Facebook က Crush လေးနဲ့ အပြင်မှာတွေ့ဖို့ချိန်းလိုက်ပြီလား။ကိုယ်ကြိုက်နေတဲ့ကောင်မလေးကိုမိတ်ဖွဲ့ဖို့ သတ္တိမွေးထားပြီလား။ဒါမှမဟုတ်အလုပ်အင်တာဗျူးတွေ လူတွေ့စာမေးပွဲတွေရှိနေတာလား။လူတွေအများစုပြောနေကြသလိုပဲ First Impression ဆိုတာအမှန်တကယ်ကိုအရေးကြီးပါတယ်။ မြင်မြင်ချင်းချစ်မိသွားတယ်ဘာညာဆိုတာလည်း First Impression ပါပဲ။ ဘယ်သူမှတော့ ဘယ်သူ့ကို မြင်မြင်ချင်းဘလိုင်းကြီးချစ်သွားတာ ခင်သွားတာဖြစ်ဖို့ရာခဲယဉ်းပါတယ်။ လုပ်ယူလို့ရောမရဘူးလားတဲ့။ အိုကေ.. သင်က လမ်ဘော်ဂီနီကားကြီးပေါ်ကဆင်းလာမယ်၊ပိုက်ဆံပန်းစည်းကြီးပါလာမယ်၊အထဲမှာ တစ်သောင်းတန်လေးတွေလိပ်ထည့်ထားတဲ့ ပူဖောင်းပန်းရောင်ကြီးပါလာမယ်၊ပုရွက်ဆိတ်ခြေချော်လဲအောင်ချိုမြတဲ့အပြုံးနဲ့ သင်ချစ်တဲ့ကောင်မလေးရှေ့မှာ ရပ်တန့််လိုက်မယ်ဆိုရင်တော့ တစ်မျိုးပေါ့။ ဒါတောင် အဲ့ဒီ့ကောင်မလေးက ခပ်တုံးတုံးနဲ့ ပိုက်ဆံမြင် မျက်နှာရွှင်အမျိုးအစားထဲက ဖြစ်နေပါမှ။ ညဏ်ရည်မြင့်ပြီး ထက်မြက်တဲ့မိန်းမဆိုရင်တော့ ဘာကြောင်တာလဲဟဆိုပြီး တစ်မျိုးထင်ရင်ထင်သွားနိုင်သေးတယ်။ ခုပြောပြမှာကတောာ့ ပိုက်ဆံတွေအရှိန်အဝါတွေမလိုပဲနဲ့ လူတစ်ယောက်ကိုယ့်ကိုမြင်မြင်ချင်းခင်မင်နှစ်လိုအောင် ဘယ်လိုပြုမူနေထိုင်ရမလဲဆိုတာပါ။ (First Date တွေမှာလည်းသုံးလို့ရတယ်နော်)
သပ်ရပ်သန့်ရှင်းစွာဝတ်စားဆင်ယင်ပါ
သိန်းကျော်တန်တွေဖြစ်နေဖို့မလိုဘူး၊Branded တွေဖြစ်နေဖို့မလိုဘူး၊ ပုဆိုးတစ်ပတ်နွမ်းလေးနဲ့ လည်ကတုံးအဖြူလေးလည်းဖြစ်တယ်။သန့်စင်အောင်လျှော်ဖွပ်မီးပူတိုက်၊ခေါက်ရိုးကျနေတဲ့အဝတ်လေးတွေပေါ့။ ဘယ်သူကတော့ ညစ်ပတ်ပေတလူးနေတဲ့ ကို့ရို့ကားယားဒီဇိုင်းနဲ့ ချွေးနံ့တဟောင်ဟောင်နဲ့ ဘယ်သူဂရုစိုက်စိုက်မစိုက်စိုက် သောက်ဂရုလုံးဝမစိုက်ဆိုတဲ့မျက်နှာပေးမျိုးကိုသဘောကျပါ့မလဲ။
အပြင်အဆင်
