အိမ်တိုင်းမှာ ထည့်ထားသင့်တဲ့အကောင်းဆုံး အပင်လေးများ

ပန်းအိုးလေးတွေဟာ အိမ်တစ်အိမ်ကို နွေးထွေးစေပြီး ပိုလည်းလှစေတယ်။ ပန်းတွေအများကြီးရှိပေမယ့် ဘယ်လိုအပင်၊ ပန်းလေးတွေကို အိမ်မှာထားလို့သင့်တော်လဲဆိုတာကိုဖော်ပြပေးလိုက်ပါတယ်။

ရေချိုးခန်း


(၁) Lady palm trees – ဒီအပင်က အမိုးနီးယားဓာတ်ငွေကို ရှင်းထုတ်ပေးပြီး ရေချိုးခန်းထဲက စွန်းထင်းမှုအမျိုးမျိုးကိုလည်း ပျောက်ကင်းစေတယ်လို့သိရတယ်။
(၂) Chinese evergreens – လေထုထဲက ဖော်မယ်ဒီဟိုက် ဓာတ်ငွေ့ကို လျော့ကျစေတယ်။ သူ့ကို ရေချိုးတဲ့နေရာနားမှာထားပေးရင် ပိုကောင်းတယ်။
(၃) European ivy – အခြား အပင်တွေထက်စာရင် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ပိုသန့်ရှင်းပေးနိုင်တယ်။ လေထဲက အဆိပ်ငွေ့၊ ဖော်မယ်ဒီဟိုက်နဲ့ အခြားဓာတ်ငွေ့တွေကို ရှင်းထုတ်ပေးနိုင်တယ်။

အိပ်ခန်း


(၁) Sansevieria trifasciata – ညဘက်ဆို အောက်ဆီဂျင် ပိုကောင်းစေပြီး အဆိပ်တောက်ဖြစ်စေမယ့် လေထုကို ရှင်းပေးတယ်။ အိပ်စက်တဲ့အခါ နှစ်ခြိုက်စွာ အိပ်စက်နိုင်အောင်ကူညီပေးတယ်။
(၂) Spathiphyllum – သူလည်း အတူတူပါပဲ။ အဆိပ်တောက်ဖြစ်စေတဲ့ (acetone, benzol, and ammonia) အန္တရာယ်ရှိဓာတ်ငွေ့တွေကိုရှင်းထုတ်ပေးတယ်။
(၃) Phalaenopsis – အရမ်းလှပတဲ့ ပန်းလေးပါ။ ညချိန်တွေမှာ အောက်စီဂျင်များစွာကို ထုတ်လွှတ်ပေးပြီး ဟိုက်ဒရိုက်ကာဗွန်ဓာတ်ပေါင်းတွေကို ရှင်းထုတ်ပေးတယ်။

ဧည့်ခန်း


(၁) Dracaena reflexa – လေထုထဲက benzol နဲ့ formaldehyde တို့ကိုဖယ်ရှားပေးနိုင်တယ်။ (Wallpapers , နံရံဆေး ၊ လိုက်ကာနဲ့ ကော်ဇောတွေမှာတွေ့ရတဲ့ လေထုတွေဖြစ်ပါတယ်)
(၂) Chlorophytum – ကားထဲက မကောင်းတဲ့လေငွေ့တွေနဲ့ ဆေးလိပ်ငွေ့တွေကို ဖယ်ရှားပေးနိုင်တယ်။ လေထုအစိုဓာတ် ကောင်းကောင်းရစေတယ်။
(၃) Benjamin figbenzol, trichloroethylene ဆိုတဲ့ ညစ်ညမ်းလေထုတွေ
ကို သန့်စင်ပေးနိုင်ပါတယ်။

မီးဖိုချောင်


(၁) Aloe – ဖော်မယ်ဒီဟိုက်နဲ့ benzol လေထုကိုပျောက်ကင်းစေတယ်။
(၂) Stephanotis floribunda – ဒီအပင်က မီးဖိုချောင်ကို ကျန်းမာရေးနဲ့ ညီညွတ်အောင် လုပ်ပေးနိုင်တယ်။ လှပတဲ့ ပွင့်ရွက်လေးတွေကြောင့် စိတ်ကြည်နူးရပြီး မကောင်းတဲ့ လေငွေ့တွေကိုလည်း သန့်စင်ပေးနိုင်တယ်။
(၃) Saintpaulia – ဒီအပင်က သင့်အိမ်မှာရှိတဲ့ ပုရွက်ဆိတ်နဲ့ အခြားပိုးမွှားတွေကို ပြေးစေပါတယ်။

442 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.