ပြီးခဲ့တဲ့ စနေနဲ့က တူရကီလိဂ်ပွဲစဉ်(၁၄)အဖြစ် အိမ်ရှင် ဂါလာတာစာရေးအသင်းဟာ Elazigspor အသင်းကို ဧည့်ခံကစားခဲ့ပြီး ပွဲအစ(၇)မိနစ်အတွင်းမှာပဲ (၂)ဂိုးပြတ်ဦးဆောင်နိုင်ခဲ့ကာ ဒီဂိုးတွေနဲ့ပဲ အနိုင်ရရှိခဲ့ပါတယ်။ ဒါ က ဘာမှမထူးခြားခဲ့ပေမယ့် ထူးခြားတဲ့ဖြစ်ရပ်ကို ဂါလာတာစာရေးတိုက်စစ်မှူး ဒီဒီယာဒရော့ဂ်ဘာနဲ့ ခံစစ် မှူး အီမန်နူရယ်အီဘိုယေးတို့က ဖန်တီးခဲ့ကြပါတယ်။ ဒီပွဲအပြီးမှာ ဒရော့ဂ်ဘာက ကွယ်လွန်သူနယ်လ်ဆင်မန်ဒဲ လားအတွက် “Thank You Madbia” ဆိုတဲ့ စာတန်းရေးထိုးထားတဲ့ စာတန်းပါအကျီကို ထုတ်ဖော်ပြသခဲ့သ လို အီဘိုယေးကလည်း “Rest In Peace Nelson” ဆိုတဲ့စာတန်းနဲ့ မန်ဒဲလားအတွက် ၀မ်းနည်းပါကြောင်း အသီး သီး ထုတ်ဖော်သွားခဲ့ကြတာပါပဲ။
ဒီထက်ပိုထူးခြားစေတာကတော့ အဲဒီလိုပြုလုပ်ခဲ့ကြတဲ့ ဒရော့ဂ်ဘာနဲ့ အီဘိုယေးတို့နှစ်ဦးကို တူရကီဘောလုံးအ ဖွဲ့ချုပ်ကနေ အားကစားနဲ့ နိုင်ငံရေးရောထွေးစေတယ်ဆိုတဲ့ စွဲချက်နဲ့ ပြစ်ဒဏ်များချမှတ်ပါတော့မယ်တဲ့။ သူတို့ နှစ်ဦးဟာ ဒီလိုစာတန်းများနဲ့ ထုတ်ဖော်ကြမယ်ဆိုတာကို အဖွဲ့ချုပ်ထံကြိုတင်အကြောင်းမကြားခဲ့ခြင်းကြောင့် အခုလို စွဲဆိုခံရတာဖြစ်ပါတယ်။ တူရကီဘောလုံးအဖွဲ့ချုပ်အနေနဲ့ ဖီဖာရဲ့မူအတိုင်း အားကစားနဲ့ နိုင်ငံရေးမရော ထွေးစေအောင်လို့ ပြင်းပြင်းထန်ထန်ဆောင်ရွက်နေပေမယ့် နိုင်ငံရေးအတိုက်အခံများလွန်းလှတဲ့ နိုင်ငံတွင်းမှာ မကြာခဏဆိုသလို ဒီလိုဖြစ်ရပ်တွေက ပေါ်ပေါကလျက်ရှိနေတာဖြစ်ပါတယ်။ တူရကီမှာ ဒီလိုဖြစ်နေပေမယ့် ပြီး ခဲ့တဲ့တစ်ပတ် အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်များမှာတော့ မန်ဒဲလားအတွက် တစ်မိနစ်တာ လက်ခုပ်တီးခဲ့ပြီး တရားဝင်ကို ဂုဏ်ပြုခဲ့ကြတာတွေ့ရပါတယ်။