်အဆိုတော်သီချင်းရေး ဆရာတစ်ယောက်လည်းဖြစ်ပါတယ်။

Lee Hong Ki ဟာ အခုလောလောဆယ်မှာ Hwayugi ဇာတ်ကားအတွက် ရိုက်ကူးရေးလုပ်နေတာဖြစ်ပါတယ်။Park Shin Hye ကကြက်ပေါင်းရည်ကို Lee Hong Ki အတွက်သာမက ရိုက်ကူးရေးအဖွဲ့ဝင်တွေ၊အဖွဲ့သားတွေအတွက်ပါ ပို့ပေးခဲ့တာဖြစ်ပါတယ်။

 

Park Shi Hyeက ကြက်ပေါင်းရည်ပို့ပေးခဲ့ပြီးတဲ့နောက် သူတို့နှစ်ယောက်ရဲ့ ဓာတ်ပုံနဲ့အတူ Hong Ki ကိုများများစားဖို့နဲ့ နှစ်ခါစားဖို့တောင်ပြောခဲ့ပြီး Hwayugi အဖွဲ့သားတွေအကုန်လုံး နွေးထွေးတဲ့အစားအစာတွေစားပြီး ရုပ်ရှင်ရိုက်ကူးဖို့စာလေးပါပို့ပေးခဲ့တယ်လို့သိရပါတယ်။

သူရဲ့ စပရိုက်စ်ကြောင့် အံ့အားသင့်သွားခဲ့တဲ့ Lee Hong Ki ကတော့ သူ့ရဲ့ အင်စတာဂရမ်မှာ “သူတော်တော်လေးကိုဝမ်းသာရပါတယ်။Shin Hye ကိုကျေးဇူးလည်းအများကြီးတင်ပါတယ်။ကောင်းကောင်းစားပြီး ရုပ်ရှင်လည်းကောင်းကောင်းရိုက်ပါမယ်”လို့ပြောနေတဲ့ဗီဒီယိုလေးတင်ပေးခဲ့တယ်လို့သိရပါတယ်။

Source:Soompi

693 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.