တစ်စုံတစ်ယောက်ကို အချိန်ကြာကြာနာကြည်းနေမှာလား

ရှင်သန်နေထိုင်နေရတဲ့လူ့လောကအလယ်မှာ အမြဲကိုယ့်အပေါ်ကောင်းတဲ့သူတွေနဲ့ပဲဆုံတွေ့ရတက်တာ မဟုတ်ဘူးဆိုတာ အသိပါ။ တစ်စုံတစ်ယောက်ရဲ့စကားတစ်လုံးကြောင့်ကိုယ်နာကျင်ရတာ၊ တစ်စုံတစ်ယောက်ရဲ့လုပ်ရပ်ကြောင့်ကိုယ်ထိခိုက်နစ်နာသွားရတာမျိုးတွေ စတဲ့ တစ်ယောက်ယောက်ရဲ့ ပယောဂ ကြောင့်ကိုယ့်စိတ်ထဲမှာ အဲ့လူအပေါ် နာကြည်းပြီး သူလုပ်ခဲ့တဲ့ လုပ်ရပ်တစ်ချို့အတွက် မုန်းတီးတာမျိုးတွေ ရှိတက်ကြပါတယ်။အာ့လို လူတစ်ယောက်ပေါ်မုန်းတီးတဲ့စိတ်တွေဖြစ်လာတဲ့အခါ ပူလောင်းလွန်းတဲ့ နာကြည်းမှုတွေကို ဘယ်လိုဖြေဖျောက်သင့်လဲ ဆိုတာအောက်ကနည်းလမ်း အချို့က ကူညီပေးပါလိမ့်မယ်…
(၁) လျစ်လျူရှုထားပါ
တစ်စုံတစ်ယောက်ကကိုယ့်အပေါ်ရည်ရွယ်ရှိရှိ လုပ်ခဲ့သည်ဖြစ်စေ၊ ရည်ရွယ်ချက်မရှိဘူးဖြစ်စေ သူ့ကိုယ့်အပေါ်လုပ်ခဲ့တဲ့ အရာအတွက် အချိန်အကြာကြီးမုန်းတီးမနေပဲ လျစ်လျူရှုလိုက်ပါ။ အယ် ဒါဆို ကိုယ်ရှုံးသွားမှာပေါ့သူလုပ်သမျှခံနေသလို ဖြစ်သွားမှာပေါ့ ၊ အာ့လို အတွေးမျိုး မတွေးပါနဲ့ ။ သူ့အပူနဲ့သူနေပါစေ ကိုယ်တိုင်ပါ မခံချင်စိတ် နားကြည်းစိတ် ၊ တွေနဲ့သူလုပ်ခဲ့သမျှကို ထိုင်စဉ်းစားပြီး အပူမယူပါနဲ့။
(၂) မျက်နှာချင်းဆိုင်ပါ
ဘယ်နေရာဘယ်ဒေသရောက်ရောက် ဒီလူကို ပြန်တွေ့တဲ့အခါ ရှောင်နေတာမျိုး၊ မျက်လုံးချင်းမဆိုင်တာမျိုး မလုပ်ပဲ ကိုယ်လုပ်သင့်တာကို ဖြောင့်ဖြောင့်တန်းတန်းလုပ်ပါ။ သူကိုယ့်အပေါ်လုပ်ခဲ့တဲ့ အရာတွေအရာ အရောက်ခဲ့ဘူး၊သူဘာလုပ်လုပ် ကိုယ်က အဆင်ပြေနေပြီးသား၊ အေးဆေးပဲဆိုတဲ့ ရဲရင့်တဲ့ ပုံစံမျိုးကို သာ သူမြင်ပါစေ။ သူ့အပေါ်တန်ပြန်တဲ့ပုတ်ခတ်မှုမျိုး၊ အနှောက်အယှက်မျိုးလက်တုန့်မပြန်ပါနဲ့။
(၃) ကိုယ့်အတွက်သင်ခန်းစာတစ်ပုဒ်လို့မှတ်ပါ
ကိုယ့်အပေါ်အမှားလုပ်ခဲ့တဲ့သူကို အချိန် အကြာကြီးမုန်းတီးနေမဲ့အစား ကိုယ့်ကိုယ် ဘ၀မှာ မှတ်သားလောက်တဲ့သင်ခန်းစာ တစ်ပုဒ်ပေးခဲ့သူလို့သတ်မှတ်ပြီး နောက်တစ်ကြိမ် ထပ်မဖြစ်အောင်ကိုယ့်ဘက်ကကြိုတင်ပြင်ဆင်ပါ။ သူလုပ်ခဲ့တာတွေဟာ ကိုယ့်အတွက် ဘာမှသိပ်ထိခိုက်နစ်နာနေတဲ့ပုံ မပေါ်ပဲကိုယ်အဆင်ပြေအောင်နေနေတာမြင်ရင်သူ လုပ်တာ မထိရောက်ဘူးဆိုတာသိပြီး သူ့အပူသူဟပ်နေပါလိမ့်မယ်။
(၄) လက်စားချေဖို့မလုပ်ပါနဲ့
ကိုယ်ရဲ့တန်ဖိုးရှိတဲ့ အချိန်တွေကို မုန်းတီးတဲ့စိတ်ကြောင့်လက်စားချေတဲ့နေရာမှာ အချိန်ကုန် မခံပါနဲ့။ လက်စားချေမဲ့အစား ကိုယ့်ဘ၀အတွက် အကျိုးရှိမဲ့အလုပ်တွေအတွက် အချိန်တွေပေးပြီးကြိုးစားလိုက်ပါ။ မကောင်းတာလုပ်ခဲ့တဲ့သူဟာ မကြာခင်မှာကိုယ့်စိတ်ကိုနားလည်လာပြီးသူလုပ်ခဲ့တာတွေအတွက် အလိုလို နောင်တရနေပါလိမ့်မယ်။
(၅) အတန်ဘူးလို့သဘောထားပါ
သူလိုလူမျိုးတစ်ယောက် ပေးခဲ့တဲ့ ဒဏ်ရာအတွက် အချိန်ကြာကြီး ကိုယ့်စိတ်ကိုမုန်းတီးနာကျင်ခံစားနေဖို့မလိုအပ်ဘူး။ မတန်ဘူးလို့တွေးထားပါ။ ကိုယ့်ရဲ့အချိန်တွေ ကိုယ့်ရဲ့ကောင်းမွန်တဲ့စိတ်ဓာတ်တွေတွေဘာမဟုတ်တဲ့စိတ်ခံစားချက်တွေကြားမှာ ပျက်စီးနစ်မျှောခံဖို့မထိုက်တန်ဘူးဆိုတာ မမေ့ပါနဲ့။
အသက်ရှင်နေထိုင်ရတဲ့ဘ၀ ခဏတာလေး မှာ ကိုယ့်အပေါ်ဘယ်သူတွေဘယ်လောက်နာကျင်အောင်လုပ်လုပ် ကိုယ့်စိတ်ဓာတ်တွေကို သူတို့ကြောင့်အရောင်အဆိုးပဲ နားကြည်းမှုတွေကနေ အေးချမ်းမှုဆီဆို့ပြောင်းလဲနိင်ကြပါစေလို့ဆုတောင်းရင်း…

426 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.