မိန်းကလေးတွေအမြင်ကတ်တဲ့ယောက်ျားဆိုတာ

ကိုယ်သာမိန်းကလေးတစ်ယောက်ဆို ဘယ်လိုယောက်ျားလေးမျိုးကို ကြည့်မရတက်သလဲ။ မိန်းကလေးတော်တော်များများ အမြင်ကတ်တဲ့ကျတဲ့ယောက်ျားလေးပုံစံအများစုက ဘာလိုမျိုးတွေ ဖြစ်နိုင်မလဲ… ကိုယ်မကြိုက်တဲ့ပုံစံနဲ့အောက်ကအချက်တွေနဲ့ကတူသလားဆိုတာကြည့်ကြည့်ရအောင်…
(၁) ကြီးကျယ်တဲ့ယောက်ျား
မိန်းကလေးတော်တော်များများဟာ ကြီးကြီးကျယ်ကျယ်ပြောတက်ပြီး လေလုံးထွားတက်တဲ့ယောက်ျားမျိုးကို မကြိုက်တက်ကြပါဘူး။ အကြွားသန်တယ်ကြီးကျယ်တယ် ဆိုတာ မိန်းကလေးတွေလုပ်ရင်သာ အော်မိန်းမအကျင့်လေဆိုပြီး လက်ခံနိုင်ကြပေမဲ့ယောက်ျားလေးတွေကြီးကျယ်ပြီး လေလုံးထွားရင် မတရား မမြင်ကတ်ဖို့ကောင်းပါတယ်။ ဒါကြောင့်လေလုံးထွားပြီး ဘောင်ဘင်ခတ်တက်တဲ့ ယောက်ျားလေးတွေကို မိန်းကလေးတော်တော်များများကအမြင်ကတ်တက်ပါတယ်။
(၂) ဒေါသကြီးတဲ့ယောက်ျား
ဒေါသကြီးပြီး တစ်ခုခုဆို ကမူးရူးထိုးနဲ့ ရိုက်လိုက်မယ် ထုလိုက်မယ် ဆိုပြီး ဒေါသရှေ့ထားတက်တဲ့ယောက်ျားကို မုနုးတက်ကြပါတယ်။ မိန်းကလေးတော်တော်များများဟာ စိတ်နှလုံးအေးချမ်းတဲ့ယောက်ျားလေးတွေကိုသဘောကျတက်ပြီး ဒေါသစိတ်ကြီးတဲ့သူမျိုးကိုတော့မုန်းတက်ကြပါတယ်။
(၃) အပြစ်ဖို့တက်တဲ့ယောက်ျား
မိန်းကလေးတွေတော်တော်ကို အမြင်ကတ်တက်ကြတဲ့စရိုက်မျိုးထဲမှာပါတဲ့ယောက်ျားဖြစ်ပါတယ်။ တစ်ခုခုဆို ကိုယ့်တာဝန် ကိုယ့်အမှားလို့တာဝန်မယူတက်ပဲ တစ်ပါးသူကို မပြစ်ထိုင်ဖို့တက်တဲ့ ယောကျာ်းမျိုးဖြစ်ပါတယ်။ သူတစ်ပါးကွယ်ရာမှာ အတင်းအဖျင်းစောင်းမြောင်းပြောတက်ပြီး အပြစ်တင်ရှုံ့ချကဲ့ရဲ့တက်တဲ့ယောက်ျားကို ဘယ်မိန်းကလေးကမှအထင်မကြီးတက်ပါဘူး။
(၄) တစ်ကိုယ်ကောင်းသမား
ယောက်ျားလေးတွေဆိုတာ မိန်းကလေးတွေရဲ့အားထားရာဆိုလည်း မမှားပါဘူး ။ အာ့လို အားထားရာယောက်ျားတစ်ယောက်က တစ်ကိုယ်ကောင်းဆန်တဲ့စိတ်ရှိနေမယ်ဆိုရင် ကြည့်ရဆိုးပါတယ်။ တစ်ကိုယ်ကောင်းသမားယောက်ျားလေးတွေကို ဘယ်မိန်းကလေးကမှ ကြည့်မရတက်ကြပါဘူး။
(၅) တဏာရူး (မိန်းမလိုက်စားသူ)
ဘယ်မိန်းကလေးကမှ မကြိုက်တဲ့ယောက်ျားမျိုးပါ တွေ့သမျှမိန်းကလေးကို လိုက်ကြောင်တက်ပြီး တည်ငြိမ်မှုမရှိတဲံပေါ့ပျက်ပျက်ယောက်ျားမျိုး ၊ မိန်းကလေးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို လေးလေးနက်နက် တန်ဖိုးမထားတက်တဲ့ယောက်ျားလေးမျိုးကို အမြင်ကတ်တက်ကြပါတယ်။
(၆) ဦးတည်ချက်မရှိသူ
ဘ၀အတွက်ရည်မှန်းချက် ဦးတည်ချက် မရှိပဲ ယောင်ချာချာနဲ့ ဘ၀မှာ အလေလိုက် အချိန်ဖြုန်းနေတဲ့ယောက်ျားမျိုးကို မိန်းကလေးတွေ အထင်သေးပြီး အမြင်ကတ်တဲ့ကြပါတယ်။
ကိုယ်တိုင်မိန်းကလေးတစ်ယောက်ဆိုရင် ကိုယ်ကရောဘယ်လိုယောက်ျားလေး Type ကို အမြင်ကတ်တက်လဲ….

277 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.