ဝေးကွာနေတဲ့ချစ်သူတွေအတွက် Valentine Day ကိုရင်ခုန်စွာနဲ့ အတူဖြတ်သန်းနိုင်မယ့်နည်းလမ်းများ

Valentine Day မှာကိုယ်ချစ်တဲ့သူနဲ့အတူတူရှိမနေရတာ ၀မ်းနည်းစရာပါပဲ။ ဘယ်သူမဆို ကိုယ့်ချစ်သူနဲ့အမှတ်တရနေ့ရက်တွေဖန်တီးချင်ကြမှာပါ။ဒါပေမဲ့သူကအကြောင်းကိစ္စတစ်ခုကြောင့်အဝေးတစ်နေရာရောက်နေတဲ့အခါ Valentine Day ကိုအတူဖြတ်သန်းပျော်ရွှင်ဖို့ ဆိုတာမဖြစ်နိုင်တော့ပါဘူး။ဒါပေမဲ့ တခြားစုံတွဲတွေလို ဝေးကွာနေတဲ့ချစ်သူတွေအတွက်လည်း Valentine Day ကိုဒီနည်းလမ်းတွေနဲ့အတူပျော်ရွှင်စွာဖြတ်သန်းနိုင်ပါတယ်။အတူမဆုံနိုင်ပေမဲ့ အတူရှိရသလိုပဲ ဆိုသလိုမျိုးပေါ့။

၁)Video Call ခေါ်ပါ

တစ်ယောက်နဲ့တစ်ယောက်အနီးကပ်မရှိတဲ့အချိန်မှာဗီဒီယိုကောလ်ခေါ်တာက အလွမ်းပြေစေပါတယ်။ဖြစ်နိုင်ရင် တစ်ရက်လုံးအချိန်ပေးနိုင်ဖို့ကြိုးစားပါ။ ဗီဒီယိုကောလ်ခေါ်ပြီးအမှတ်တရ အကြောင်းအရာတွေပြန်ပြောတာမျိုးလုပ်ပါ။ ဘယ်လောက်ပဲဝေးကွာနေလို့ အနေစိမ်းစိမ်း အပြင်မှာတွေ့တဲ့အခါ ပြန်ပြီးနီးစပ် ကျွမ်းဝင်သွားတာဖြစ်တဲ့အတွက်ဝေးကွာနေတဲ့အချိန်မှာတစ်ရက်လုံး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီးမပြောဖြစ်တဲ့စကားတွေရှိရင် အ၀ပြောနိုင်ပါတယ်။

၂) သူမဆီကိုလက်ဆောင်ပို့ပါ

ချစ်သူတွေတိုင်း Valentine Day ဆို လက်ဆောင်တွေပေးလေ့ရှိပါတယ်။ အဝေးရောက် နေပေမဲ့လည်း ကိုယ့်ချစ်သူကို သူနှစ်သက်မယ့် လက်ဆောင်မျိုး ပေးဖို့မမေ့ပါနဲ့။ အဲ့ဒီရက်မတိုင်ခင်ကတည်းက ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။အဲ့ဒါမှ အဝေးရောက်နေလည်း ကိုယ့်ချစ်သူက ကိုယ့်အတွက်အချိန်ပေးပြင်ဆင်ထားတယ်ဆိုတဲ့အသိက နှစ်ယောက်စလုံး စိတ်ကိုနီးကပ်စေပါတယ်။

