‘Secret Garden’ ပရိုဂျုဆာမှ ရိုက်ကူးမယ့် ဇာတ်ကားအသစ်တွင် Hyun Bin နဲ့ Park Shin Hye အတူသရုပ်ဆောင်သွားမှာလား?

SBS drama ‘Yeowoo Gaksibyeol’ အတွက် ကမ်းလှမ်းမှုကို Park Shin Hye ဘက်မှ ပြန်လည်ဆန်းစစ်နေကြောင်း S.A.L.T Entertainment တွင်မကြာသေးခင်ကမှ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ဒီဇာတ်ကားအတွက် အဓိကမင်းသားက Hyun Bin ဖြစ်တယ်လို့ ဇန်နဝါရီ ၂၄ရက်နေ့က သိရပါတယ်။

VAST Entertainment အေဂျင်စီမှ ” SBS ‘Yeowoo Gaksibyeol’ က Hyun Bin ကို ကမ်းလှမ်းထားတာမှန်ပါတယ်..အခုထက်ထိတော့ ဘာမှအတည်မပြုရသေးဘူး” လို့ ဆိုပါတယ်။

‘Yeowoo Gaksibyeol’ ရဲ့ ပရိုဂျုဆာ Shin Woo Chul က ဒီဇာတ်ကားကို ခံစားမှုပြင်းပြင်းလေးရိုက်ကူးသွားမှာဖြစ်ပြီး ပါဝင်တဲ့ ဇာတ်လိုက်နှစ်ယောက်ဟာအတိတ်က အရိပ်ဆိုးတွေကြောင့် နာကျင်နေတဲ့ ဒဏ်ရာတွေကို ကုစားပေးမယ့်သူအချင်းချင်းတွေ့ဆုံသွားကြတဲ့ ပုံစံဖြစ်ပါတယ်။ ဒီနွေမှာ ထုတ်လုပ်မှုကိုအစီစဉ်ဆွဲသွားမယ်လို့ သိရပါတယ်။ ပရိတ်သတ်တွေရော Hyun Bin နဲ့ Park Shin Hye ကို အတူရိုက်ကူးစေချင်လား ?

355 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.