ရူးသွပ်မှအောင်မြင်မယ်

တစ်ထောင့်တစ်နေရာမှာအောင်မြင်နေတဲ့သူတွေဟာ ဒီလိုနေရာကို ရောက်ဖို့ ရူးသွပ်ခြင်းတွေကနေစခဲ့တယ်ဆိုတာ မလွဲဧကန်ပါပဲ။ ဘာကြောင့် ရူးသွပ်တဲ့သူတွေက ပိုပြီးအောင်မြင်နိုင်ကြတာလဲဆိုတာအောက်ကအချက်တွေကနေပြောပြနေပါလိမ့်မယ်….
(၁) အသစ်အသစ်တွေကိုဖန်တီးယူတယ်
ရူးသွပ်သူတွေဟာ သူတို့ကိုယ်တိုင်ရော တစ်ခြားသူတွေပါ လက်ခံနိုင်မဲ့နည်းလမ်းအသစ်သစ်တွေကို ဖန်တီးယူတက်ကြတယ်။ ဒီလမ်းကသွားရင်တစ်ဖြောင့်တည်းရောက်နိုင်ပင်မဲ့ နောက်လမ်းကသွာရင် ကောဘာလို အခက်အခဲတွေရှိသလဲံဆိုတာကိုသိချင်ကြတာကြောင့်အမြဲလွယ်ကူတဲ့လမ်းကိုချည်းပဲရွေး မနေပဲ အသစ်အသစ်တွေကို ဖန်တီးယူရင်း တစ်ပါးသူတွေကို ပါကိုယ့်ရဲ့ဖန်တီးမှုကိုဝေမျှရင်းအောင်မြင်မှုကို ပိုရရှိတယ်။
(၂) သိပ်မကြောက်တက်ဘူး
တစ်စုံတစ်ခုအပေါ်ရူးသွပ်နေတဲ့သူတစ်ယောက်ဟာ သူသွားမဲ့လမ်းမှာရှိနေတဲ့ အခက်ခဲတွေကိုရင်ဆိုင်ရမှာကြောက်လေ့မရှိကြဘူး။ ရူးသွပ်မှုတစ်ခုထဲနဲ့ပဲ ရှိသမျှသောအခက်ခဲကို ကျော်ဖြတ်ပြီးသွားချင်တဲ့ ပန်းတိုင်ကို ရောက်အောင်သွားတာကြောင့်သာမန် လူတစ်ယောက်ထက်ရူးသွပ်တဲ့သူတစ်ယောက်ဟာလိုချင်တဲ့ပန်းတိုင်ကို အရောက်မြန်ပါတယ်။
(၃) အမှန်ရရှိဖို့အပြင်းအထန်ကြိုးစားကြတယ်
ဘယ်သူကပဲဘယ်လောက်ရူးသွပ်တယ်ရူးနေတယ်ပြောပြော ကိုယ်သိချင်တဲ့ အမှန်တရားတစ်ခုကိုသိရဇို့အတွက် အချိန်ဆိုင်းငံ့မနေကြောက်ရွံ့မနေပဲ ကိုယ်သိချင်တဲ့ အမှန်တရားရဲ့ အဖြေကိုသိရအောင် ကြိုးစားပြီး အဆုံးထိကြိုးစားဖော်ထုတ်တက်ကြပါတယ်။သူတို့ရူးသွပ်မှုရဲ့လှုံ့ဆော်မှုကြောင့် အမှန်တရားကို ရှာဖွေရာမှာသူများထက်ပိုတိကျသေချာတာကြောင့် ပိုပြီး အောင်မြင်ထွန်းကားကြပါတယ်။
(၄) အတန်းအစားအခွဲခြားဘူး
ရူးသွပ်တဲ့သူတွေတော်တော်များများဟာ ကိုယ့်လိုပဲ ရူးသွပ်သူတစ်ယောက်ကို တွေ့ရင် သာမန်လူတွေလို ခွဲခြား မဆက်ဆံတက်ကြပါဘူး။ ရူးသွပ်တဲ့လူတွေပေါင်းစုပြီး အချင်းအချင်းတစ်ယောက် ပညာတစ်ယောက်သင်ယူကြတယ်၊ တစ်ယောက် မသိတာတစ်ယောက်ရှင်းပြကြရင်းပိုပြီး တိုးတက်အောင်မြင်တက်ကြပါတယ်။သာမန်သူတွေကတော့သူတစ်ပါးကို မေးရမှာ အကူညီတောင်းရမှာ ရှက်နေတာကြောင့်ရှေ့ရောက်ဖို့ကြာတက်ပါတယ်။
(၅) ဘောင်အတွင်းမှာပဲမနေတက်ဘူး
ရူးသွပ်တဲ့သူတစ်ယောက်ဟာ လူအများလုပ်နေကျရိုးရိုးလမ်းစဉ်တစ်ခုအတိုင်းပဲသွားနေတာမျိုးမဟုတ်ပဲ ကိုယ့်စိတ်ကူး ကိုယ့်ထင်မြင်ရာလမ်းကြောင်းအတိုင်းအောင်မြင်မှုရရှိအောင် လမ်းသစ်ကို ဖောက်ထွင်းပြီးသွားမှဖြစ်မယ်ဆိုလည်း ကြိုးစားဖောက်ထွင်းသွားတက်သူပါ။ သူများခင်းပေးထားတဲ့လမ်းမှာပဲ follow လေးလိုက်ပြီး အောင်မြင်ဖို့လမ်းစမရှိတဲ့ အလုပ်မျိုးကို မလုပ်တက်ကြပါဘူး။
ကိုယ်ဝါသနာပါရာမှာ တကယ်တမ်းအောင်မြင်ဖို့ဆိုတာကိုယ်ကိုယ်တိုင်ဒီအရာအပေါ်ရူးသွပ်မှုရှိမှရပါမယ်။ သာမန်လေးလုပ်လို့ကတော့သာမန်လောက်ပဲဖြစ်လာမှာပါ။ ကိုယ်ဝါသနာပါရာကိုရူးသွပ်ရင်း အောင်မြင်ကြပါစေလို့ဆုတောင်လိုက်ပါတယ်…

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.