အခုတစ်ခါမှာတော့ ကမ္ဘာအနှံ့က အသည်းယားစရာကောင်းတဲ့၊ အသက်ရှုမှားလောက်စေမယ့် ပလက်ဖောင်းတွေအကြောင်းပြောပြချင်ပါတယ်။နိုင်ငံရပ်ခြားတွေရောက်လို့ ရှုခင်း ကောင်းကောင်းကြည့်ချင်တယ်၊သည်းထိတ်ရင်ဖိုတွေခံစားချင်တယ်ဆိုရင်သွားဖြစ်အောင်သွားခဲ့ဖို့မမေ့နဲ့နော်။
သြစတေးလျနိုင်ငံမှာရှိတဲ့ dachstein sky walk
ပင်လယ်ရေမျက်နှာပြင်အထက် ၂၇၀၀ မျီတာအကွာမှာတည်ဆောက်ထားတာဖြစ်ပြီး ၂၅၀မီတာမြင့်တဲ့ကျောက်ဆောင်ရဲ့ထိပ်စွန်းမှာဆောက်ထားတာပါ။အစွန်းမှာသာမတ်တပ်ရပ်ကြည့်မယ်ဆိုရင် စွန့်စားခန်းတွေလာထားဆိုတဲ့သူတောင် အသည်းတယားယားဖြစ်သွားစေနိုင်ပါတယ်။
နော်ဝေးနိုင်ငံမှာရှိတဲ့ aurland lookout
ဗိသုကာပညာရှင် Todd Saunders နဲ့Tommie Wilhelmsenတို့ဒီဇိုင်းဆွဲထားတဲ့ အသည်းယားစဖွယ်ပလက်ဖောင်းတစ်ခုဖြစ်ပြီး ခရီးသွားတွေကိုဆွဲဆောင်နိုင်တဲ့အလှဆုံးနေရာ တစ်ခုအဖြစ်လည်းပထမဆုရရှိခဲ့ဖူးပါတယ်။အစွန်းမှာမှန်နဲ့ကာထားလို့ပေါ့။မဟုတ်ရင် ကျပြီ…
ယူအက်စ်က grand canyon skywalk
ယူအက်စ်ပြည်နယ်တစ်ခုဖြစ်တဲ့ အရီဇိုးနားမှာ တည်ဆောက်ထားတာပဲဖြစ်ပါတယ်။ ဒီတိုင်းအောက်ကိုငုံ့ကြည့်ရင်တောင်ရင်တုန်နေရတဲ့ ပလက်ဖောင်းက ကျောက်ေ်ဆာင်စွန်းနဲ့ ၆၅ပေတောင်ဝေးပါတယ်။မြေပြင်ကနေ ပေ၄၀၀၀မြင့်တဲ့နေရာမှာတည်ဆောက်ထားတယ် လို့လည်းသိရပါတယ်။နဂိုအတိုင်းအောက်ငုံ့ကြည့်ရတာတောင် အူယားပါတယ်ဆို ၄လက်မထူတဲ့မှန်ပြားတွေနဲ့ခင်းထားတာပါတဲ့။
သြစတေးလျနိုင်ငံက Illawarra Fly Tree Top Walk
စတီးလက်ရန်းတွေ၊စတီးခြေနင်းတွေနဲ့လုပ်ထားတာဖြစ်ပြီးမြေပြင်က ၂၅မီတာအကွာမှာ တည်ဆောက်ထားတာဖြစ်ပါတယ်။ကြောင်လိမ်လှေကားလိုမျိုးလည်းရှိတဲ့အတွက်ခရီးသွားတွေရဲ့စိတ်ဝင်စားမှုအထူးရရှိထားတဲ့နေရာလည်းဖြစ်ပါတယ်။
သြစတေးလျနိုင်ငံက top of tyrol stubai
တစ်ယောက်စာပဲနေရာရှိတဲ့ သြစတေးလျနိုင်ငံက ပလက်ဖောင်းကလည်း ခရီးသွားတွေ အများအပြားလာရောက်ကြတဲ့နေရာလည်းဖြစ်ပါတယ်။ရာသီဥတုဆိုးတဲ့အခါကာကွယ်ဖို့အတွက်လည်းရာသီဥတုဒဏ်ခံနိုင်တဲ့စတီးတွေကိုအသုံးပြုထားတယ်လို့သိရပါတယ်။