နာမည်ကျော်အနုပညာရှင်တွေဖြစ်ကြတဲ့ Taeyang နဲ့Min Hyo Rin တို့ လက်ထပ်တော့မယ့် သတင်းကိုပရိသတ်တွေအားလုံးသိပြီးသားဖြစ်မှာပါ။သူတို့နှစ်ယောက်က ဖေဖော်ဝါရီ ၃ရက်နေ့မှာ လက်ထပ်ကြမှာဖြစ်ပြီး အခုသူတို့ရဲ့ မင်္ဂလာဆောင်ဖိတ်စာလေးကို ပရိသတ်တွေကို ဖော်ပြလိုက်ပါပြီ။
ဖိတ်စာကို 1TYM အဖွဲ့ရဲ့ မြူးဇစ်ပရိုဂျူဆာဖြစ်တဲ့ Song Baek Kyoung ကဖော်ပြခဲ့တာပဲဖြစ်ပါတယ်။သူနဲ့ Taeyang ဟာ ရင်းနှီးခင်မင်လာခဲ့ကြတာ အတော်ကြာပါပြီ။အဲ့ဒါကြောင့်သူနဲ့ညီအစ်ကိုလိုဖြစ်နေတဲ့ Taeyang ရဲ့ မင်္ဂလာပွဲဖိတ်စာကိုအင်စတာဂရမ်မှာတင်ပြီးပရိသတ်တွေကိုပြသခဲ့တာပါ။
မင်္ဂလာဖိတ်စာကလည်း ချစ်စရာပန်းပွင့်သေးသေးလေးတွေနဲ့အလှဆင်ထားတာကိုမြင် တွေ့ရပါတယ်။ခရစ်ယာန်ကျမ်းစာထဲကလင်္ကာကဗျာတစ်ပုဒ်ကိုလည်းဖိတ်စာနောက်ဘက်မှာ ရေးသားထားပြီး Taeyang နဲ့ Hyo Rinတို့ရဲ့ငယ်နာမည်တွေကိုလည်းဖော်ပြထားပါတယ်။ Tae Yang ရဲ့ ငယ်နာမည်က Young Bae ဖြစ်ပြီး Min Hyo Rin ရဲ့ ငယ်နာမည်ကတော့ Eun Ranဖြစ်ပါတယ်။
Song Baek Kyoung က ဖိတ်စာဓာတ်ပုံနဲ့အတူစာလေးလည်းရေးထားပါသေးတယ်။ အဲ့ဒီစာကတော့ “သူပထမဆုံး Youngbae ဆိုတဲ့ ၁၀နှစ်၁၁နှစ်အရွယ်ကျောင်းသားလေးကို လေ့ကျင့်ရေးခန်းထဲမှာစတွေ့ခဲ့တာပါ။အခု ဒီကလေးလေးကအရွယ်ရောက်လာပြီး Big Bang ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်လာပါတယ်။ပြီးတော့ သူလက်ထပ်တော့မယ့်သတင်း နဲ့အားလုံးကို အံ့သြစေခဲ့ပါတယ်။သူ့ရဲ့ ကိုယ်ပိုင်မိသားစုဘ၀ကိုတည်ဆောက်မယ့်သတင်းကြောင့် သူအရမ်းကိုဂုဏ်ယူဝမ်းသာရပါတယ်”လို့ရေးသားခဲ့တာဖြစ်ပါတယ်။ပရိသတ်တွေကလည်း မင်္ဂလာဆောင်ဖိတ်စာလေးကိုကြည့်ပြီး သဘောတကျဖြစ်ခဲ့ကြတယ်လို့သိရပါတယ်။
Source:Koreaboo