မင်းသမီးချောလေး Jun Ji Hyun ကတော့ အခုဆိုရင် သားလေးနှစ်ယောက် အမေဖြစ်သွားပါပြီ။သူမရဲ့ ပထမဆုံးရင်သွေးလေးကတော့ ၂၀၁၆ ၊ဖေဖော်ဝါရီလ မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။ပထမဆုံးရင်သွေးလေးက သားယောကျာ်းလေးဖြစ်သလို အခုတစ်ခါဒုတိယမြောက်ရင်သွေးလေးကလည်း ယောက်ျားလေးပါပဲ။
သူမရဲ့ အေဂျင်စီဖြစ်တဲ့ Culture Depot ကုမ္ပဏီက “မင်္ဂလာပါ။မင်းသမီး Jun Ji Hyun ရဲ့ အေဂျင်စီCulture Depot ကုမ္ပဏီဖြစ်ပါတယ်။ Jun Ji Hyunနဲ့ပတ်သက်ပြီး သတင်းကောင်းလေးတစ်ခုကိုပြောပြချင်ပါတယ်။အဲ့ဒါကတော့မင်းသမီးဟာ ဇန်န၀ါရီ ၂၆ရက်နေ့၊ညနေ ၆နာရီက ဆိုးလ်၊သားဖွား ဆေးရုံမှာ ကျန်းမာတဲ့သားယောက်ျားလေး တစ်ယောက်ကိုမွေးဖွားခဲ့တာဖြစ်ပါတယ်။အမေရော ကလေးပါကျန်းမာနေကောင်းပါတယ်။ သူမကိုဂုဏ်ပြုဝမ်းသာစကားပြောပေးတဲ့လူတိုင်းကိုကျေးဇူးတင်ပါတယ်”လို့ အတည်ပြုပြောကြားခဲ့ပါတယ်။
မင်းသမီး Jun Ji Hyunကတော့ နောက်ထပ်ရုပ်ရှင်ဇာတ်ကားအသစ်တွေလက်မခံခင် သူမရဲ့ ခင်ပွန်းနဲ့အတူ သားလေးနှစ်ယောက်ကိုသေချာဂရုတစိုက်စောင့်ရှောက်ဖို့ အာရုံစိုက်နေတယ် လို့သိရပါတယ်။သူမဟာ မကြာသေးခင်ကမှ Lee Min Ho နဲ့အတူ The Legend Of the Blue Sea နာမည်ကျော်ရေသူမဇာတ်ကားကို ရိုက်ကူးခဲ့တာဖြစ်ပါတယ်။
Source:Koreaboo