ဆိုရှယ်မီဒီယာဟာ အနုပညာရှင်တွေအတွက်တော့ကောင်းကောင်း ပရိုမိုးရှင်းဆင်းပေးနိုင်တဲ့ အရာတစ်ခုပါ။ဒီနေ့ခေတ်မှာဘယ်လိုအနုပညာရှင်ကများ ဖေ့ဘွတ်ခ်၊တွစ်စ်တာ၊အင်စတာဂရမ် မသုံးတာမြင်ဖူးပါသလဲ? သာမန်လူတွေတောင် ဆိုရှယ်မီဒီယာပေါ်မှာနာမည်ကြီးနိုင်မယ့် အခွင့်အရေးတွေရှိနေတဲ့အချိန်မှာ ဒီကိုရီးယားအနုပညာရှင် ၆ယောက်ကတော့ ဆိုရှယ်မီဒီယာနဲ့ အလှမ်းဝေးနေပါတယ်တဲ့။သူတို့က တမင်ကိုမသုံးကြတာပါတဲ့။ဘယ်သူတွေက ဘာလို့မသုံးကြတာလဲ ဆိုတာ ကြည့်လိုက်ရအောင်
၁။Kang Dong Won
“သူ့ရဲ့ ပုံမှန်နေထိုင်မှုပုံစံကိုက ကိုယ်မသိတဲ့လူတွေနဲ့ စကားအများကြီးပြောရတာကို မကြိုက်ပါဘူးတဲ့။လူတိုင်းမှာ မတူညီတဲ့အလေ့အကျင့်တွေ၊ ကိုယ်ရေးကိုယ်တာ ကိစ္စရှိကြတာပါပဲ။ပြီးတော့ ဆိုရှယ်မီဒီယာပေါ်မှာ ကောင်းကောင်းဆက်သွယ်ပြောဆိုနိုင်မလား ၊ကောင်းကောင်းမဆက်ဆံနိုင်ဘူးလားဆိုတာ သူမသိပါဘူးတဲ့။ အဲ့ဒါကြောင့်ဆိုရှယ်မီဒီယာကိုမသုံးတာ”လို့သိရပါတယ်။
၂။Gong Yoo
မင်းသားချော Gong Yoo ကတော့ “တကယ်လို့ဆိုရှယ်မီဒီယာပေါ်မှာမင်းရဲ့ကိုယ်ပိုင်ဘ၀ ကိုဖွင့်ဟလိုက်မယ်ဆိုရင် မင်းအဲ့ဒီကနေတစ်ခုခုပြန်ရတာမျိုးဖြစ်နိုင်ပါတယ်။ဒါပေမဲ့ မင်းဆီမှာရှိတဲ့အရာတစ်ခုလည်းပျောက်ဆုံးသွားပါလိမ့်မယ်။အဲ့ဒါကြောင့်သူ့ရဲ့ ကိုယ်ပိုင်ဘ၀ကိုဖွင့်ဟပြဖို့မကြိုးစားတာပါ”လို့ပြောပြခဲ့ပါတယ်။
၃။Ha Jung Woo
မင်းသား Ha Jung Woo ကတော့ ဆိုရှယ်မီဒီယာကိုသုံးဖို့လိုအပ်တယ်လို့ မခံစားရပါဘူးတဲ့။သူကအသက် ၅၀ပြည့်တုန်းက အကောင့်တစ်ခုဖွင့်ခဲ့ပြီး တစ်ခါပဲ သူ့ရဲ့ဘ၀ကိုဖော်ထုတ်ပြခဲ့ဖူးတယ်လို့သိရပါတယ်။
၎။Song Joong Ki
မိန်းကလေးတွေအသည်းစွဲမင်းသားလေးကလည်းဆိုရှယ်မီဒီယာမသုံးပါဘူးတဲ့။သူက နည်းပညာတွေအသုံးပြုတဲ့နေရာမှာသူကညံ့ပါတယ်။သေချာလည်းမသုံးတတ်ပါဘူး။အဲ့ဒါကြောင့်ဆိုရှယ်မီဒီယာတွေကိုသုံးလေ့မရှိပါဘူးလို့ပြောခဲ့ပါတယ်။
၅။Park Hae Jin
Park Hae Jin ကလည်းနာမည်ကျော်အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ဒီထက်ပိုပြီးနာမည်ကြီးချင်ရင် ဆိုရှယ်မီဒီယာပေါ်က ပရိသတ်တွေနဲ့ဆက်သွယ်ရမယ်ဆိုတာ နားလည်တဲ့လူတစ်ယောက်ပါ။ဒါပေမဲ့ နောက်ဆုံးမှာ အဲ့ဒါဟာ ကောင်းတာထက်ပိုပြီး နာကျင်ဆိုးဝါးမှုတွေဖြစ်လာနိုင်ပါတယ်။ကဲ့ရဲ့ပြစ်တင်ခံရမှုတွေသာဖြစ်စေနိုင်၊ဖန်တီးနိုင်တဲ့ ဆိုရှယ်မီဒီယာက မသုံးဖို့လုံလောက်တဲ့အကြောင်းပြချက်တစ်ခုထက်တောင် ပိုနေသေးတယ်လို့ယုံကြည်ထားသူတစ်ယောက်ဖြစ်ပါတယ်။
၆။Yoo Jae Suk
Running Man စတားအမ်စီတစ်ယောက်ဖြစ်တဲ့ Yoo Jae Suk ကလည်း နာမည်ကျော် အနုပညာရှင်တစ်ယောက်ဖြစ်ပေမဲ့ ဆိုရှယ်မီဒီယာသုံးလေ့မရှိပါဘူး။သူက ဆိုရှယ်မီဒီယာနဲ့ဆိုင်တဲ့ အကောင့်တစ်ခုတောင်မဖွင့်ခဲ့ပါဘူး။ဘာလို့လဲဆိုရင် လူတွေအားလုံးက ဆိုရှယ်မီဒီယာထဲက ပျော်ရွှင်စရာ၊စိတ်လှုပ်ရားစရာတွေကိုပဲလုံးလုံးလျားလျားအာရုံစိုက်လေ့ရှိပါတယ်။သူတို့က တစ်နေ့တာအတွက်လိုအပ်တဲ့ အလုပ်တွေကိုအာရုံမစိုက်နိုင်ကြပါဘူး။အဲ့ဒါကြောင့်သူက သူ့ရဲ့အလုပ်ကိုပဲအာရုံစိုက်ပြီး ဆိုရှယ်မီဒီယာကိုမသုံးတာဖြစ်တယ်လို့သိရပါတယ်။