မင်းသားချော Song Seung Hun နဲ့ တရုတ်မင်းသမီး Liu Yifei တို့လမ်းခွဲပြတ်စဲ

နာမည်ကျော်ကိုရီးယားမင်းသားချော Song Seung Hun ဟာ သူ့ရဲ့ ချစ်သူဖြစ်တဲ့တရုတ်မင်းသမီး Liu Yifei နဲ့လမ်းခွဲပြတ်စဲလိုက်ပြီလို့သိရပါတယ်။

တရုတ်နိုင်ငံမီဒီယာတွေရဲ့သတင်းအရ  “Liu Yifei ဟာ သူမဘက်က လမ်းခွဲဖို့ကို အစောကြီးကတည်းဆုံးဖြတ်ထားပြီးသားပါ။ဒါပေမဲ့ သူတို့နှစ်ယောက်က သူတို့ရဲ့ခံစားချက်တွေ ကိုသေချာနားလည်နိုင်ဖို့အချိန်ကာလတစ်ခုယူပြီးမှ အခုလိုလမ်းခွဲတဲ့အကြောင်း ကိုကြေညာခဲ့တာပဲဖြစ်တယ်”လို့ဖော်ပြထားပါတယ်။

မင်းသား Song Seung Hun ရဲ့ အေဂျင်စီကလည်း “သူတို့လမ်းခွဲလိုက်တယ်ဆိုတာ မှန်ပါတယ်။လမ်းခွဲရတဲ့အကြောင်းကတော့သူတို့ရဲ့ ကိုယ်ရေးကိုယ်တာဖြစ်လို့ ကျွန်တော်တို့မသိပါဘူး။သူတို့နှစ်ယောက်လုံးဟာကိုယ်စီအလုပ်တွေရှုပ်နေကြပြီးနားချိန်တောင် မရှိပါဘူး။တစ်ယောက်နဲပတစ်ယောက်တွေ့ဆုံချိန်လည်းမရှိတာကြောင့် အလိုလို လမ်းခွဲပြီးသားဖြစ်သွားတယ်လို့ထင်ပါတယ်”လို့ အတည်ပြုပြောကြားခဲ့ပါတယ်။

မင်းသား Song Seung Hun နဲ့ Liu Yifei တို့ဟာ ၂၀၁၅တုန်းက တရုတ်ကိုရီးယားစပ်ရုပ်ရှင် “The Third Way of Love” ဇာတ်ကားမှာတွေ့ဆုံခဲ့တာဖြစ်ပြီး မကြာခင် ချစ်သူတွေဖြစ်ခဲ့တာဖြစ်ပါတယ်။လက်တွဲလာတာ ၂နှစ်ကျော်နီးပါးရှိပါပြီ။

တရုတ်မင်းသမီး Liu Yifei ဟာ ကာတွန်းဇာတ်ကား Mulan အတွက်ခေါင်းဆောင် မင်းသမီးအဖြစ်ရွေးချယ်ခံခဲ့ရတယ်လို့မကြာသေးခင်ကသိရပါတယ်။ပရိသတ်တွေကတော့ သူတို့နှစ်ယောက်ရဲ့လမ်းခွဲမှုအတွက်စိတ်မကောင်းဖြစ်နေကြပါတယ်။

Source:Allkop

 

 

894 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.