ကိုယ်တိုင်မသိသောအတွေးလွန်ရောဂါ

လူတော်တော်များများဟာ ကိုယ်ကိုယ်တိုင်တောင် ကိုယ့်မှာ အတွေးလွန်ရောဂါရှိတယ်ဆိုတာကို မသိတက်ကြပါဘူး။ အတွေးလွန်ခြင်း0ver thinking ဆိုတာ အကြီး အကျယ်ရောဂါဝေသနာကြီးမဟုတ်ပင်မဲ့ သူလည်းရောဂါတစ်မျိုးပါပဲလေ။ဘယ်လိုအရာတွေကို ခံစားပြီး သင်ဟာ ဘယ်လိုတွေတွေးခေါ်နေတက်သလဲ ? ဘယ်လိုအတွေးတွေက ကိုယ်ကိုယ်တိုင်ဖြစ်လို့ဖြစ်မှန်းမသိတဲ့ အတွေးကြောင်ရောဂါ(သို့) အတွေးလွန်ဝေသနာ လဲဆိုတာ အောက်ကအချက်လေးတွေကပြောပြနေပါလိမ့်မယ်…
(၁) အရာရာတိုင်းအတွက်အဓိပ္ပါယ်တွေကို လိုက်ရှာနေမယ်
သိပ်ကိုစိတ်ပင်ပန်းစရာကောင်းတဲ့ အကျင့်တစ်ခုပါ၊ အာ့လို အကျင့်ကိုကိုယ်က အကောင်းမှန်းမသိပဲ လုပ်နေမိရင်သတိထားသင့်ပါတယ်။ ဘယ်ကိစ္စမဆို သေးသေးလေးကအစ အရာရာတိုင်းကို လိုက်ပြီး စဉ်းစားပြီး ကိစ္စတိုင်းအတွက်အဓိပ္ပါယ်ရှာနေတက်ကြတာ အတွေးလွန်ခြင်းရဲ့ လက္ခဏာတစ်ခုပါပဲ။
(၂) လုပ်တာထက်ပိုတွေးနေမယ်
မြင်သာအောင်ပြောရမယ်ဆိုရင် ဥပမာ-အမှားသေးသေးလေးတစ်ခု အလုပ်မှာလုပ်မိတယ်ဆိုပါစို့။ လုပ်မိတာလေးက နည်းနည်းလေးကို အများကြီးချဲ့ကားတွေးပြီး အတွေးပင်လယ်ထဲမှာတင် စိတ်ပျက်စရာကောင်းစေပါတယ်။အာ့လို သေးသေးလေးကေအစ ချဲ့ကားတွေးတက်နေပြီဆိုရင်သင်ဟာ အတွေးလွန်ဝေဒနာဖြစ်နေပါပြီ။
(၃) စိတ်သိပ်လှုပ်ရှားတက်တယ်
ကိစ္စတစ်ခုခုလုပ်ပြီးသွားတိုင်း ထွက်လာမဲ့အဖြေကို စိတ်အေးအေးထားပြီးစောင့်ဆိုင်းမနေတက်ပဲထိုင်မရထမရဖြစ်ကာ အတွေးနယ်ချဲ့တက်ကြပါတယ်။ ဒီကိစ္စ ရဲ့အဖြေက ဒီလိုထွက်လာရင်ဘယ်လိုလုပ်မလဲ ဟိုလိုဖြစ်လာရင်ဘာလုပ်ရမလဲ စသည်ဖြင့်စိတ်သိပ်လှုပ်ရှားတက်ပါတယ်။ ကြိုတင်တွေးခ်ါတက်တာကောင်းပင်မဲ့ကြိုတင်တွေးတက်လွန်းတာကနေ စိတ်ပူပန်မှုကိုဖြစ်စေပြီး အတွေးလွန်ရောဂါကိုဖြစ်စေနိုင်ပါတယ်။
(၄) နေရာတကာမှာ Why ဆိုတာကြီးကို ကိုင်ဆွဲထားတယ်
နေရာတကာမှာ သိချင်စိတ်တွေးချင်စိတ်ကများနေတယ်။ ကိစ္စတစ်ခုဖြစ်တယ် ဖြစ်ရင်ဖြစ်တယ်လို့ရိုးရိုးမတွေးပဲ မကောင်းဘက်ကနေ ဒါကြောင့်များလားဆိုပြီး သံသယစိတ်တွေ အပြည့်နဲ့ တစ်ချိန်လုံးခေါင်းထဲမှာ မေးခွန်းတွေထပ်နေတက်တယ်။ ဒါဟာ လည်းမကောင်းတဲ့ အတွေးလွန်ဝေဒနာတစ်ခုပါပဲ ကိုယ်တိုင်ကတော့ဒီလိုဝေဒနာပါလားဆိုတာမသိနိုင်ပင်မဲ့ တစ်ခြားသူအနေကကြည့်ရင်သိသာပါတယ်။
(၅) ကိုယ်ဘာတွေးနေမှန်းတစ်ခြားသူသိမယ်လို့ထင်ကြတယ်
တစ်ခုခုကို ကိုယ်လုပ်မယ်လို့တွေးလိုက်တိုင်းတစ်ခြားသူတစ်ယောက် ကငါလုပ်မှာကိုသိနေသလား ငါဘာတွေးနေတယ်မှန်းသိရိပ်မိနေသလားစသည်ဖြင့်စိတ္တဇဆန်ဆန် အတွေးမျိုးတွေနဲ့ ကိုယ့်စိတ်ကိုယ်ကို ပင်ပန်းအောင်လုပ်နေတက်ပြီဆိုရင် ဒါဟာ
အတွေးလွန်ဝေဒနာရဲ့ညှင်းပန်းမှုပဲဖြစ်ပါတယ်။
ကိုယ့်စိတ်လေးကို အေးချမ်းအောင်ထားပြီး ကိုယ်ရောစိတ်ပါနှစ်ခုစလုံးအတွက်အကျိုးမရှိတဲ့အတွေးလွန်ခြင်းကိုလွတ်ကင်းနိုင်ကြပါစေလို့ဆုတောင်းရင်…

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.