ဝတ်စားဆင်ယင်မှုပြီးတော့ အပြင်အဆင် ယောက်ျားလေးဆိုလည်းမိတ်ကပ်တွေလိမ်းနေဖို့ထိမလိုပါဘူး၊ခေါင်းကိုဆီလေးလိမ်း၊သပ်သပ်ရပ်ရပ်ဖြီး။မုတ်ဆိတ်မွှေးနှုတ်ခမ်းမွှေးတွေရိတ်သင် ခေါင်းမှာဗောက်တွေမရှိစေနဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေး သေချာဂရုစိုက်တာလောက်ဆို First Impression အတွက်လုံလောက်ပါတယ်။ မိန်းကလေးဆိုလည်း အတိုအပြတ်တွေဝတ်နေမှမဟုတ်ပါဘူး၊ကိုယ်သွားမယ့်နေရာအလိုက် သပ်သပ်ခပ်ခပ်မြန်မာဝတ်စုံလေး၊ဒါမှမဟုတ် ဂျင်းဘောင်းဘီနဲ့ရှပ်အင်္ကျိလေး၊ဆံပင်လေးကိုလည်း ခြင်္သေ့လည်ဆံမွှေးကေမထားပဲ သပ်သပ်ရပ်ရပ်စည်းသွားမယ်ပေါ့။
ဟန်အမူအရာ
ခုခေတ်ကြီးမှာ ယောက်ျားလေးတွေအတွက်အရေးအကြီးဆုံးကတော့ စတာပဲဖြစ်ဖြစ်အတည်ပဲဖြစ်ဖြစ် နွဲ့တဲ့တဲ့မနေမိဖို့ပါပဲ(ကြပ်ကြပ်ကြီးသတိပေးလိုက်ပါပေရဲ့နော်) ကိုယ်တို့မိန်းကလေးတွေရဲ့ အိပ်မက်ဆိုးကတော့ ပုလင်းကွဲရှခံရတယ်ဆိုတဲ့ ယောက်ျားလေးချင်းကြိုက်တဲ့သူမျိုးကိုကြွေမိမှာကိုပါပဲ(ဒါကြောင့်အရင်ကလို ဟယ်ဟိုကောင်လေးချောလိုက်တာ ဒီကောင်လေးကိုတော့ကြွေမိပြီိလေဆိုတာမျိုးမလုပ်ရဲကြတော့ပဲ ကြွေချင်ရင်တောင်မှ အဲဒီ့လူရဲ့ပြောပုံဆိုပုံဘာညာအနေအထားကို တီးမိခေါက်မိလုပ်ပြီိးမှ ကြွေကြရတဲ့ဘဝပါ)ဒီတော့ သင်ကြိုက်တဲ့ကောင်မလေးကလည်းသင့်ကိုစိတ်ဝင်စားရင်စောင့်ကြည့်နေနိုင်ပါတယ်နော်။ အဲ့ချိန်မှာမှ ယောက်ျားလေးအချင်းချင်း ချစ်တွေသဲတွေစနောက်ပြီးခေါ်မိရင်တော့ ကိုယ့်ဘဝနဲ့ကိုယ်ပါပဲ။ မိန်းကလေးတွေအတွက်ကတော့ ပြာကလပ်စိန်လက်လက်ထမနေမိဖို့ပဲလို့ထင်ပါတယ်။ Social ကျတာနဲ့ Slut ဆန်တာနဲ့ကွာတယ်ဆိုသလိုပဲ စစတွေ့ချင်းမှာတင် အိုင်ကဆိုရှယ်ကျတယ်ယူရဲ့ ဆိုပြီး ပခုံးလှမ်းဖက်တာတွေ လက်လှမ်းဆွဲတာတွေ လုပ်ရင်တော့ ကောင်လေးကလည်း ဆိုရှယ်ကျရင်တာ့တာနော်ဆစ်ဆိုပြီး တပ်ခေါက်သွားမှာသေချာပါတယ်။