အခက်အခဲတွေ့နေချိန် လက်တွေ့အသုံးဝင်စေမယ့် နည်းလမ်းတိုတိုထွာထွာများ

အလျင်လိုနေတဲ့အချိန်မှာမမျှော်လင့်ထားတဲ့အရာတွေ၊သာယာစရာမကောင်းတဲ့အခြေအနေ တွေဖြစ်လာတတ်တာ သဘာဝတစ်ခုပါပဲ။ဥပမာ သင့်မှာမိနစ် ၂၀ပဲ အစည်းအဝေး သွားဖို့အချိန်ရှိမယ်။ အဲ့ဒီအချိန်မှာဘောင်းဘီဇစ်ကပျက်သွားမယ်၊ တီရှပ်အဖြူမှာကော်ဖီတွေ စွန်းထင်းသွားမယ်စသဖြင့် မမျှော်လင့်ထားတဲ့အရာတွေဖြစ်တတ်တာ ကိုပြောတာပါ။ တကယ်လို့များသင့်မှာအရေးကြီးကိစ္စရှိနေတဲ့အချိန်အခက်အခဲတစ်ခုခုဖြစ်နေမယ်ဆိုရင် ဒီထဲက ဘယ်နည်းလမ်းတွေကအသုံးဝင်လဲဆိုတာကြည့်လိုက်ပါဦး။

၁။ဆံပင်အရောင်မတူညီတာကိုဆိုးချင်တယ်၊အချိန်ကလည်မရှိတော့ဘူး။ရှိုးပွဲကလည်း သွားရတော့မယ်ဆိုရင်သင့်မှာရှိနေတဲ့ အိုင်းရှဲဒိုးတွေကိုလက်လှမ်းလိုက်ပါ။ အိုင်းရှဲဒိုးတွေကသင့်ဆံပင်ကိုမထိခိုက်စေသလို ခေါင်းလျှော်ရည်နဲ့လည်း အလွယ်တကူပြန်လျှော်လို့ရပါတယ်။

၂။ဆေးရောင်စုံပန်းချီကားတွေမှာအမှုန်၊အမှိုက်တွေကပ်နေလို့ဖယ်ရှားချင်တယ်ဆိုရင် ပေါင်မုန့်ကို သုံးနိုင်ပါတယ်။ဖော့လိုမျိုးဆေးတွေမပျက်သွားစေပါဘူး။ပေါင်မုန့်နဲ့ဖျက်တာက နဂိုမူရင်းအတိုင်း သန့်ရှင်းတောက်ပြောင်သွားစေပါတယ်။

 

၃။အရေးတကြီးသွားစရာရှိနေတဲ့အချိန် ဇစ်ပျက်သွားတယ်ဆိုပါတော့ ။ပုံထဲမှာပြထားတဲ့အတိုင်း ဘောင်းဘီဇစ်အောက်ခြေအနားလေးကိုနည်းနည်းလေးညှပ်လိုက်ပါ။ပြီးရင်ဇစ်ဆွဲလို့ရပါပြီ။ ဇစ်အောက်ခြေက ဘောင်းဘီအနားနဲ့ပြန်ဖုံးလို့ရလို့ အပ်ချည်လေးနဲ့ညှပ်ထားတဲ့ နေရာကိုပြန်သီလိုက်ရုံပါပဲ။

၎။ဂျင်းဘောင်းဘီတစ်ထည်ကိုဝယ်ချင်တယ်၊ဒါပေမဲ့ ၀တ်ကြည့်လို့မရဘူးဆိုရင်ကိုယ်နဲ့တော်မတော် ဘယ်လိုသိနိုင်မလဲ?သင့်ရဲ့ လက်ဖျံကိုသုံးနိုင်ပါတယ်။ပုံထဲမှာပြထားတဲ့အတိုင်း သင့်ရဲ့ လက်ဖျံနဲ့ကွက်တိဝင်နေတဲ့ဘောင်းဘီက သင်နဲ့တော်ပါတယ်တဲ့။

၅။နံရံပေါ်မှာရောင်စုံဆေးပန်းချီတွေနဲ့ဆော့ထားလို့ညစ်ပတ်နေရင် ပထမဆုံး Dryer နဲ့အပူပေးပါ။ခဏစောင့်ပြီးရေစိုအ၀တ်နဲ့သုတ်ပေးလိုက်ရင်ပြောင်စင်သွားပါလိမ့်မယ်။

၆။မိတ်ကပ်တွေပြင်ဆင်လိမ်းထားပြီးအကျီအဆင်မပြေလို့ပြန်လဲချင်တယ်၊ပြန်ချွတ်ချင်တယ်ဆိုရင် မိတ်ကပ်တွေမပျက်အောင် သင့်ရဲ့ ခေါင်းမှာ အိတ်တစ်လုံးဖြစ်ဖြစ် ခဏစွပ်ထားပါတဲ့။ ဒါဆိုအလွယ်တကူအကျီချွတ်လို့ရပါပြီ။

၇။မီးပူမရှိတဲ့အချိန် အ၀တ်တွေကိုတွန့်ကြေနေတယ်ဆိုရင် ရေနဲ့ Dryer ပဲလိုပါတယ်တဲ့။ရေအနည်းငယ်ဖြန်းပြီး Dryer မှုတ်လိုက်ရင် တွန့်ကြေတာတွေပျောက်သွားပါလိမ့်မယ်။

၈။အရမ်းကြိုက်တဲ့ဘောင်းဘီတစ်ထည်ကိုဝတ်ချင်ရဲ့သားနဲ့ ဘောင်းဘီကြယ်သီး ကျမှချိတ်မရဖြစ်နေရင် ဆံပင်စည်းတဲ့ခေါင်းစည်းကွင်းခိုင်ခိုင်လေးနဲ့ပုံထဲကလို ပတ်ပြီးစည်းထားနိုင်ပါတယ်။အဲ့ဒါဆိုဘောင်းဘီလည်းဝတ်လို့ရပြီပေါ့။

၉။ကိုယ်အကြိုက်ဆုံးအကျီလေးအပေါက်ဖြစ်သွားလို့စိတ်ညစ်နေတယ်ဆိုရင်နည်းလမ်းလေးရှိနေပါပြီ။Hemming tape ဆိုတဲ့တိပ်တစ်မျိုးရှိပါတယ်။အဲ့ဒါကိုဝယ်ပါ။ပြီးရင်အနည်းငယ်ဖြတ်ပြီး အပေါက်မှာကပ်လိုက်ပါ။အပေါ်ကနေရေအနည်းငယ်လောင်းချပြီးမီးပူနဲ့ကပ်လိုက်မယ်ဆိုရင် အပေါက်မဖြစ်တော့ပဲအကျီနဲ့တစ်သားတည်းဖြစ်သွားပါလိမ့်မယ်။

2K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.