သူများကြိုးကိုင် ခြယ်လှယ်နေတာကို ဒီနည်းလမ်းတွေနဲ့ ဖယ်ရှားမယ်..

နေ့စဉ်နေ့တိုင်း သူများကြိုးကိုင်ခြယ်လှယ်နေတာကို လူတိုင်းမသိမသာခံနေရပါတယ်။ မလုပ်ချင်တဲ့ ကိစ္စကို ကိုယ့်စိတ်ကိုယ့်သဘောမပါပဲ အတင်းလုပ်ခိုင်းတာ၊ အရောက်ပို့တာ ဒီလိုမျိုးပါ။ ကိုယ့်ကို သူများကြိုးကိုင်ခြယ်လှယ်နေပြီဆို ဘယ်လိုမျိုး သူမနာ၊ ကိုယ်မနာ တိုက်ထုတ်ကြမလဲ ?

ကိုယ့်ရဲ့အဓိက ကိုယ်ပိုင်အခွင့်အရေးကို သိပါစေ

သူများက ကိုယ့်ကိုကြိုးလာကိုင်တဲ့အခါ ကိုယ့်ရဲ့ကိုယ်ပိုင်အခွင့်ရေးမှန်ကို သိနေရမယ်။ ဘယ်သူ့ကိုမှ သင်ထိခိုက်အောင်မလုပ်ခင် သင်ဟာ ကိုယ်ပိုင် အမြင်နဲ့မှကန်စွာ ရပ်တည်နိုင်တယ်။
– သင်ဟာ လေးစားစွာ ဆက်ဆံခံရဖို့ ထိုက်တန်တယ်
– သင့်ရဲ့ အမြင်တွေ၊ ခံစားချက်တွေ၊ ဆန္ဒတွေကို ထုတ်ဖော်ပိုင်ခွင့်ရှိတယ်
– သင့်အတွက် သင်ဦးစားပေးပိုင်ခွင့်ရှိတယ်
– အပြစ်ရှိသလို မခံစားရပဲ သင့်မှာငြင်းဆန်နိုင်ခွင့် အပြည့်အဝရှိတယ်
– သင်ပေးဆပ်ထားတဲ့အရာအတွက် တန်ရာတန်ကြေးရခွင့် ရှိတယ်။
– သူများနဲ့မတူညီတဲ့အမြင်တွေ သင့်မှာလွတ်လပ်စွာ ကွဲပြားနိုင်တယ်။
– စိတ်ပိုင်းဆိုင်ရာ (သို့) ခန္ဓာကိုယ်ပိုင်းဆိုရင် ခြိမ်းခြောက်စော်ကားမှုတွေ ပြုလာ
ရင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့်ရှိတယ်။
– ကိုယ်ပိုင် ကျန်းမာရွှင်လန်း ပျော်ရွှင်မှုကို ဖန်တီးနိုင်ခွင့် သင့်မှာရှိတယ်။

ခုပြောသွားတဲ့အချက်တွေက သင့်ရဲ့နယ်နိမိတ်ကို ကိုယ်စားပြုထားပါတယ်။ ခုခေတ် လူ့ဘောင်အဖွဲ့အစည်းမှာ ဒီအခွင့်ရေးတွေကို မလေးစားတဲ့လူတွေအများကြီးရှိပါတယ်။ တော်တော်များများက လူတစ်ယောက်ရဲ့ဒီအခွင့်ရေးတွေကို လစ်လျုရှုပြီး သူတို့စိတ်တိုင်းကျ ခြယ်လှယ်ချင်ကြတယ်။ ဒီလိုမျိုး အချုပ်နှောင်မခံရအောင် သင့်ကိုယ်သင် ကာကွယ်နိုင်ပါတယ်။ သင်သာလျှင် အဓိကပါ။ 🙂

434 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.