သူများကို လက်ညိုးမထိုးခင် ကိုယ့်ကိုယ်ကိုယ်ပြန်ကြည့် !

အခုခေတ်ကြီးမှာ သူများအကြောင်းပြောဖို့ဆို အရှေ့ ဆုံးကကြီးပဲ။ဝေးဝေးမကြည့်နဲ့.. ဖေ့ဘုတ်စ်ကိုပဲ သုံးရက်လောက် ဆက်တိုက်သုံးလိုက်မယ်ဆိုရင် လူတွေအကြောင်းကောင်းကောင်းနောကြေသွားမယ်ထင်တယ်။ ဟုတ်လားသိ.. မဟုတ်လားမသိပဲနဲ့ ပြောရပြီးရောဆိုပြီး စွတ်ပြောနေကြတော့
တစ်ဖက်မှာ ဘယ်လောက်ထိအကျိုးသက်ရောက်မှုရှိသွားလဲ … မသိနိုင်ဘူး။ တစ်ချို့ စကားလုံးတွေက ကိုယ့်အတွက်တော့ဘာမှမဟုတ်ပေမယ့် နားထောင်တဲ့လူတစ်ယောက်အတွက်တော့ နားခါးစေတယ်။

တစ်ချို့ လူတွေကြတော့ ဘာမှမဟုတ်လည်း တစ်ခုခုဝင်ပြောနေရမှာကို ကျေနပ်နေကြပြန်တယ်။ ဒါဟာ ဆိုရှယ်မီဒီယာပေါ်မှ မဟုတ်ဘူး။ အပြင်မှာလည်း သူတို့အကျင့်က ဒီတိုင်းပဲ! လူတစ်ဖက်သားကို စိတ်ထိခိုက်အောင်ပြောရမှ ကျေနပ်ကြတယ်။ ဒီလိုလူတွေက သူတို့အကျင့်နဲ့ သူတို့တစ်သက်လုံးပြီးသွားမှာပဲ.. ဘယ်တော့မှလည်းပြင်မှာမဟုတ်ဘူး။ စကားပြောပွင့်လင်းသလိုနဲ့ ရိုက်ချတာမျိုးပေါ့။

အခြေအနေနဲ့ အချိန်အခါ ဆိုတဲ့စကားကို အမြဲမှတ်ထားရင် အဆင်ပြေပါတယ်။ လူတွေနဲ့ပေါင်းသင်းဆက်ဆံရာမှာ ဒါကိုအသုံးချတတ်ဖို့လိုတယ်။ မျက်နှာအရိပ်ကဲကြည့်တတ်ဖို့ပဲလိုတာပါ။ တစ်ခုခုဆို သူဘာလို့ဒီလိုပြောတာလဲ.. ဒီလိုလုပ်တာလဲဆိုတာ အဖြေရှာပါ။ အပြစ်တင်မစောပါနဲ့။ သူများကို လက်ညိုးထိုးရလောက်အောင် ကိုယ်ကရော ဘယ်လောက်တော်၊ ဘယ်လောက်တတ်နေလဲပြီဆိုတာ ပြန်ဆန်းစစ်ဖို့မမေ့ပါနဲ့။

လောကကြီးမှာ နည်းနည်းလေးအပြစ်လုပ်မိတာနဲ့ ဝိုင်းဝန်းလက်ညိုးထိုးမယ့်လူတွေပဲများလာရင် ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်မှုဆိုတဲ့ ကိစ္စတွေလည်း တဖြည်းဖြည်းမြင့်တက်လာလိမ့်မယ်။ လူ့စိတ်ဆိုတာပြောလို့မရပါဘူး။ ထွက်ပေါက်မရှိတော့ရင် မဟုတ်တဲ့အတွေးတွေခေါင်းထဲဝင်လာတတ်တယ်။ အမုန်းတွေမပွားပဲ ခွင့်လွှတ်ပေးနိုင်အောင် ကြိုးစားပါ။ သူဟာ ခွင့်လွှတ်မှုနဲ့ထိုက်တန်လို့မဟုတ်ပဲ..သင်ဟာ ငြိမ်းချမ်းမှုနဲ့ ထိုက်တန်လို့ပါတဲ့။ အမြင့်ရောက်လာလေ ပုတ်ချခံရလေပဲ ။ အလုပ်မရှိတဲ့သူတွေကတော့ သူများကို လက်ညိုးထိုး ၊ ဝေဖန်ပြီး အချိန်တွေကုန်ဆုံးသွားချိန် သူတို့လက်ညိုးထိုးနေတဲ့သူကတော့ ဟိုးအမြင့်ကိုရောက်နေပြီ။အချိန်တန်တော့ ကိုယ့်အလုပ်က သက်သေပြသွားတာပါပဲ။ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ်.. သူများကိုလက်ညိုးထိုးတော့မယ်ဆိုရင်.. ကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်လိုက်ပါ… 🙂

252 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.