မန်ယူအသင်းနည်းပြ ဒေးဗစ်မိုရက်စ်ဟာ စနေနေ့ က နယူးကာဆယ်အသင်းကို အိမ်ကွင်း အိုးထရက်ဖို့ ဒ်မှာ ရှုံးနိမ်ခဲ့တဲ့ပွဲအပြီးမှာ မန်ယူအသင်းဟာ ပရီးမီးယားလိဂ်ဖလားကို အရယူနိုင်သေးကြောင်းပြောကြားလိုက်ပါ တယ်။ အခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၁၅ ပွဲမှာ ၅ပွဲ ရှုံးနိမ့်ထားတဲ့ လက်ရှိချန်ပီယံတို့ ဟာ အဆင့်ကိုးနေရာ ကိုရောက်ရှိနေပြီး ဇယားထိပ်ဆုံးက အာဆင်နယ်အသင်းနဲ့ ၁၃ မှတ်တိတိ ကွာဟနေပါတယ်။ ဆာအဲလက်စ် ဖာဂူဆန် ထွက်ခွာသွားပြီးနောက် မန်ယူအသင်းကို ကိုင်တွယ်ခဲ့တဲ့ မိုရက်စ်ဟာ အသင်းကို ဒီရာသီမှာ ရလဒ်ကောင်းအောင် မစွမ်းဆောင်ပေးနိုင်ခဲ့တဲ့အတွက် မန်ယူပရိတ်သတ်တွေရဲ့ စိတ်ပျက်ခြင်းကို ခံနေရပါတယ်။
“ ကျွန်တော်မန်ယူအသင်းကို ပြောင်းလဲပစ်ခဲ့တာမဟုတ်ပါဘူး၊ ကျွန်တော်လူတစ်ယောက်ပဲဝယ်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော် အသင်းကို ကြီးကြီးမားမား ဆိုးဝါးပြောင်းလဲစေခဲ့တယ်လို့ မထင်ပါဘူး၊ ခင်ဗျားတို့ သိထားသင့်တာက ကျန်တဲ့ကစားသမားတွေဟာ မနှစ်က ပရီးမီးယားလိဂ်ချန်ပီယံဆုကို သိမ်းပိုက်ခဲ့တဲ့ လူတွေဖြစ်ပါတယ်။” လို့  သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။
တနင်္ဂနွေနေ့ ပွဲစဉ်တွေမှာ လက်ရှိဇယားထိပ်ဆုံးက အာဆင်နယ်အသင်းက အိမ်ကွင်းမှာ အဲဗာတန် အသင်းကို သရေကျခဲ့ပြီး ဖူလ်ဟမ်အသင်းက အက်စတွန်ဗီလာအသင်းကို ၂ – ၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။