အောင်မြင်မှုနဲ့ခွဲခွာထားတဲ့မူပိုင်အလိမ်ညာများ

လူတစ်ယောက်ဟာ အောင်မြင်မှုအစစ်မှန်ကိုလိုချင်ရင် သူတစ်ပါးကိုရောကိုယ့်ကိုယ်ကိုယ်ကို ပါ မလိမ်ညာသင့်ပါဘူး။ ကိုယ်ကိုယ်တိုင် ကိုယ့်ကိုယ်ကိုယ်လိမ်ညာနေခြင်းကြောင့်အောင်မြင်သင့်သလောက်မအောင်မြင်ပဲ အောင်မြင်မှုနဲ့ဝေးကွာနေတက်ကြပါတယ်။ ဆိုတော့ ကိုယ့်ကိုယ်ကိုယ်လိမ်မိနေတဲ့ဘယ်လို အရာတွေကြောင့်အောင်မြင်မှုနဲ့ဝေးကွာနေရတာလဲ???
(၁) ငါဘယ်တော့မှမရှုံးဘူးဟေ့
တစ်ချို့ကရှိပါတယ်။ ရှူံးမှာကိုအရမ်းကြောက်ကြပါတယ်။ သူများအမြင်မှာကိုယ်ရှုံးသွားတယ်ဆိုတာကို လူသိမှာသိပ်စိုးရိမ်တက်ကြပါတယ်။ ဒါကြောင့်ကိုယ့်စိတ်ကိုယ်ကိုယ်လိမ် ကိုယ့်အမှားကိုကိုယ်တိုင်ဖုံးကွယ်ပြီး နေတာကြောင့် အရှုံးကိုသင်ခန်းစာလည်းမယူပဲ ဖုံးဖိရင်းကိုယ့်ကိုယ်ကိုယ်လိမ်ညာရင်းနဲ့ပဲအောင်မြင်မှုနဲ့ဝေးကွာသွားတက်ပါတယ်။
(၂) ကံမကောင်းတဲ့အချိန်ရောက်နေလို့ပါ
ကိုယ့်ကိုယ့်ကိုယ်ဖြေသိမ့်တက်ကြတဲ့သူတွေရဲ့အကျင့်ပါ။ ကိုယ်ဖြစ်ပျက်နေတဲ့အရာတွေကို ကိုယ်တိုင်အသုံးမကျလို့လို့ တာဝန်မယူတက်ပဲ ကံကိုသာပုံချတက်တဲ့ သူမျိုးပါ။ ကိုယ့်စိတ်ကို ကိုယ်လိမ်ပြီး ငါကံမကောင်းသေးတဲ့အချိန်မို့ပါကံကောင်းရင် အဆင်ပြေလာလိမ့်မယ်ဆိုပြီး ကိုယ့်စိတ်ကို လိမ်ကြတဲ့သူတွေရှိပါတယ်။
(၃) ကိုယ့်ဘာသာကိုယ်လုပ်နိုင်တယ်
တစ်လွဲမာနနဲ့ဘယ်အရာမဆိုသူများကို ဆရာမတင်ဘူး။ ကိုယ့်ဘာသာကိုယ်ပဲရအောင်လုပ်မယ်ဆိုတဲ့စိတ်ရှိတက်တဲ့သူတွေပါ။ လူတိုင်းရာ အရာရာတိုင်းကိုသိဖို့လုပ်တက်ဖို့ကတော့မလွယ်ကူပါဘူး။ ဒါကြောင့်ကိုယ်မြန်မြန်အောင်မြင်မှုစစ်စစ်ကို လိုချင်ရင်သူတစ်ပါးကို ဆရာတင်ရတဲ့အခါမျိုးလည်းရှိပါတယ်။ ကိုယ်မတက်ရင်မတက်ဘူး မလုပ်နိုင်ရင်မလုပ်နိုင်ဘူးဆိုတဲ့ အမှန်တရားကို ပြောပြဖို့ရှက်တက်ကြပြီး ကိုယ်လုပ်နိုင်တယ်ဆိုပြီးကိုယ့်စိတ်ကို ပါ လိမ်လည်ကာ အောင်မြင်ဖို့ရှေ့ရောက်သင့်သလောက်မရပါဘူး။
(၄) လုံလုံလောက်လောက်မသိဘူး
အကြောင်းပြချက်ကောင်းလို့ပြောလို့ရတဲ့ကိုယ့်စိတ်ကိုယ်လိမ်နည်းတစ်မျိုးပါပဲ ။ တစ်စုံတစ်ခုကို လုပ်တဲ့အခါ ဒီအမှားက ငါသေချာမသိပဲလုပ်မိတာ ၊ စိတ်ထဲမှာသေချာနားမလည်ဘူး ၊ စသည်ဖြင့်ဘာညာ အကြောင်းပြတက်ကြပါတယ်။ တကယ်တော့အောင်မြင်နေတဲ့သူတွေတိုင်းဟာ လည်းညဏ်မကောင်းကြပါဘူး။ သူတို့မှာ အကြောင်းပြချက် ၊ ဆင်ခြေ ဆိုတာမျိုးတွေမရှိပဲကိုယ်လုပ်မဲ့အရာအပေါ်သေချာနားလည်အောင်လုပ်ပြီးမှအကောင်အထည်ဖော်လေ့ရှိပါတယ်။ လူတစ်ချို့ကသာ သိပ်မသိဘူး သိပ်မရဘူး ဆိုတဲ့အကြောင်းပြချက်တွေနဲ့ကိုယ့်စိတ်ကို ကိုယ်လိမ်ပြီး အောင်မြင်ဖို့နှောင့်နှေးသွားတာပါ။
(၅) ငါ့မှာဘယ်တော့မှငွေအလုံလောက်မရှိဘူး
လုပ်ငန်းတစ်ခုပဲဖြစ်ဖြစ် ဘယ်အလုပ်မဆိုစတင်ဖို့ငွေအားလည်းအရေးကြီးတယ်ဆိုတာမမှားပါဘူး။ ဒါပင်မဲ့ငွေမလုံလောက်သေးတာကို အကြောင်းပြပြီးတစ်ခြား လေ့လာကျွမ်းကျင်သင့်တဲ့အပိုင်းတွေကို သင်ယူလေ့လာခြင်းမရှိပဲ ငွေမရှိလို့ဘာမှမလုပ်ဖြစ်တာ ဘယ်တော့မှငွေလုံလုံလောက်လောက်မရှိဘူးဆိုပြီး ကိုယ့်စိတ်ကိုယ်လိမ်လည်ထားပြီး အကြောင်းပြတက်တာကြောင့်လိုချင်တဲ့အောင်မြင်မှုနဲ့ဝေးကွာသွားတက်ကြပါတယ်။ကိုယ့်ကိုယ်ကိုယ်လိမ်ညာတက်တဲ့သူဟာ ဘယ်တော့မှ အောင်မြင်နိုင်မဲ့သူမဟုတ်ပါဘူး ။ ဒါကြောင့် ကိုယ့်ဖြစ်ပျက်နေတဲ့ အမှန်တရားအတိုင်းကိုယ့်စိတ်ကို အသိပေးပြီး အောင်မြင်မှုရရှိအောင်ကြိုးစားဖို့လိုအပ်ပါတယ်…

175 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.