အချိန်ကြာကြာချစ်နေပေမဲ့သူ့ဘက်ကတုန့်ပြန်မှုမရှိတာဘာလို့လဲ

  ကိုယ့်ဘက်ကတစ်စုံတစ်ယောက်ကို အချိန်ကြာကြာပိုးပန်းခဲ့ပြီး လိုက်ခဲ့ပေမဲ့သူ့ဘက် ကအခုချိန်ထိ တိကျသေချာတဲ့ အဖြေပြန်မပေးနိုင်သေးတာ ဘယ်လို အကြောင်းအရာမျိုးတွေကြောင့်ဖြစ်မလဲ။ အချိန်တော်တော်ကြာချစ်နေပင်မဲ့ဘာလို့အဖြေပြန်မပေးနိုင်သေးတာလဲ ဆိုတဲ့ မေးခွန်းတွေအတွက် နည်းစပ်တဲ့ အဖြေ အနည်းငယ်ကို ဖော်ပြပေးလိုက်ပါတယ်။ ကိုယ့်ချစ်ရသူက ဘယ်လို အချက်တွေကြောင့်ကိုယ့်အပေါ် မတုန့်ပြန်သေးတာလဲဆို တာခန့်မှန်းကြည့်ရအောင်…
(၁) သူ့ကိုပဲချစ်တယ်လို့အကြွင်းမဲ့ယုံကြည်နေလို့
နည်းနည်းတော့တစ်ဖက်စွန်းရောက်တဲ့အတွေးပါ။ ဒီလိုလူမျိုးဟာ တစ်စုံတစ်ယောက်သူတို့ကို အချိန်ကြာကြာချစ်လာခဲ့တာကို မြင်ပြီး သူ့တစ်ယောက်တည်းကိုပဲ ချစ်မှာပါလေ။ အခုချိန်ထိတောင်အချိန်ကြာကြာချစ်ခဲ့သေးတာပဲဆိုတဲ့စိတ်နဲ့ ဘယ်အချိန်ပြန်ပေးပေး အဖြေပြန်ပေးလို့ရတယ်ဆိုပြီး ပေါ့ပေါ့ပါးပါး တွေးထားတဲ့သူမျိုးပါ။ ကိုယ့်ဘက်ကအချိန်ကြာကြာသူ့နားမှာကပ်တွဲပြီးချစ်ကြောင်းပြထားတာကြောင့် ကိုယ့်အပေါ်နည်းနည်းပေါ့နေတာပါ။ကိုယ်သာ သူ့ကို အချိန်ကြာကြာလိုက်နေရာကနေ ချက်ချင်းရပ်တန့်လိုက်ရင် ဘာဖြစ်လို့ပါလိမ့်ဆိုတဲ့ အတွေးနဲ့ကိုယ်မရှိတော့မှ ကိုယ့်တန်ဖိုးနားလည်လာကြပါလိမ့်မယ်။
(၂) ငြင်းရမှာအားနားလို့
တစ်ချို့သူတွေက သူတို့အပေါ်အလေးနက်ထားတဲ့သူတစ်ယောက်ပေါ် ငြင်းဆန်ဖို့ခဲယဉ်းတက်ကြပါတယ်။ မိဘချင်းရင်းနှီးတာ မျိုး၊ အပေါင်းသင်းတွေချင်းခင်တာမျိုး အဲ့လို မျက်နှာကြည့်စရာတွေရှိတာကြောင့် မချစ်သော်လည်း အောင့်ကာနမ်းဆိုပြီးကိုယ့်အပေါ်တိကျသေချာတဲ့အဖြေမပေးပဲ အချိန်ကြာကြီး ကိုယ့်ဘက်ကတော့မျှော်လင့်နေတက်ပါတယ်။ ဒါကြောင့် ကိုယ်သဘောကျတဲ့အကြောင်းသူသိပြီးတဲ့အချိန်မှာ သူ့ဘက်ကဆန္ဒကိုလည်းသိအောင်ကြိုးစားပါ။ ငြင်းရမှာအားနာလို့ကိုယ့်အပေါ်ကောင်းပေးတာမှန်းနောက်ပိုင်းမှသိရင် နာကျင်ရပါတယ်။
(၃) ကြွားချင်ရုံသက်သက်
တစ်ချို့ကတော့ ကိုယ့်စိတ်ကို စမ်းတဲ့အနေနဲ့နည်းနည်း အချိန်ဆွဲတက်ပေမဲ့ တစ်ချို့ကတော့ကြွားချင်ရုံသက်သက် အချိန်ဆွဲထားတာမျိုးရှိပါတယ်။ ငြင်းချင်ရင် မပတ်သတ်ချင်ရင် ချက်ချင်း ရှောင်ထွက်သွားနိုင်တဲ့အခွင့်အရေးရှိကြပေမဲ့ လူအများအကြား ၊ သူငယ်ချင်း အပေါင်းသင်းကြားမှာ တစ်ယောက်ယောက်က အချိန်တော်တော်ကြာကြာစောင့်ပြီး Crushနေတာကို ကြွားချင်ကြတာမျိုးပါ။ ကိုယ့်ကို ချစ်တာမဟုတ်ပဲကိုယ်ချစ်တာရဲ့ဂုဏ်ကို လိုချင်တာကြောင့် မချစ်ပဲကြိုးရှည်ရှည်နဲ့လှန်ထားတက်ကြပါတယ်။
(၄) ကိုယ့်ဆီကအရာတွေကို မက်မောလို့
ကိုယ့်ဆီကအရာဆိုတာ တစ်ခြားတော့မဟုတ်ပါဘူး ၊ ကိုယ်ပေးတဲ့ ကြင်နာမှုတွေနားလည်မှုတွေကို အချိန်တော်တော်ကြာကြာခံစားလာရတာကြောင့် အစိမ်းသက်သက်ကြီး လည်းမငြင်းချင် ချစ်လားဆိုတော့လည်း မသေချာပဲဖြစ်နေကြတာပါ။ ဒါပေမဲ့ဒီလိုချစ်သူမျိုးတွေက ကိုယ့်အချစ်ကို လက်ခံဖို့ရာခိုင်နှုန်းများတာကြောင့် စိတ်ရှည်ရှည်နဲ့မေတ္တာ မပျက်ဖို့လိုပါတယ်။
(၅) စိတ်ကိုသေချာမသိသေးလို့
ကိုယ်သဘောကျရင် ကျတဲ့အကြောင်းသေချာသိအောင်ပြောပါ။ ကိုယ့်ဘက်ကသဘောကျသလိုလို သာမန်ခင်သလိုလို ဘာမှန်းသေချာမသိတဲ့ပုံစံမျိုးနဲ့ အချိန်ကြာကြာမနေပါနဲ့။ ကိုယ့်ဘက်ကသေချာမှုမရှိတဲ့ပုံစံတွေကြောင့်ကိုယ့်စိတ်ကို သေချာမသိပဲ အချိန်တွေသာကြာသွားမယ် ကိုယ်နဲ့သူနဲ့ဆက်ဆံရေးက တိုးတက်မလာနိုင်ပါဘူး။
တစ်ယောက်ပေါ်တစ်ယောက်ထားတဲ့မေတ္တာကို ပွင့်ပွင့်လင်းလင်းပြောပြီး စစ်မှန်တဲ့တုန့်ပြန်မှုတွေသာ ပြန်ရကြပါစေလို့ဆုတောင်းရင်း

654 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.