၃)စာသေတ္တာပို့ပါ

စာသေတ္တာဆိုတာ အရမ်းကိုရိုမန်တစ်ဆန်ချင်တဲ့သူတွေအတွက်တော့ စွန်းရိုစေမယ့် နည်းလေးပေါ့။စာသေတ္တာဆိုတာ ကိုယ်ပြောချင်တဲ့စကားတွေကို စာရွက်အလှလေးတွေမှာ တစ်ရွက်ဆီရေးထည့်၊ပြီးရင်သူပြန်လာမယ့်နေ့အထိရေတွက်ပြီးစာအစောင်ရေဘယ်လောက် ဆိုပြီးရေတွက်ထည့်ပါ။ပြီးရင်တစ်နေ့ချင်းစီဖတ်ဖို့ပြောပါ။ဂရုစိုက်ဖို့မှာတဲ့စကားတွေ၊လွမ်းတဲ့ စကားတွေ၊အရင်ကအမှတ်တရအဖြစ်အပျက်တွေကို တစ်ရွက်ချင်းစီမှာရေးပြီး စာသေတ္တာလေးထဲထည့်ပြီး Valentine Day မှာအမှတ်တရအဖြစ် ပို့လိုက်ပါ။ စာသေတ္တာလုပ်မယ်ဆိုရင်တော့ အချိန်တော်တော်ယူပြီးလုပ်ရမှာနော်။Valentine Day က နောက်လဆိုတော့ ဒီနည်းလမ်းလေးကိုတော့ နောက်နှစ် Valentine Day အမှီလုပ်ဖို့အချိန်ရပါသေးတယ်။

၎)အမှတ်တရနေ့ဖန်တီးပေးပါ

ဒါကတော့ဝေးကွာနေတဲ့ချစ်သူတွေအတွက် လွယ်ကူပြီးတော့ အမှတ်တရလည်းဖြစ်စေမယ့် နည်းလေးတစ်ခုပါပဲ။ကိုယ်ကအနားမှာမရှိနိုင်ပေမဲ့ သူငယ်ချင်းတွေ၊မိသားစုတွေတော့ သူမအနားမှာရှိတာပဲလေ။သူငယ်ချင်းတွေမိသားစုတွေကို အကူအညီတောင်းပြီး သူမအတွက်အမှတ်တရနေ့လေးဖန်တီးပေးပါ။အရင်တုန်းက ရုပ်ရှင်ကားတွေမှာဆိုရင် ကောင်မလေးကိုအံ့သြစေချင်လို့ သူငယ်ချင်းတွေကိုစာပေးခိုင်းပြီးစာထဲမှာပါတဲ့ ပဟေဠိတွေကိုဖြေ၊ပြီးရင်အဲ့ဒီနေရာကိုသွားပြီးပျော်ရွှင်စရာတစ်ခုခုစီစဉ်ပေးထားတာမျိုးပေါ့။ ပဟေဠိဆိုတာကလည်းသင်တို့နှစ်ယောက်ကြားကအဖြစ်အပျက်တွေကိုဖွက်ရုံပါပဲ။ နှစ်ယောက်တည်းပဲ သိနိုင်မယ့်အဖြစ်အပျက်တွေ၊အကြောင်းအရာတွေ အမှတ်တရတွေပေါ့။ ရင်ခုန်စိတ်လှုပ်ရှားဖို့လည်းကောင်းပြီးမှတ်မှတ်ရရလည်းဖြစ်စေမှာပါ။

၅)စပရိုက်စ်လုပ်ပါ

Valentine Day မှာသူကအဝေးရောက်နေတယ်၊ပြန်မလာနိုင်ဘူးဆိုတာသိထားတယ်။ဒါပေမဲ့ အဲ့ဒီနေ့အတွက်ကြိုတင်ပြင်ဆင်ပြီးခွင့်ယူတာဖြစ်စေ၊တစ်ရက်ပြန်လာလို့ရအောင်ဖြစ်စေ စီစဉ်ပြီး Valentine Day အမှီပြန်လာဖို့ပါ။ချစ်သူက သူမလာနိုင်ဘူးလို့သိထားတဲ့အချိန် ရုတ်တရက်ပြန်လာပြီးစပရိုက်စ်လုပ်လိုက်လို့ကတော့ တော်တော်လေးကို ၀မ်းသာပီတိဖြစ်သွားမှာပါ။ ချစ်သူဆိုတာ Valentine Dayရဲ့ အကောင်းဆုံး လက်ဆောင်တစ်ခုပါပဲ။

တစ်နေရာစီခွဲနေရတဲ့ချစ်သူစုံတွဲတွေ ပျော်ရွှင်စရာကောင်းတဲ့Valentine Day ကိုပိုင်ဆိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်…

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.