Valentine’s Day ဆိုတာ ချစ်သူ၊ရည်းစားကိုမှ ရည်ညွှန်းတာမဟုတ်ဘဲ သူငယ်ချင်းအချစ်၊ မိဘအချစ်၊ မောင်နှမအချစ် …ရှိရှိသမျှ ချစ်ခြင်းမေတ္တာအားလုံးကို ရည်ညွှန်းတဲ့နေ့ဖြစ်ပါတယ်။ ဒါတွေထက် ဒီလိုနေ့ကို ချစ်သူစုံတွဲတွေက ပိုပြီး အသက်ဝင်အောင်လုပ်ကြတယ်။ ရည်စားမရှိတဲ့လူတွေအတွက်ကတော့ ဒီလိုနေ့ဟာ ထိရှဆုံးပေါ့။ ဒါပေမယ့် ရည်းစားမရှိလို့ အထီးကျန်ဆန်မနေပါနဲ့.. ကုန်ပေါက်တောင် သက်သာသေးတယ်..ဟုတ်တယ်မလား.. ပြီးတော့ ကိုယ့်ချစ်သူကိုဘာပေးရမလဲ…၀ယ်ပေးပြီးရင်တောင် သူကြိုက်ပါ့မလားလို့ ရင်တထိတ်ထိတ်နဲ့ တွေးပြီး ခေါင်းခြောက်ခံနေစရာတော့မလိုဘူး..။ ဒါတွေက Single တွေရဲ့ အားသာချက်ပေါ့။ Rs တွေအတွက်တော့ ခေါင်းစားစရာပဲ..။ တစ်ခါလာလည်း ချစ်သူများနေ့ဆို ချောကလက်၊ ပန်းစည်း၊ အရုပ်…. (blah blah ) သိပ်တော့ မဟုတ်သေးဘူး။ ဒီတော့ ချစ်သူများနေ့ဆိုရင် ချောကလက်ပေးရမယ်ဆိုတဲ့ အစဉ်လာကနေ ဖောက်ထွက်ကြည့်ရအောင်! ဘာတွေလက်ဆောင်ပေးလို့ရမလဲ… တစ်ချက် ထောက်ကြည့်လိုက်ပါဦး.. 😉
ဆွဲကြိုး
သာမန်ဆွဲကြိုးထက် ထူးထူးခြားခြားလေးဖြစ်အောင် လော့ကတ်မှာ ချစ်သူရဲ့နာမည်အစလေးပါတဲ့ ပုံစံမျိုးလေးတွေရွေးချယ်နိုင်ပါတယ်။ ပုံထဲမှာပြထားတဲ့အတိုင်း ရိုးရှင်းပြီးတော့ တစ်မျိုးလေး ဆန်းတယ်။ ချစ်စရာဘူးလေးထဲထည့်ပြီး သူမကို လက်ဆောင်ပေးလိုက်ပါ။ ပျော်သွားပါလိမ့်မယ် ။
အိတ်
အိတ်မကြိုက်တဲ့ မိန်းကလေးတစ်ယောက်မှမရှိဘူး။ ချစ်သူကပေးတာဆို ပိုတောင် တန်ဖိုးထားသေးတယ်။ အိတ်ရွေးချယ်ရာမှာ ကိုယ့်ချစ်သူက ဘယ်လိုအိတ်မျိုးကြိုက်လဲဆိုတာ သေချာသိထားဖို့လိုတယ်။ ကိုယ်က၀ယ်ပေးပြီး သူမကြိုက်ရင် အလကားပဲ။ ပုံပြထားတဲ့ အိတ်မျိုးဆို မိန်းကလေးတိုင်းလိုလိုသဘောကျတယ်။ ဈေးဝယ်ထွက်တဲ့အခါ၊ သူငယ်ချင်းတွေနဲ့ မုန့်ထွက်စားတဲ့အခါ ဒီလိုအိတ်လေးတွေက ပေါ့ပေါ့ပါးပါးရှိတယ်။ အရောင်ကို အနီပုပ် ၊ အနက်နဲ့ အသားရောင်လေးတွေ ရွေးချယ်ပါ။
ကျောပိုးအိတ်
ကျောပိုးအိတ်ကြိုက်တဲ့ မိန်းခေးတွေအတွက် အသင့်တော်ဆုံး ပုံစံလေးပါ။အရမ်းလည်း မကြီိးသလို အရမ်းလည်းမသေးဘူး။ ကိုယ့်ချစ်သူက ယောက်ျားဆန်တဲ့ မိန်းကလေးမျိုးဆို သူကြိုက်မှာပါ။ အရောင်ရွေးတဲ့အခါ ငွေရောင်နဲ့ အနက်ရောင်လေးတွေပဲ ရွေးပေးပါ။
ဖိနပ်
ဒေါက်မြင့် ဖိနပ်ကို မကြိုက်တဲ့မိန်းကလေးရှားတယ်။ သူက၀တ်လိုက်ရင် အလိုလိုစမတ်ကျတာကြောင့် မိန်းကလေးတိုင်းမှာ အနည်းဆုံးတစ်ရံတော့ရှိတယ်။ ဒေါက်က ရွေးမယ်ဆို ကိုယ့်ကောင်မလေးက အမြင့်ဘယ်လောက်စီးတာလဲ.၊ ဘယ်လိုပုံစံလေးတွေ ကြိုက်တတ်လဲဆိုတာ ကြိုသိထားဖို့လိုတယ်။ ကိုယ့်ချစ်သူအသားရေနဲ့ လိုက်ဖက်မယ့် အရောင်မျိုးရွေးပါ။
Boot
Boot လေးတွေ ခေတ်ထလာချိန်မှာ ဒါမျိုးလေးတွေ မြင်တတ်ဖို့လိုတယ်။ဆောင်းရာသီနဲ့ အံ့ကိုက်ဖိနပ်လေးတွေ။ စီးရတာအထာလည်းကျသလို သူ့ရဲ့ဒီဇိုင်းပိုင်းကိုက မိန်းကလေးတိုင်းအကြိုက်တွေ့စေမယ့် ပုံစံကိုဖန်တီးထားတယ်။ စီးရတာ သက်တောင့်သက်သာရှိပြီး နွေးထွေးစေတယ်။ ဒီလောက်ဆို ခေါင်းစားနေတာလေးတွေ နည်းနည်းတော့ လျော့သွားပြီထင်ပါတယ်။