လူတိုင်းဘ၀မှာ အသက်အန္တရာယ်အခြေအနေမျိုးနဲ့ ကြုံရမှာပါပဲ။ ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေတွေမှာ အန္တရာယ်ကြားကနေ ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်ဖို့အတွက် သိထားသင့်တဲ့အချက်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။
ပါတီ
လူတိုင်း ပါတီသွားဖူးကြပါတယ်။ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး သောက်စားရတယ်ဆိုပေမယ့် ခုခေတ်မှာ အရက်မူးရင် သွေးဆူတဲ့လူတွေကများတော့ လုံခြုံရေးက သတိထားရတော့မယ်။ တကယ်လို့အရေးကြုံလာရင် ဒီအချက်တွေမှတ်ထားပါ…
– တစ်ခုခုအရေးကြုံရင် သင့်မိသားစု (သို့) သူငယ်ချင်းတွေကို တိုက်ရိုက်အသိပေးနိုင်မယ့် App တစ်ခု ဖုန်းထဲမှာ ထည့်ထားပါ။
– သောက်မယ်ဆို အထဲမှာဘာတွေပါလဲ သေချာကြည့်ပါ…လူတွေက အထဲမှာဘာတွေရောထားလဲ သင်သိမှာမဟုတ်ဘူး။
– တစ်နေရာရာသွားတော့မယ်ဆို ကိုယ်သွားမယ့်နေရာအတိကျကို တစ်ယောက်ယောက်အား အသိပေးခဲ့ပါ။
– ပြန်တဲ့အခါ တစ်ယောက်တည်းဖြစ်နေရင် သတိကြီးစွာပြန်ပါ. စပရေးဘူးဆောင်ထားပါ။
ကားစီးရင်
ကားစီးရင် ခါးပတ်ပတ်ထားဖို့ လူတိုင်းသတိပေးကြတယ်။ ဒါပေမယ့် ကားမောင်းပြီဆို သိထားသင့်တဲ့ သတိထားစရာအချက်လေးတွေရှိတယ်။
– ဓာတ်ဆီအမြဲတမ်းဖြည့်ထားပါ။
– နေရာလွတ်တွေ့တိုင်း ရမ်းပြီး ကားပါကင်မထိုးပါနဲ့
– ကားထဲကထွက်ပြီဆို ပြတင်းပေါက်တွေအကုန်ပိတ်ပြီး တံခါးလော့ချပါ။
– အနောက်ကနေ ကားတစ်စီးလိုက်လာနေတယ်ဆိုရင် နီးစပ်ရာ ဆိုင်တစ်ဆိုင်၊(သို့) ဂတ်စ်ဆိုင်ကို မောင်းပါ။ အနောက်ကလိုက်လာတဲ့ကား ရှောင်ပြေးသွားပါလိမ့်မယ်။
– ကားမတော်တဆဖြစ်လို့ အပြင်းထန်ဒဏ်ရာမရရင်အရေးပေါ်ဆေးရုံကားခေါ်ပါ။ အာမခံ ကုမ္ပဏီကိုဖုန်းဆက်ပါ။ ပြီးမှ ကားထဲစိတ်အေးအေးထားပြီးနေပါ။
တစ်ယောက်တည်းလမ်းလျှောက်ချိန်
အိမ်ကိုတစ်ယောက်တည်း လမ်းလျှောက်ပြန်တဲ့အခါ
– လူများတဲ့နေရာ၊ ဆိုင်တွေဖွင့်ထားတဲ့ဘက်ကနေ ပြန်ပါ
– တစ်ယောက်ယောက်အနောက်ကလိုက်လာတယ်လို့ စိတ်ထဲထင်ရင် ကိုယ့်ကိုယ်
ကိုယ်ကာကွယ်နိုင်အောင် ပစ္စည်းတစ်ခုခုဆောင်ထားပါ။
– ဖုန်းနဲ့ချက်ချင်း အရေးပေါ်ဆက်သွယ်လို့ရမယ့်နံပါတ်အဆင်သင့်ရှိပါစေ..
