ချစ်စကားအဘိဓာန် (ကောင်မလေးတွေရဲ့ ထေ့ငေါ့စကားတွေနောက်က တကယ့်ဆိုလိုရင်းအဓိပ္ပာယ်တွေ)

မိန်းမတွေသည် ဆောင်းလေပမာတည့် အတွင်းသဘောမညီပြောင်းလဲတတ်သည်တို့ မိန်းမဟူသည့် ထို ဣတ္ထိကား မရှိမကောင်း ရှိမကောင်းတည်း ဆိုတဲ့ စကားပုံတွေကလည်း မိန်းကလေးတွေရဲ့နားလည်ရခက်တဲ့ သဘောကိုညွှန်းဆိုထားတာတွေ့နိုင်ပါတယ်။ တကယ်တမ်းတော့ ကိုယ်တို့မိန်းကလေးတွေဟာ ဒီလောက်နားလည်ရမခက်ကြပါဘူး။ယူတို့ယောက်ျားလေးတွေကိုက ပိန်းပိန်းမောင်တွေဖြစ်နေတာပါ XD ။အဲလေ စတာပါ။ တကယ်တော့ ယောက်ျားလေးတွေနဲ့မိန်းကလေးတွေရဲ့ ဟော်မုန်းခြင်းမတူညီသလို တစ်ခုခုအပေါ်ရှုမြင်တွေးတောပုံတွေလည်းကွာခြားသွားတာမို့ နားလည်မှုတွေလွဲနေကြတာပါ။ ဒီတော့ ကိုယ်ချစ်တဲ့ကောင်မလေးရဲ့ပြောစကားတွေကိုနားထောင်ပြီး သူမရဲ့စိတ်ကိုမှန်းတတ်စေဖို့ နည်းနည်းပါးပါးပြောပြမယ်နော်။အရေးကြီးဆုံးအချက်ကတော့ နားထောင်တတ်ဖို့ပါပဲ၊စကတည်းကနားမထောင်ပဲ ဟိုကပြောချင်တာပြော ယူတို့က ဂိမ်းထဲခေါင်းနှစ်နေရင်တော့ ကိုယ့်ကောင်မလေးကို အခြားတစ်ကောင်ဆီသာ ရေစက်ချလိုက်ဖို့ကြိုပြင်ထားပါတော့။

 

ဘာလုပ်နေတာလဲ – ဘာလို့သူ့ကိုမဆက်သွယ်တာလဲ။စကားမပြောတာလဲ။

တွေ့လား – သူမကြိုက်တာလုပ်ပြန်ပြီ။

အံမယ်မယ် -ချစ်ဖို့ကောင်းလိုက်တာ..

အဲ့ကောင်မလေးကချစ်စရာလေး – ချစ်လောက်မလှပါဘူးလို့အလိုက်တသိပြန်ပြောပါ။

ဟိုနေ့ဘာလုပ်စရာရှိလဲ– ရှိလည်းဖျက်ပြီး သူ့ကိုသွားတွေ့ပေး။

မသိဘူး လမ်းခွဲမယ် – မခွဲနိုင်ဘူးဘာညာပြောပါ။

ကိုကိုးးးးး (ဘာမှဆက်မပြောပဲ ခေါ်ချည်းနေတာ) – ဒါ ဂရုစိုက်ခံချင်နေတာပါ၊ခေါင်းလေးပွတ်ပေးလိုက်ပါ။

မသိချင်ဘူး လာမပြောပြနဲ့ -တစ်လုံးမကျန်ပြောပြပေတော့၊ကျန်ခဲ့တာနောက်မှထပ်သိရရင် ကိုယ့်ဘဝကိုယ်တွေးထားပဲ။

ရပါတယ် ကိစ္စမရှိဘူး – ကိစ္စကရှိလိုက်သမှ အကြီးကြီးကိုရှိတာ၊ဘုရားတနေပေတော့။

နေပါ မလိုပါဘူး – လိုတယ်လိုတယ်၊လုံးဝကိုလိုတာ (သူ့နားမှာနေပေးလိုက်)

ပေါတောတောနဲ့ – ချစ်ဖို့ကောင်းတယ်လို့ပြောနည်းတစ်မျိုးပဲ။

ပျင်းတယ် – ပျင်းတာနဲ့ဗိုက်ဆာတာနဲ့က ခွဲမရဘူး၊တစ်ခုခုလိုက်ကျွေး၊လုပ်ကျွေးလိုက်။

အဲ့တစ်ယောက်နဲ့ကင်းကင်းရှင်းရှင်းနေနော် – ဒါက မြွေမြွေချင်းခြေမြင်လို့ပြောတဲ့စကားပါ၊တသွေမတိမ်းလိုက်နာပါ။

ပင်ပန်းနေပြီလားဟင် – ဒါက သူ့အကြောင်းပဲဖြစ်ဖြစ် သင့်အကြောင်းပဲဖြစ်ဖြစ် အရေးပါတာတစ်ခုခုပြောစရာရှိလို့ အရင်ကြိုမေးထားတာပါ။

တအားစိတ်ပျက်နေပြီ – သည်းခံနိုင်စွမ်းနည်းနည်းလေးကျန်ပါသေးတယ်၊နောက်ဆုံးအခွင့်အရေးတစ်ခါလောက်ထပ်ရနိုင်ချေရှိပါတယ်။ လုံးဝကိုမရနိုင်တော့ဘူးဆိုရင်တော့ သူကဘာမှကိုပြောနေမှာမဟုတ်ပါဘူး။

အဲ့တော့မကျေနပ်ဘူးလား – ဒါစိန်ခေါ်တာမဟုတ်ရပါဘူး၊ဂျစ်ကန်ကန်ကောင်မလေးတွေရဲ့တောင်းပန်နည်းတစ်မျိုးပါ၊မကျေနပ်ဘူးကွာ ပြတ်ကြမယ်လို့ပြောရင် သူက မျက်နှာထားတင်းတင်းနဲ့အိမ်ပြန်သွားပြီး အိမ်ရောက်မှကြိတ်ငိုနေပါလိမ့်မယ်။ ကျေနပ်ပါတယ်ကွာ နောက်မလုပ်နဲ့နော်လို့ ငြင်ငြင်သာသာပြောပေးရင် မပြုံးချင်ပြုံးချင်ပုံစံလေးနဲ့ပြုံးလာမှာပါ။မိနစ်နှစ်ဆယ်အတွင်း ပြန်အဆင်ပြေမယ့်ကိန်းမြင်ပါတယ်။

 

ဒါတွေက မနူးမနပ်ဆယ်ကျော်သက်လေးတွေရဲ့ စကားတွေနောက်က အဓိပ္ပာယ်တွေပါ။ရင့်ကျက်ပြီးဖြစ်တဲ့မမတွေ၊တည်ငြိမ်စပြုနေပြီဖြစ်တဲ့ အမျိုးသမီးလေးတွေရဲ့စကားဝှက်တွေကိုတော့ နောက် Articles တွေမှာ စောင့်မျှော်ဖတ်ရှုကြပါကုန်xD

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.