ဘဝကိုအရှုံးမပေးပဲ သူတို့တွေဘယ်လိုရင်ဆိုင်ကျော်ဖြတ်ခဲ့ကြလဲ?

” သနားဖို့ကောင်းလိုက်တာ” ဆိုတဲ့ ဒီစကားဟာ နားထောင်လို့ကောင်းတဲ့ စကားတစ်ခွန်းတော့မဟုတ်ဘူး။ တစ်စုံတစ်ယောက်အတွက် သနားဂရုဏာသက်နေမယ့်အစား အားပေးနှစ်သိမ့် ၊ ထောက်ပံ့ပေးလိုက်တာက ပိုပြီး အကူညီဖြစ်ပါတယ်။ အခုဖော်ပြထားတဲ့ လူ(၇)ယောက်ဟာ စိတ်အားထက်သန်ခြင်းဆိုတာ ဘယ်လိုမျိုးလဲ သူတို့ထောက်ပြခဲ့တယ်။ သူတို့ဇာတ်လမ်းတွေကို သင်ဖတ်ပြီးရင် အံ့သြသွားရုံမကပဲ စိတ်ဓာတ်ခွန်အားတွေပါ ရလာလိမ့်မယ်လို့ ယုံကြည်ပါတယ်။

John Bramblitt

အသက် ၃ဝမှာ သူ့ရဲ့အမြင်အာရုံတွေ ချို့ ယွင်းခဲ့တယ်။ အရမ်းကိုစိတ်ဓာတ်တွေကျပြီး သူရဲ့မျှော်လင့်ချက်တွေ ရေစုန်မျောသွားလိုခံစားရတယ်။ သူ့ရဲ့စိတ်မွန်းကြပ်မှုတွေထဲကနေ ဆွဲထုတ်ပေးနိုင်မယ့် အနုပညာကို သူရှာတွေ့ခဲ့တယ်။ အခုဆို Bramblitt ဟာ နာမည်ကြီး အမေရိကန် ပန်းချီဆရာတောင်ဖြစ်နေပါပြီ။ သူမျက်လုံးမမြင်ရပေမယ့်လည်း ထိတွေ့မှုနဲ့ခံစားပြီး ပန်းချီတွေဆွဲတယ်။
သူ့ရဲ့ဖန်တီးမှုလက်ရာတွေ ဘယ်လောက်တောင် ခမ်းနားလည်းဆိုတာ ပုံထဲမှာ ပြထားပါတယ်။

Hugh Herr

Hugh ဟာ ၈နှစ်အရွယ်တည်းက အမြင့်ပေ ၁၁၆၂၇ တောင်ပေါ်ကို တက်ရောက်နိုင်ခဲ့သူဖြစ်ပါတယ်။ အတော်ဆုံးတောင်တက်သမားအနေနဲ့ သူ့ကို သတ်မှတ်ခဲ့ကြတယ်။ ဒါပေမယ့် အသက် ၁၇နှစ်အရွယ်မှာ ဆိုးဝါးတဲ့မတော်တဆမှုဖြစ်ခဲ့တယ်။ Hugh နဲ့ သူ့သူငယ်ချင်းသုံးယောက် ရေခဲတောင်တစ်ခုမှာ ၃ရက်လောက် ပိတ်မိနေခဲ့တယ်။ ထိုအချိန်အတွင်း ခြေထောက်မှာ နှင်းကိုက်နာတွေ အများကြီးရပြီး ခြေထောက်နှစ်ဖက်လုံး ဆုံးရှုံးခဲ့ရတယ်။ ခွဲစိတ်မှုပြီးနောက် Hughက သူ့ကိုယ်သူ ကတိပေးခဲ့တယ်။ တောင်ပေါ်ပြန်တက်နိုင်ရမယ်ဆိုပြီးတော့ပေါ့။ အဲ့ဒီလိုနဲ့ပဲ သူ့ရဲ့အသက်မွေးဝမ်းကြောင်းအလုပ်ကို ခြေတုတွေနဲ့ စတင်ခဲ့တယ်။ အခုချိန်မှာတော့ Hugh ခြေတုတွေနဲ့ဆက်လက်ရှင်သန်ပြီး တောင်တက်နေတုန်းပါပဲ။ လူတိုင်းမပြည့်စုံနိုင်ပေမယ့် စိတ်ဓာတ်သာ ပြင်းထန်ရင် အနောက်ကသူ့အလိုလိုဖြစ်လာမှာတွေရှိတယ်ဆိုတာကို Hughက လက်တွေ့ပြခဲ့တယ်။

