အာကာသထဲရောက်သွားခဲ့ရင် ဘယ်လိုအပြောင်းအလဲတွေ တွေ့ကြုံခံစားရမှာလဲ?

တကယ်လို့များ လေဟာနယ်အာကာသထဲရောက်သွားရင်ဘာတွေဖြစ်လာနိုင်မလဲဆိုပြီး ကိုယ့်ကိုယ်ကိုမကြာခဏစူးစမ်းမေးမိမယ်ထင်ပငါတယ်။အာကာသယာဉ်မှူးတွေရဲ့ အတွေ့အကြုံတွေကတော့သင့်ရဲ့သိချင်စိတ်အတွက်အထောက်အကူဖြစ်ပါလိမ့်မယ်။

၁။အရပ်အနည်းငယ်ပိုရှည်လာမယ်

တကယ်လို့များသင့်အရပ်ပိုရှည်လာတယ်လို့ခံစားချင်တယ်ဆိုရင်အာကာသထဲကိုအလည်အပတ်သွားသင့်ပါပြီ။အာကာသထဲမှာဆိုရင်သင့်ရဲ့ အရပ်ကိုခဏတာတော့ ပိုပြီးရှည်လာစေ ပါလိ့မ်မယ်။ကမ္ဘာ့ဆွဲအားမရှိတဲ့အတွက် လူသားတွေရဲ့ ကျောရိုးကိုပိုပြီး ဆွဲဆန့်နိုင်စွမ်း ရှိသွားတာပါ။စမ်းသပ်ချက်တွေများစွာအရလည်း အာကာသယာဉ်မှူးတွေပြန်လာတဲ့အခါ အရပ်အနည်းငယ်ပိစိလေးရှည်လာတယ်လို့သိရပါတယ်။

၂။ရောင်ခြည်ဖြာထွက်တာက ကျန်းမာရေးကိုသက်ရောက်မှုရှိစေမယ်

တကယ်လို့မားစ်ဂြိုလ်ကိုသွားရောက်ဖို့ပြင်ဆင်နေတယ်ဆိုရင်နာဆာသိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်အရ မားစ်ဂြိုလ်ရဲ့ ရောင်ခြည်ဖြာထွက်နှုန်းက လူ့ခန္ဓာကိုယ်အတွက် ဆိုးကျိုး သက်ရောက်မှုရှိနိုင်ပါတယ်။မားစ်ဂြိုလ်ရဲ့ လေထုက ကမ္ဘာမြေထက်နည်းပါးတာကြောင့် ရောင်ခြည်ဖြာထွက်တာကို အပြည့်အ၀မကာကွယ်နိုင်ပါဘူး။ဒါပေမဲ့ အဲ့ဒီလိုရောင်ခြည်ဖြာထွက် တာကိုကာကွယ်နိုင်မယ့်နည်းလမ်းတစ်ခုတော့ရှိပါတယ်။အဲ့ဒါကတော့ မားစ်ဂြိုလ်ကိုမသွားဖို့ပါပဲ။

၃။လက်သည်းတွေကျွတ်ကုန်မယ်

အာကာသယာဉ်မှူး ၂၂ယောက်ရဲ့ တင်ပြချက်အရ သူတို့နိုင်ငံတကာလေဟာပြင်ကိုသွားရောက်ပြီး ပြန်လာတဲ့အချိန်မှာသူတို့ရဲ့ လက်သည်းတွေကျွတ်ကုန်တယ်လို့သိရပါတယ်။လေ့လာချက်အရတော့ အဲ့ဒါဟာ သူတို့ဝတ်ဆင်တဲ့လက်အိတ်ဒီဇိုင်းကြောင့်လက်သည်းကို ဖိအားပေးသလိုဖြစ်ပြီး ကျွတ်ထွက်ကုန်တာပဲဖြစ်ပါတယ်။ဒီပြဿနာကိုဖြေရှင်းဖို့ဆိုရင် အာကာသထဲ လမ်းလျှောက်တဲ့သူတွေအတွက်ဒီဇိုင်းအသစ်ထုတ်မှပဲရမှာပါ။

