အိပ်ပျော်နေတဲ့ကိုယ်ပိုင်အစွမ်းအစတွေကို လှုပ်နိုးလိုက်ရအောင်…

လူတိုင်းမှာ ကိုယ်ပိုင်အရည်အချင်းတစ်ခုစီရှိကြပါတယ်။ဒါပေမဲ့ အဲ့ဒီအရည်အချင်းက ဘာလဲဆိုတာတော့ သေချာသတိမပြုမိကြပါဘူး။ဥပမာ-ကိုယ့်ရဲ့ တကယ့်အရည်အချင်းက သီချင်းဆိုကျွမ်းကျင်တယ်။ဒါပေမဲ့ ဒါကိုသတိမပြုမိပဲ ကိုယ်တတ်မြောက်ထားတဲ့ တခြားအရည်အချင်းတွေနဲ့ပဲ အလုပ်တွေလိုက်ရှာမယ်၊ ဘ၀ကိုအောင်မြင်အောင် လုပ်နေမယ်။အဲ့လိုမျိုးဆိုရင် သင်က ဘ၀မှာအောင်မြင်မှုကိုရမှာအမှန်ပါပဲ၊ဒါပေမဲ့ သင့်ရဲ့ ပင်ကိုယ်အစွမ်းအစကတော့ အမြဲတမ်းပုန်းကွယ်နေတော့မှာပါ။

ကိုယ့်မှာရှိနေတဲ့ပင်ကိုယ်အရည်အချင်းတွေကို အတောင်ပံတပ်ပေးလိုက်မယ်ဆိုရင် သင်က အောင်မြင်တဲ့လူတစ်ယောက်၊ ကိုယ့်တန်ဖိုး ကိုယ်သိတဲ့သူတစ်ယောက်ဖြစ်လာပါလိမ့်မယ်။ ဒါဆိုရင်ပုန်းကွယ်နေတဲ့သင့်ရဲ့ ပင်ကိုယ်အစွမ်းအစတွေကို ဘယ်လိုဖော်ထုတ်ကြမလဲ?

၁။ပထမဆုံးကိုယ်ဘာတွေကျွမ်းကျင်သလဲချရေးပါ။

ကိုယ့်ရဲ့လက်ရှိအချိန်ထိ ကိုယ်ကျွမ်းကျင်တာတွေဘာတွေလဲဆိုတာ ချရေးကြည့်ပါ။ တစ်ခုပဲရှိရှိ၊နှစ်ခုပဲရှိရှိ၊စာထဲမှာချရေးလိုက်တဲ့အခါ ကိုယ့်ရဲ့အရည်အချင်းတွေကဘာတွေရှိနေတာလဲ ဆိုတာပြန်ပြီးဆန်းစစ်မိသွားပါလိမ့်မယ်။

၂။ဘယ်ဟာကိုအကျွမ်းကျင်ဆုံးလဲရှာပါ

ဂစ်တာတီးတတ်တယ်၊အင်္ဂလိပ်စာကျွမ်းတယ်၊ဘာသာစကားအသစ်တွေကျွမ်းကျင်တယ်၊ လူတွေနဲ့ပေါင်းသင်းဆက်ဆံရေးကောင်းတယ်စသဖြင့်ကိုယ်ကျွမ်းကျင်မှုတွေကိုချရေးတဲ့အခါ မြင်ရပါလိ့မ်မယ်။အဲ့ဒီအခါမှာကိုယ်အကျွမ်းကျင်ဆုံးဖြစ်တဲ့အရာကိုရွေးထုတ်လိုက်ပါ။

၃။ဘာလို့အဲ့အရာက တခြားဟာတွေထက်ပိုပြီးကျွမ်းကျင်နေရတာလဲ?

ဥပမာ ကိုယ်ကဂစ်တာတီးတာကိုအကျွမ်းကျင်ဆုံးလို့ထင်တယ်။ ဒါဆိုဘာလို့အဲ့ဒါက အကျွမ်းကျင်ဆုံးဖြစ်နေတာလဲ?ဂစ်တာတီးတဲ့အခါမှာစိတ်ခံစားချက်ကဘယ်လိုလဲ? တခြားကျွမ်းကျင်တယ်ဆိုတဲ့အရာတွေထက် ဂစ်တာတီးတဲ့အခါမှာ ပိုပြီးစိတ်ပါဝင် စားမှုမြင့်နေတာလား?ကိုယ့်ကိုယ်ကိုရော ဒီဂစ်တာတီးတဲ့အရာမှာ တခြားသူတွေထက်ပိုပြီး ဖန်တီးနိုင်စွမ်း၊တီထွင်နိုင်စွမ်းရှိတယ်လို့ထင်လား?သေချာစဉ်းစားကြည့်ပါ။

၎။စဉ်းစားပြီးရင် ပင်ကိုယ်အစွမ်းအစဆိုတာကိုရှာလိုက်ရအောင်

ဘယ်လောက်ပဲကိုယ့်ရဲ့ ပင်ကိုယ်အရည်အချင်းကဘာမှန်းမသိဘူးဆိုဆို၊ စိတ်က အလိုလိုတုံ့ပြန်သိပါတယ်။ကိုယ့်ရဲ့စိတ်ပါဝင်စားမှု၊စိတ်ဓာတ်တက်ကြွမှု၊စိတ်ခံစားချက်တွေ အားလုံးက ကိုယ်အကျွမ်းကျင်ဆုံးဆိုတဲ့အရာဖြစ်အောင် ကူညီလိုက်တာပါပဲ။တကယ်တော့ အလွှာပါးပါးလေးခြားထားသလိုပဲ။သေချာကြည့်မှမြင်နိုင်တာပါ။ကိုယ်က လက်ရှိ အလုပ်ကျွမ်းကျင်လို့ အဲ့ဒါကိုပဲတစိုက်မတ်မတ်လုပ်နေတဲ့အခါ ကိုယ့်ရဲ့ပင်ကိုယ် အရည်အချင်းအစွမ်းအစကလည်းမြှုပ်နေတတ်ပါတယ်။

ကိုယ်က ဂစ်တာတီးတဲ့အခါမှာတခြားအရာတွေထက်ပိုပြီးစိတ်နှစ်လေ့ရှိတယ်၊ ဖန်တီးဖို့ကိုပိုပြီး အားသန်တယ်။အလွယ်ဆုံးပြောရရင် ကိုယ်ကျွမ်းကျင်တဲ့အရာ ၃ခုထဲက ၂ခုကိုစွန့်လွှတ်ရမယ် ဆိုပါတော့။ ကိုယ်နောက်ဆုံးမစွန့်လွှတ်နိုင်တဲ့အရာ၊နောက်ဆုံးအချိန်ထိ ဆုပ်ကိုင်ထား ချင်တဲ့အရာက ကိုယ့်ရဲ့ ပင်ကိုယ်အစွမ်းအစအရည်အချင်း အပြည့်ရှိတဲ့ကျွမ်းကျင်အလုပ်ပါပဲ။ အောင်မြင်နေတဲ့သူတွေကိုလည်းကြည့်လိုက်ပါ။ကိုယ့်ရဲ့ပင်ကိုယ်အရည်အချင်း၊အစွမ်းအစက ဘာလဲဆိုတာသိပြီး အာရုံစိုက်ကြိုးစားလာခဲ့တဲ့သူတွေချည်းပါပဲ။

ကဲ ပုန်းအောင်းနေတဲ့ကိုယ်ပိုင်အစွမ်းအစတွေကိုမြန်မြန်လေးဖော်ထုတ်လိုက်ကြရအောင်…

 

267 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.