Nyle DiMarco

ဒီလောက်ချောမောတဲ့ အမျိုးသားတစ်ယောက်ဟာ ကျန်းမာရေးပြဿနာတစ်ချို့ ရှိနေတယ်။ သူဟာမွေးတည်းက အကြားအာရုံချို့ ယွင်းနေတာဖြစ်ပါတယ်။ အကြားအာရုံကို ကူညီပေးတဲ့စက်ပစ္စည်းတွေနဲ့တောင် သူ့အတွက် အလုပ်မဖြစ်ဘူးလို့ သိရတယ်။ ဒါပေမယ့် သူပါးစပ်ကိုတော့ ဖတ်တ်တယ်။ ပါးစပ်ကလှုပ်တာနဲ့ ဘာပြောတာလဲဆိုတာ သူသိတယ်။ သူက မော်ဒယ်၊ သရုပ်ဆောင်လည်းဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ အကြားအာရုံချို့ ယွင်းသူပေါင်း ၇ဝမီလီလျံလောက်ဟာ သူ့ကိုကြည့်ပြီး စိတ်ဓာတ်ခွန်အားတွေရခဲ့တယ်။ အကြားအာရုံချို့ ယွင်းနေပေမယ့် သူတတ်နိုင်တဲ့ဘက်မှာတော့
ကျွမ်းကျင်နေခဲ့တယ်။

JC Sheitan Tenet


Tenet က ကလေးဘ၀တည်းက ညာဘက်လက်ကို ဆုံးရှုံးခဲ့ရတာဖြစ်ပြီး တက်တူးဆရာတစ်ဆူဖြစ်လာလိမ့်မယ်လို့လည်း သူမထင်ထားခဲ့ဘူး။ သူ့ကို စေတနာပါပါနဲ့သင်ပေးမယ့် ဆရာကောင်းတစ်ယောက်ကို ရှာဖို့ အခက်တွေ့နေခဲ့တယ်။ သူ့ရဲ့ကိုယ်လက်အင်္ဂါမစုံလင်မှုကြောင့် ဆရာအများစုက
ခေါင်းခါတယ်။ အင်ဂျင်နီယာ Jean Lui Gonzal နဲ့တွေ့ဆုံပြီးနောက် သူက Tenet အတွက် တက်တူးထိုးလို့ရမယ့် လက်တုပုံစံမျိုးတီထွင်ပေးခဲ့တယ်။ အစကတော့ ထိုပစ္စည်းကို ပြပွဲမှာချပြဖို့လုပ်ထားတာပါ။ ဒါပေမယ့် Gonzal က Tenet အတွက်ပဲ တီထွင်ပေးဖို့ဆုံးဖြတ်ခဲ့တယ်။ Tenet အလုပ်လုပ်နေစဉ်အတွင်း စက်ကြီးလို့မမြင်ပဲ သူ့ရဲ့လက်တစ်ဖက်အစစ်လို့ ခံစားရအောင် လိုရင်လိုသလို ဖန်တီးပေးခဲ့ပါတယ်။ Tenent လည်း ဆရာမခေါ်ဘဲ သူ့ဘာသာကိုယ်တိုင် တက်တူးပညာကို လေ့လာပါတယ်။ အခုဆိုရင် တက်တူးလောကမှာ Tenet ကို မသိတဲ့လူမရှိဘူး။

Gordey Trishenkov


Gordey ဟာ မွေးတည်းက လက်နှစ်ဖက်မပါတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပညာရေးကို ဆုံးခန်းတိုင်အောင်သင်ယူခဲ့ပြီး အိမ်ထောင်ကျသွားလို့ သူဝါဿနာပါတဲ့ အလုပ်ကိုတောင်လုပ်နေပါပြီ။ အင်တာနက်ရဲ့ အကူညီနဲ့ ဓာတ်ပုံပညာကိုလေ့လာခဲ့ပြီး သူ့အရည်သွေးတွေကို ဓားသွေးသလို၊ တစ်စိမ့်စိမ့်သွေးနေခဲ့တယ်။အသိမိတ်ဆွေကို ဓာတ်ပုံရိုက်ပေးရာကနေ ပုံထွက်ကောင်းလို့ အဆင့်ဆင့်
ညွန်းရာကနေ လူသိများတဲ့ ဓာတ်ပုံဆရာတစ်ယောက်ဖြစ်လာခဲ့တယ်။ သူ့ရဲ့မလျော့သောဇွဲနဲ့ ခိုင်မာတဲ့စိတ်ဓာတ်တို့ကြောင့် အတိုင်းတာတစ်ခုထိတော့ သူအောင်မြင်နေပြီလေ။

301 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.