၎။သင့်ရဲ့ကြွက်သားတွေအားနည်းလာမယ်

အာကာသယာဉ်မှူးတွေကအာကာသထဲရောက်တဲ့အခါမှာ တစ်ချိန်လုံးလေ့ကျင့်ခန်း လုပ်နေရပါတယ်။လေဟာနယ်ထဲမှာအကြာကြီးနေနေတဲ့အခါ သင့်ရဲ့ ကြွက်သားနဲ့အရိုးတွေကို အားနည်းလာစေပါတယ်။အဲ့ဒါကြောင့် အာကာသထဲကိုခရီးထွက်တဲ့လူတွေကို လေ့ကျင့်ခန်းနေ့တိုင်းလုပ်ဖို့တိုက်တွန်းနေကြတာပဲဖြစ်ပါတယ်။

၅။စိတ်ရောဂါပိုင်းဆိုင်ရာပြဿာနာတွေကြုံတွေ့လာမယ်

သိပ္ပံကားတော်တော်များများမှာအာကာသထဲခရီးထွက်တဲ့သူတွေက စိတ်ပိုင်းဆိုင်ရာပြဿာနာ တစ်ချို့တစ်လေကြုံတွေ့ရတာကိုသတိထားမိပါလိမ့်မယ်။တကယ့်အပြင်လောကမှာလည်း မားစ်ဂြိုလ်ကိုသွားတဲ့အခါ ဒီလိုစိတ်ပိုင်းဆိုင်ရာပြဿနာတွေကြုံလာနိုင်ပါတယ်။ အဲ့ဒီလိုအခြေအနေကိုတားဆီးနိုင်ဖို့အတွက်  နာဆာနဲ့ရုရှားက အာကာသအေဂျင်စီကပူးပေါင်းပြီး လေ့လာချက်များစွာလုပ်ခဲ့ပါတယ်။ပြီးတော့ လူတွေကိုအခန်းကျဉ်းထဲမှာပိတ်လှောင်ထားတဲ့အခါ ဘယ်လိုဖြစ်သွားမလဲဆိုတာကိုမြင်တွေ့နိုင်ဖို့ဆက်ပြီးဆောင်ရွက်သွားမယ်လို့သိရပါတယ်။

၆။အရည်ဓာတ်ပြဿနာတွေဖြစ်လာမယ်

ကမ္ဘာ့ဆွဲငင်အားမရှိတာက လူ့ခန္ဓာကိုယ်ထဲက အရည်တွေစီးဆင်းမှုကိုပြောင်းလဲ သွားစေနိုင်ပါ တယ်။ခန္ဓာကိုယ်ခြေလက်တွေကို အရည်တွေစီးဆင်းရမယ့်အစား အာကာသထဲမှာ ဦးခေါင်းကိုသာ ပိုပြီးဦးတည်စီးဆင်းလေ့ရှိပါတယ်။အဲ့ဒါကြောင့်တစ်ချို့အာကာသယာဉ်မှူးတွေပြန်လာတဲ့အခါ မျက်နှာကပိုပြီးလုံးလုံးဝိုင်းဝိုင်းဖြစ်လာကြတာပါပဲ။

၇။။အာကာသထဲမှာ သင့်ရဲ့ ဝတ်စုံတစ်ခုခုဖြစ်သွားမယ်ဆိုရင် ဘာဖြစ်သွားနိုင်မလဲ?

တကယ်လို့များအာကာသထဲမှာသင့်ရဲ့ အာကာသ၀တ်စုံကိုတစ်ခုခုဖြစ်သွားခဲ့မယ်ဆိုရင် ၁၅စက္ကန့်အတွင်းသင်သတိမေ့သွားနိုင်ပါတယ်။ပြီးရင်တဖြည်းဖြည်းမွန်းကျပ်သလိုခံစားလာရပါလိမ့်မယ်။လေဟာနယ်ထဲမှာ ၁၀မိနစ်လောက်ဝတ်စုံမရှိပဲနေတာက သင့်ရဲ့ သွေးကြောတွေကို ပျက်စီးစေပါတယ်။သင့်ရဲ့ အဆုတ်ကလည်း ၃၀စက္ကန့်အတွင်းအလုပ်လုပ်မှာမဟုတ်တော့ပါဘူး။ ဒါဆိုရင်အာကာသထဲမှာ သင့်ရဲ့ ဝတ်စုံပျက်စီးသွားတယ်ဆိုတာက တစ်မိနစ်အတွင်း သင်သေဆုံးဖို့ဖြစ်နိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲ။

 

 

33 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.