အမှန်တကယ်အပြင်မှာရှိတဲ့ ထူးထူးဆန်းဆန်း ယောဂ လေ့ကျင့်ခန်းများ

Gym သွားရတာ ငြီးငွေလာရင် ဒီနည်းလမ်းလေးတွေအတိုင်း လုပ်ကြည့်ပါလား..အသစ်ဆန်းဆိုတော့ လုပ်ရတာ စိတ်ဝင်စားဖို့ကောင်းမယ်ထင်တယ်။ သူတို့ဆီမှာကတော့ တစ်မျိုးပြီးတစ်မျိုးကိုထွင်ပြီး လုပ်နေကြတော့တာပါပဲ။ ဒီလေ့ကျင့်ခန်းတွေက အဆန်းထွင်ထားတယ်ဆိုပေမယ့် တကယ်လည်း ကျန်းမာရေးအတွက်ကောင်းမွန်တယ်လို့သိရတယ်။ ထူးထူးဆန်းဆန်း လေ့ကျင့်ခန်းတွေကိုတစ်ချက်လောက် လေ့လာကြည့်ရအောင် !

Aqua Cycling


ရေထဲမှာ စက်ဘီးစီးတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းက သင့်ရဲ့အရိုးဆစ်တွေကိုသန်မာစေပြီး ကယ်လိုရီ ၈ဝဝကိုလောင်ကျွမ်းစေပါတယ်။

Yoga in the Pool


ရေကန်ထဲက ဖောင်လေးပေါ်မှာယောဂလုပ်ခြင်းက ၂ဝ၁၇ရဲ့ ရေပန်းစားဆုံး လေ့ကျင့်ခန်းတစ်ခုဖြစ်ခဲ့တယ်။ ယောဂဆိုတာ ကျန်းမာရေးကောင်းမွန်စေရုံမက ၊ အသားရည်ကြည်၊ ခန္ဓာကိုယ်လည်း သွယ်လျလှပစေတော့ မိန်းကလေးတိုင်း သင်ယူသင့်တဲ့လေ့ကျင့်ခန်းဖြစ်ပါတယ်။ မြေပြင်မှာ ဒီတိုင်းလုပ်တာတောင်လိုက်မလုပ်နိုင်ရင် ရေကန်ထဲမှာဆို ဘယ်လောက်ခက်မလဲ…စဉ်းစားသာကြည့်ပါတော့ …

Goat Yoga


ကြောင်အမ်းအမ်းများ ဖြစ်သွားမလား ? Goat Yoga လည်း ကျန်းမာရေးအတွက်အလွန်အထောက်ကူပြုတယ်လို့သိရပါတယ်။ ဆိတ်လေးတွေက သင့်ကျောပေါ်ပြေးတက်လာရင် အကြောတွေပြေစေတယ်လို့ သိရပါတယ်။

Aerial Yoga


Aerial Yoga ဆိုတာ သူတို့နေုာက်ပိုင်း တီထွင်ထားတဲ့ လေ့ကျင့်ခန်းတစ်မျိုးပါပဲ။ ကြိုးမှာ တွဲလောင်းကျပြောင်းပြန်ချည်ထားတဲ့ အနေထားဟာ သင့်အတွက် အများကြီးအထောက်ကူဖြစ်တယ်တဲ့။ အရိုးဆစ်တွေ သန်မာလာစေပြီး သွေးလည်ပတ်မှုကောင်းစေတယ်။

Forza


Forza ဆိုတာ ဆာမူရိုင်း လေ့ကျင့်ရေးတစ်ခုပါ။ ဂျပန်တိုက်ခိုက်ရေး နည်းပညာတစ်ခုဖြစ်တဲ့ Kendo နဲ့ Aikijujitsu ကိုပေါင်းစပ်ထားပြီး သင်ကြားပေးတာဖြစ်ပါတယ်။

140 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.