– အတိုက်ခိုက်ခံရရင် အသံကုန်အော်ပါ..။အော်ပစ်လိုက်ခြင်းက တိုက်ခိုက်သူ
ကိုကြောက်လန့်စေပါတယ်။ ကိုယ်လည်းပြန်တိုက်ခိုက်နိုင်ပါတယ်..
သူ့ရဲ့မျက်လုံး၊ လည်ပင်းနဲ့ ပေါင်ကြားကို နာကျင်အောင်လုပ်ပါ။ လက်သည်းရှိရင်မျက်နှာကို ကုပ်ဖဲ့လို့ရတယ်။ ။
– ပြန်လည်တိုက်ခိုက်နိုင်အောင် သင်တန်းတက်ထားတာပိုကောင်းပါတယ်။
အင်တာနက် ဒိတ်
အင်တာနက်ကနေ ချစ်ကြိုက်ပြီး ဒိတ်တော့မယ်ဆိုရင် တစ်ခုသတိထားရမှာက
နှစ်ဦးနှစ်ဖက်လုံးရဲ့အချက်လက်တွေက မှန်ကန်နေလားဆိုတာ သေချာသိနိုင်ဖို့
လိုပါတယ်။ အခုခေတ်မှာ အင်တာနက်ကကြိုက်မိလို့ အပြင်မှာချိန်းတွေ့ရင်း
ဘ၀ပျက်သွားသူတွေ၊ အလိမ်ခံရသူတွေ၊ အသတ်ခံရသူတွေ တစ်ပုံကြီးပဲဆိုတာ
အားလုံးလည်း သိလောက်မှာပါ။ ဒါကြောင့် ဒီလိုဒိတ်လုပ်ခြင်းက အရမ်းတော့
စွန့်စားလွန်းရာရောက်တယ်။ တစ်ယောက်နဲ့တစ်ယောက်အပြင်မှာတွေ့ပြီး
ကြိုက်လို့၊ နောက်တစ်ခေါက်ထပ်ချိန်းတွေ့ကြတာက ပြဿနာမဟုတ်ပါဘူး။
တကယ်လို့ ချိန်းတွေ့ချင်တယ်ဆိုရင် ဒီအချက်လေးတွေတော့ မှတ်ထားပါ။
လူများတဲ့နေရာရွေးပါ ၊ ကိုယ်သွားမယ့်နေရာတွေ မိသားစုနဲ့ သူငယ်ချင်းတွေ
သိပါစေ၊ ညဘက်အချိန်ခါ မချိန်းပါနဲ့။ ညနေပိုင်းချိန်းထားမိတယ်ဆိုရင်လည်း
တတ်နိုင်သလောက် စောစောပြန်လာပါ။ အန္တရာယ်ကင်းပါစေ။
ဖုန်းခိုးခံရရင်
အခုခေတ်ဖုန်းတွေက အရမ်းစမတ်ကျလွန်းလို့ တစ်ယောက်ယောက်က ကိုယ့်ဖုန်းကို ဟိုဝင် ၊ ဒီထွက်လုပ်လိုက်တာနဲ့တင် ကိုယ့်အကြောင်း တစ်စိတ်တစ်ဒေသတော့သိသွားမှာပဲ။ ဖုန်းအခိုးခံရပြီဆို ကာကွယ်ထားသင့်အရာတွေက-
– password အပြင် အခြား Locking systemတွေနဲ့ ဖုန်းကိုကာကွယ်ထားပါ။
– ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကိုလည်း Lock ခံပါ။
– တစ်ခုခုအရေးကြီးတဲ့အချက်တွေကို ဖုန်းထဲမှာ မသိမ်းထားပါနဲ့။
– အိုင်ဖုန်းမှာဆို ကိုယ့်ဖုန်းခိုးခံရရင် ခြေရာခံစနစ်တွေပါတော့ အဆင်ပြေ
တယ်။ Android ဆို ခြေရာခံ App ကို ဖုန်းထဲထည့်ထားပါ။ ဒါဆို ကိုယ့်ဖုန်း
ဘယ်ရောက်နေလဲ ကြည့်ရတယ်။